Tuesday, February 14, 2017

ဘတ်ဂျက် ခွဲတန်း အသုံးချမှု

ဘတ်ဂျက်မှုဝါဒဟာ တိုင်းပြည်တစ်ပြည်အတွက် အရမ်းကိုအရေးကြီးပါတယ်။ အစိုးရဟာ အခန်းဏ္ဍအားလုံးကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ အသုံးစာရင်းမှုဝါဒကို သေသေချာချာဖန်တီးဖို့လိုပါတယ်။

ဒါပေမဲ့ဘတ်ဂျက်ခွဲတမ်းချမှုဟာမြန်မာနိုင်ငံလို လိုတာထက်ပိုလျော့နေတဲ့နိုင်ငံအတွက်တော့ခေါင်းကိုက်စရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းလည်းလာတဲ့၂၀၁၀ ခုနှစ်မှစပြီး လူတော်တော်များများဟာ ဘက်ဂျက်ခွဲတမ်းချမှုအပေါ်မှာ စိတ်ဝင်စားမှုစတင်လာခဲ့ပါတယ်။

ပြည်သူတွေကလည်း အသုံးစာရင်းနဲ့ ငွေတွေဘယ်လိုသုံးနေလဲဆိုတာကို ဝေဖန်တတ်နေပါသည်။ အရင်တုန်းကဆို ကာကွယ်ရေးစစ်အသုံးစရိတ်နဲ့ ပညာရေး၊စီးပွားရေးတို့အပေါ်မှာ ဘတ်ဂျက်ခွဲတမ်းချမှုက တော်တော်ကြီးကြီးမားမားကွဲပြားမှုရှိပါတယ်။

လွှတ်တော်က ဘတ်ဂျက်ကဏ္ဍကိုမေးခွန်းထုတ်တဲ့အချိန်မှာတော့ မှုဝါဒတွေဟာ တချို့ဌာနေတွေမှာ ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့ပါတယ်။ လူအများကတော့ အစိုးရဲ့ ဌာနတစ်ခုချင်းစီမှာသုံးတဲ့ နှစ်စဉ်အသုံးစာရင်း ဟာ ဘဝင်ကျစရာဖြစ်လာမှာမဟုတ်ကြောင်းနဲ့ ပြောင်းလဲမှုကြီးကြီးမားမားတော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြတယ်။

ဇန်နဝါရီလပုံမှန်လွှတ်တော်အစည်းအဝေးမှာတော့ ကာကွယ်ရေးနဲ့ ပညာရေးဝန်ကြီးဌာနတို့ဟာ ၂၀၁၇-၂၀၁၈ အတွက် သူတို့ရဲ့ ဘတ်ဂျက်တွေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ယမန်နှစ်က အသုံးစရိတ်ထက်တော့ နည်းတဲ့ မြန်မာကျပ်ငွေသန်းပေါင်း နှစ်ထောင့်ကိုးရာ ကို တောင်းဆိုခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးတောင်းဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျပ်ငွေ ၇၃ သန်းရရှိဖို့မျှော်လင့်ပြီး အသုံးစရိတ်ကိုတော့ ကျပ်ငွေသန်းပေါင်း နှစ်ထောင့်ကိုးရာ သုံးစွဲဖို့ မျှော်လင့်ထားပါတယ်။ အများအသုံးစရိတ်ကုန်ကျမှုအတွက် ကျပ်ငွေသန်းပေါင်း ၁၆၅၄ သန်း၊ လစာအတွက် ကျပ်ငွေ သန်းပေါင်း ၇၄၄ သန်း၊ သန်းပေါင်း ၄၃၂ သန်းအား စက်လက်နက်အသုံးစရိတ်၊ ကျပ်ငွေသန်းပေါင်း ၁၆ သန်းအား လမ်းစရိတ်၊ ကျပ်ငွေသန်းပေါင်း ၈၀ အား အင်ဂျင်နီယာပစ္စည်းအသုံးစရိတ်၊ ကျပ်ငွေသန်းပေါင်း ၁၇၈ သန်းအား အထွေထွေအသုံးစရိတ်၊ ကျပ်ငွေသန်းပေါင်း ၄.၂ သန်းအား စစ်ဆင်ရေး၊ ကျပ်ငွေသန်းပေါင်း ၁၉၄ သန်းအား စစ်စက်ရုံများအသုံးစရိတ် နဲ့ ကျပ်ငွေသန်းပေါင်း ၄.၆ သန်းအား စစ်အကြွေးပေးမှု အသုံးစရိတ်ဟု ဒုတိယအဆင့်ကာကွယ်ရေးဝန်ကြီးချူပ်မြင့်ဆွေကပြောပါတယ်။
ပညာရေးဝန်ကြီးဌာနဟာ ကျပ်ငွေသန်းပေါင်း တစ်ထောင်ကျော်အား ၂၀၁၇-၂၀၁၈ အတွက် အဆိုတင်သွင်းထားပြီးတော့ ဝင်ငွေအနေနဲ့ ကျပ်ငွေသန်း ၂၄၀ ကို နိုင်ငံခြား ကူညီထောက်ပံ့မှု၊ သန်း ၄၂၀ ကို ပြည်ပ အကြွေးချေးငွေကနေဝင်မယ်လို့ ပညာရေး ဝန်ကြီးဌာနကပြောဆိုထားပါတယ်. ကျန်းမာရေးနဲ့ ပညာရေး အခန်းကဏ္ဍတွေမှာ ဘတ်ဂျက်ပိုမိုသုံးစွဲဖို့အရမ်းအရေးကြီးပါတယ်။ ဒါဆိုရင် ဘတ်ဂျက်ပိုမိုသုံးစွဲမှုဟာ ပြည်သူများအတွက် ရေတိုရော ရေရှည်မှာပါ အသုံးဝင်မှာပါ။ Eleven သတင်းဌာနအနေဖြင့် လေးစားဖွယ်ကောင်းသော အာဏာပိုင်များအား မြန်မာနိုင်ငံအနေနဲ့ ငွေတွေကို အကတိအကြောင်းကိစ္စရပ်တွေမှာ ငွေဖြုန်းတီးမှုမတတ်နိုင်တဲ့အတွက် ဘတ်ဂျက်အသုံးစရိတ်ကိုပိုမိုပြီးအလေးထားဆောင်ရွက်စေကြောင်းရေးသားတင်ပြလိုက်ပါသည်။
Credit: Eleven Media Group English version

0 comments:

Post a Comment