Monday, September 13, 2010

စာအုပ်အညွှန်း

စာအုပ်အမည်-  အောင်ဘာလေ
ရေးသူအမည်-   မင်းလူ
ထုတ်ဝေသူ-     ဦးစန်းမွန်အောင် (ငါတို့စာပေ)
ပုံနိပ်ခြင်း-        ပထမအကြိမ် (ဇန်နဝါရီလ၊ ၂၀၁၀ခုနှစ်)
စာအုပ်အရွယ်အစား-     ၂၇.၃ စင်တီမီတာ ထ ၂၀ စင်တီမီတာ (စာမျက်နှာ-၂၀ဝ)

လူတကာကို ဖြူစင်ရိုးသားစွာ စေတနာသက်သက် ကူညီရိုင်းပင်းတတ်တဲ့ အောင်ဘာလေ ဆိုသည့် လူငယ်လေး တစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ မြန်မာစကားပုံတခုဖြစ်တဲ့ “အများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုတဲ့ အတိုင်း အများကို ကူညီရိုင်းပင်းတတ်တဲ့ အောင်ဘာလေရဲ့ ရိုးသားမှုများကြောင့်  သူ့အား ကောက်ကျစ်လှည့်ဖြားချင်သူ မခရေ ကိုယ်တိုင်အကြံအစည် မအောင်မြင်ဘဲ ဖြစ်ရပုံ၊ ရိုးသားစွာ ကူညီတတ်မှုကြောင့် နွေဦးရဲ့  ဖြူစင်တဲ့ အချစ်စစ်စစ်ကို ရှာဖွေတွေ့ရှိ ပိုင်ဆိုင်ရပုံကို ဟာသနှောကာ ပုံဖော်ထားပါတယ်။