Friday, March 03, 2017

ပန်းရောင်ကဒ်ကိုင်ဆောင်ထားတေဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများဟာ ပွဲစားများကို မိမိနိုင်ငံမှ အထောက်အထားအတွက် ဘတ် ၇၀၀၀ ခန့်ပေးနေရ

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်ကတော့ “ ဥပဒေကိုလိုက်နာတဲ့ စက်ရုံအကြီးကြီးတွေကတော့ အလုပ်သမားတွေအပေါ်မှာ အမြတ်ထုတ်ခြင်းမရှိပေမဲ့ စက်ရုံသေးသေးလေးတွေကတော့အမြတ်ထုတ်နေကြပါတယ်။ အခုဆိုရင် ပွဲစားနဲ့ စက်ရုံတာဝန်ရှိသူတို့ဟာ CI အတွက် ဘတ်ငွေ ၆၀၀၀ နဲက ၇၀၀၀ ကြားအလုပ်သမားတွေကို ကောက်ခံနေကြပါတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်က မြန်မာတိုင်း(မ်) ကိုပြောကြားခဲ့ပါတယ်။

 “ပန်းရောင်ကဒ် နဲ့ အခြားယာယီအထောက်အထား ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများဟာ CI ကိုကူးပြောင်းတော့မယ်ဆိုရင် CI ကိစ္စ အလုံးစုံအတွက် ပွဲစားတွေကို မဖြစ်မနေ အသုံးပြုနေရသည်” ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့ ကပြောပါတယ်။

ဦးအောင်ကျော်ကတော့ မြောက်မြားစွာသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဟာ CI လျှောက်လွှာ လုပ်ထုံးလုပ်စဉ်အတွက် ပွဲစားနှင့် စက်ရုံ တာဝန်ရှိသူတွေကို ဘတ်ငွေ ၆၀၀၀ နဲ့ ၇၀၀၀ ကြားကို ဝန်ဆောင်ခအနေနှင့်ပေးဆောင်ဖို့ တွေ့ရှိနေတယ်လို့ ပြောပါတယ်။

 “မြန်မာ အလုပ်သမားများဟာ သူတို့မှာ CI ရှိပြီဆိုရင် မိမိအလိုရှိသော နေရာနှင့် နေရပ်ဌာနီကို လွတ်လပ်စွားသွားနိုင်တာကို သိရှိထားတယ်။ ဒါကြောင့် သူတို့ဟာ CI ကို အလိုရှိနေပါတယ်။ အလုပ်သမားတွေအကြောင်းကိုသိရှိထားတဲ့ ပွဲစားတွေဟာ အလုပ်သမားတွေကို စက်ရုံ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး အမြတ်ထုတ်နေတယ်” လို့ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာအစိုးရဟာ ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် မတ်လ ၃ ရက်နေ့မှာ CI လုပ်ဆောင်ပေးသော ဌာနတွေမှာ CI လုပ်ဖို့ ထုတ်ပြန်ခဲ့ပြီး တော့ CI အတွက်လျှောက်လွှာစ၇ိတ်ကတော့ ဘတ်ငွေ ၃၀၀ ဖြစ်ပါတယ်။

ထို့အပြင်မြန်မာအစိုးရဟာ ငွေကုန်ကြေးကျပိုမိုများပြားမှုကိုရှောင်ရှားစေခြင်းအလို့ဌာ CI အတွက် ပွဲစားများကို အသုံးမပြုဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒါပေမဲ့ ဦးအောင်ကျော်ကတော့ CI လျှောက်လွှာရဲ့လုပ်ရိုးလုပ်စဉ်ကတော့ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရှုပ်ထွေးလျက်ရှိနေသောကြောင့် သူတို့အနေနဲ့ပွဲစားများကို အသုံးပြုနေရတာဖြစ်တယ်ဟု ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အိမ်ပြန်ချင်ချင်ရင် ပြန်နိုင်ဖို့ CI ကို လုပ်ချင်ကြတယ်။ ဒါပေမဲ့ CI ရဖို့ အလုပ်သမားတွေ့အတွက်မလွယ်ကူဘူး။ အလုပ်ရှင်ရဲ့  အချက်အလတ်တွေလိုတယ်။ ပြီးတော့ ပွဲစားတွေရဲ့ အကူအညီတွေလည်းလိုပါတယ် လို့ အထည်ချူပ်စက်ရုံမှာ အလုပ်လုပ်နေသော ရွှေပြောင်းအလုပ်သမားတစ်ဦးက မြန်မာတိုင်း(မ်) ကိုပြောပါတယ်။

ထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာ အလုပ်သမားတွေဟာ CI အတွက်နှစ်ဆပေးနေရတယ် ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေဟာ ပတ်စပို့စ်လည်းလျှောက်ရအုံးမယ်ဖြစ်သည် ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားကို CI ထပ်ပိုပြီး အသုံးဝင်သော ယာယီပတ်စပိုစ့်များကို လုပ်ဆောင်ဖို့ထုတ်ပြန်သင့်ကြောင့်လည်း သူတို့က ထပ်ပြောကြားသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း လေးသန်းနီးပါးခန့်ရှိပြီး ၁.၇ သန်းဟာ မြန်မာအစိုးရလုပ်ဆောင်ပေးသော ယာယီပတ်စပိုစ့်များကို ကိုင်ဆောင်ထားပြီးတော့ အလုပ်သမားရှိ ၈သိန်းကတော့ ထိုင်းအစိုးရ လုပ်ဆောင်ပေးသော ပန်းရောင်ကဒ်များကိုင်ဆောင်ထားသည်ဟု ခန့်မှန်းခြေအရ သိရှိရပါတယ်။

ပန်းရောင်ကဒ်ဟာ ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ေ၇ာက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအား ကန့်သတ်ထားသောဒေသတွေမှာ နေဖို့နဲ့ အလုပ်လုပ်ရန်ထုတ်ထားပေးတာဖြစ်ပါတယ်။ သို့သော်လည်း မြို့နယ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘူးဆိုရင် ကန့်သတ်ထားသောနယ်မြေတွေကိုကျော်လွန်ပြီး လုပ်ဆောင်မှုများကို ထိန်းချူပ်ထားပါတယ်။

Ref: Myanmar Times

0 comments:

Post a Comment