Tuesday, April 22, 2014

သီလ၀ါဇုန် ရင်းနှီးမြှုပ်နှံရန် အဆိုပြုရာတွင် အထည်ချုပ် အများဆုံးဖြစ်

Photo: သီလ၀ါဇုန် ရင်းနှီးမြှုပ်နှံရန် အဆိုပြုရာတွင် အထည်ချုပ် အများဆုံးဖြစ်
Monday, April 21, 2014

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတဲ့ ကုမ္ပဏီတွေ အနက် ၆၀ ရာခိုင်နှုန်းဟာ အထည်ချုပ်စက်ရုံ တည်ထောင်မယ့် လုပ်ငန်းတွေ ဖြစ်တယ်လို့ သီလ၀ါ အထူးဇုန် အများပိုင်ကုမ္ပဏီ တာဝန်ရှိသူလည်းဖြစ် UMFCCI အဖွဲ့ဝင်လည်း ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကျန်ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားသူတွေကတော့ အီလက်ထရောနစ်လုပ်ငန်း ၁၅ ရာခိုင်နှုန်း၊ ကားနဲ့ အပိုပစ္စည်း ထုတ်လုပ်မယ့် စက်ရုံနဲ့ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်မယ့်သူတွေက ၁၀ရာခိုင်နှုန်းစီနဲ့ ကျန် လုပ်ငန်းတွေကတော့ ၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် မြေ ဟက်တာ ၄၀၀ နီးပါးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ခေါ်ယူနေတာ ဖြစ်ပြီး အထည်ချုပ်လို လုပ်သားအင်အား များတဲ့ စက်ရုံတွေသာ ရင်းနှီးမြှုပ်နှံလာခဲ့ရင် စက်မှုဇုန်တခုလုံးမှာ အလုပ်သမား သိန်းနဲ့ချီ အလုပ်ပေး နိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

DVB

သီလ၀ါ အထူးစီးပွားရေးဇုန်

Credit: DVB

0 comments:

Post a Comment