ရောင်ခြည်ဦး ( ရွှေ့ပြောင်းဆေးခန်း )
၂၀၀၀ ခုနှစ် မဲဆောက်တွင် စက်ရုံများကို မကြာခဏ ထိုင်းရဲမှ ဝင်ရောက်ဖမ်းဆီးသဖြင့် အလုပ်သမားများ စက်ရုံနှင့် နီးစပ်ရာလယ်ကွင်းများ တောများ ထဲတွင် မကြာခဏ သွားရောက် ပုန်းရှောင်နေကြရသည်။
တခါတရံ ဖမ်းဆီးမှုမှာ ၃ ရက်မှ ၁ ပတ်ခန့်ကြာသည်။ ထိုအတောအတွင်း အလုပ်သမားများ ဖျားနာမှုများ ဖြစ်ပေါ်လာသဖြင့် ကိုမိုးဆွေမှ စေတနာ့ဝန်ထမ်းဆေးမှူးများကို စုစည်းပြီး ဆေးများအလှူခံကာ အလုပ်သမားများ ပုန်းရှောင်နေရသော နေရာများသို့ လိုက်လံသွားရောက်၍ အခမဲ့ ဆေးကုသပေးခဲ့သည်။ အထူးသဖြင့် ဘန့်ဆောင်းခွဲ စက်ရုံအနီး တောများထဲတွင် မကြာခဏ သွားရောက်ဆေးကုသပေးခဲ့သည်။နောက်ပိုင်းတွင် အလုပ်သမားများမှ ၄င်းတို့ စက်ရုံအနီးတွင် ဆေးခန်းဖွင့်ရန် အကြိမ်ကြိမ်တောင်းဆိုလာသဖြင့် ဘန့်ဆောင်ကွင်းစက်ရုံအနီးတွင် အခန်းငယ်တခန်း ငှားရမ်းကာ ဒေါက်တာခင်စိန်နှင့် ဆေးမှူးစောသန်းမြင့်တို့ဖြင့် အောက်တိုလ ၂၀၀၁ တွင် ဆေးခန်းငယ်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ အောက်တိုဘာလမှ ၂၀၀၂ ဂျူလိုင်လအထိ အလုပ်သမားများ၏ ထည့်ဝင်ငွေ၊ နိုင်ငံရေးအင်အားစုများ၏ ထည့်ဝင်ငွေနှင့် တသီးပုဂ္ဂလ မိတ်ဆွေများ၏ ထည့်ဝင်ငွေများဖြင့် ထိုဆေးခန်းကို ချို့ချို့တဲ့တဲ့လည်ပတ်ခဲ့ရသည်။ ၂၀၀၂ ဇူလိုင်လ မှ ၂၀၀၄ဒီဇင်ဘာအထိ အိုင်အာစီအဖွဲ့ ထောက်ပံမှုဖြင့် ဆရာဝန် ဒေါက်တာခင်စိန်၊ ဆေးမှူးမြင့်စိုးနိုင်၊ ရဲဘော်ဖောရှော၊ ဆေးမှူးအကူမခိုင်တို့ဖြင့် ပုံမှန်လည်ပတ်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းတွင် အေစီအာစက်ရုံအနီးတွင် ဆေးခန်းတခုကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၁ အောက်တိုဘာလမှ ၂၀၀၄ ဒီဇင်ဘာအတွင်း အလုပ်သမားလူနာခန့်မှန်းခြေ တနှစ်လျှင် ဆေးခန်းသို့ လာရောက်ပြသသူ လူနာပေါင်း ၅ထောင်ကျော်နှင့် သွားလာရေးခက်ခဲသည့်နေရာများ၊ စက်ရုံများသို့ နယ်လှည့်ကုသရသည့် လူနာ ၂၀၀၀ ကျော်ရှိခဲ့ပါသည်။
၂၀၀၅
မှ ၂၀၀၈ ခုနှစ်အတွင်း အခက်အခဲများကြောင့် ရွှေ့ပြောင်းဆေးခန်းကို ခေတ္တရပ်ဆိုင်းထားခဲ့ရသည်။
၂၀၀၈ ခုနှစ် အောက်တိုဘာလမှစ၍ ဆွဇ်ဆလန်နိုင်ငံမှ အဖွဲ့တခု၏အကူအ ညီဖြင့် ရွှေ့ပြောင်းဆေးခန်းကို
ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုအခါ မဲဆောက်မြို့ အမှိုက်ပုံ တွင် နေထိုင်ကြသော အလုပ်သမားများနှင့်
၎င်းပတ်ဝန်းကျင်ရှိ စက်ရုံမှ အလုပ်သမားများအတွက် တပတ်လျှင် ၂ ကြိမ် အခမဲ့ ဆေးကုသပေးနေသည်။
0 comments:
Post a Comment