Thursday, March 02, 2017

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်

Image may contain: 1 person, sitting, table and indoor
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် မယ်တောင်တိုက်နယ် ဖထောင်းရပ်ရှိ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ လုပ်ငန်း ခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ကစတင်ကာ (၂)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
 Image may contain: 1 person, standing
အဆိုပါ သင်တန်းကို မယ်တောင်တိုက်နယ်အတွင်းမှာရှိတဲ့ စက်ရုံအလုပ်သမားအများစုပါဝင်ပြီး တောင်ယာစိုက် ပျိုးရေးလုပ်သားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ စုစုပေါင်း (၂၇)ယောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး သင်တန်းပရိုဂရမ်မန်နေဂျာ ကိုမျိုးက “ ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ မဲဆောက် ဒေသတွင်းမှာ အခြားအလုပ်သမားအခွင့်အရေး၊ လူအခွင့်အရေး သင်တန်းတွေပေးလာခဲ့တာကြာပါပြီ၊
အခုလည်း ဒေသတွင်းအလုပ်သမားတွေလိုအပ်ချက်အရပေါ့လေ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွေကို မဲဆောက်ဒေသတွင်းမှာ ပြီးခဲ့တဲ့နှစ်က တကြိမ် အခုတကြိမ်ပါဆို (၂)ကြိမ်ရှိ ပါပြီ၊ ကျနော်တို့ ဒီသင်တန်းပြုလုပ်ရတာဟာဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိ လုပ်ကိုင် နေတဲ့ လုပ်ငန်းခွင်အတွင်းမှာ အန္တရာယ်တစုံတရာမကျရောက်စေဖို့နဲ့ ရေရှည်လာတဲ့အခါမှာ မိမိအလုပ်ကြောင့် ရောဂါဘယတွေမဖြစ်ရ မခံစားရလေအောင် လုပ်ငန်းခွင်အတွင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ် ကိုင်နိုင် စေဖို့ရည်ရွယ်ပြီး ဒီလုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေကို မြန်မာ ရွှေ့ပြောင်း စက်ရုံအလုပ်သမားတွေကြား လိုက်လံပေးနေတာဖြစ်ပါတယ်။”လို့ပြောပါတယ်။

ဒီသင်တန်းမှာ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက် အန္တရာယ်ကျရောက် စေနိုင်တဲ့အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် အန္တရာယ်ရှိစေနိုင်တဲ့ အခြေအနေတွေကို လှုပ်ရှားမှုတွေ ဥပမာပြ ဇာတ်လမ်းတွေ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဗွီဒီယိုကလစ်တွေကိုပြသပြီး သင်တန်း ကို ဦးဆောင်ဆွေးနွေးသူတွေက မေးခွန်တွေ တကယ့်အဖြစ်အပျက် ထိခိုက်ဒဏ်ရာရရှိမှုတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ လုပ်ငန်းခွင်အလိုက် အသုံးပြုရမယ့် အကာအကွယ်ပစ္စည်းတွေ အကြောင်းနဲ့ အဲဒီလို အကာအကွယ်ပစ္စည်းတွေကို လုပ်ငန်းရှင်ထံမှာ တောင်းဆိုခွင့်ရှိပြီး အကာအကွယ် ပစ္စည်းတွေ ကိုလည်း အလုပ်သမားတွေကိုယ်တိုင် ကျန်းမာရေး အန္တရာယ်ကျရောက်စေမှုကနေ ကာကွယ်တယ်ဆိုတဲ့ အသိနဲ့ တကယ့်လက်တွေ့ဘ၀လုပ်ငန်းခွင်တွေမှာ စနစ်တကျအသုံးပြုတတ်စေဖို့ အလုပ်သမားတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး အသိပညာပေးခဲ့တဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းရောက်သူ အထည်ချုပ်စက်ရုံအလုပ်သမတဦးကတော့ “ ကျမတို့ စက်ရုံအလုပ်ရုံတွေဟာ အလုပ် သမားဦးရေးအလိုက် အကျယ်အ၀န်း လေ၀င်လေထွက် အလင်ရောင်ကောင်းမွန်ဖို့၊ သောက်သုံးရေးသန့်ရှင်းမှု၊ အများသုံးအိမ်သာသန့်ရှင်းမှုတွေကအစ ကျန်းမာရေးအတွက်အရေးကြီးကြောင်းနဲ့ ကျမတို့ကိုယ်တိုင် သတိမထားမိတဲ့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ် အသုံးပြုနေတဲ့ ပစ္စည်းတွေကနေ အလုပ်သမားတွေကို ကျန်းမာရေး အန္တရာယ်တဖြည်းဖြည်းကျရောက် စေနိုင်တဲ့အခြေအနေတွေကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို သိရလို့ တကယ်တန်ဖိုးရှိတဲ့သင် တန်းပါလို့” ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအနေနဲ့ မဲဆောက်ဒေသတွင်းက စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သင်တန်းတကြိမ်မှာ (၂၅)ဦးတက်ရောက်ခွင့်ပြုကာ လုပ်ငန်းခွင်ဘေး ကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေပေးဖို့ အစီအစဉ်တွေရှိနေသေးကြောင်း တာဝန်ရှိ သူတွေ ကပြောကြားကြောင်းပါခင်ဗျာ။

0 comments:

Post a Comment