Monday, March 06, 2017

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က အရည်အသွေးမြှင့်တင်ရေးသင်တန်းပြုလုပ်



Image may contain: 3 people, people sitting, table and indoor
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ကမကထပြုပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့Trainning Team အဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အရည်အ သွေးမြှင့်တင်ရေးသင်တန်း ကို မတ်လ (၆)ရက်နေ့က ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့ရုံးမှာပြုလုပ်ခဲ့ ပါတယ်။
 Image may contain: 10 people, people sitting, people eating, table, child, indoor and food
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေး အလုပ်သမားသမဂ္ဂပညာပေးရေးနဲ့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်း တွေကို ပြုလုပ်ပေးလျက်ရှိနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ “မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြား အသိပညာဖြန့်ဝေတဲ့ သင်တန်းတွေပေးရာမှာ အဆင်ပြေချောမွေ့ပြီး ထိရောက်မှုရှိစေဖို့ရည်ရွယ်ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရဲ့ လုပ်ငန်းဌာနတခုဖြစ်တဲ့ Trainning Team အဖွဲ့ဝင်တွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြားက စေတနာ့ဝန်ထမ်းတွေအတွက် အရည်အသွေး မြှင့်တင်ရေး သင်တန်းကို ပြင်ပက သင်တန်းနည်းပြဆရာ တစ်ဦးကို ဖိတ်ကြားပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့” သင်တန်း ဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။

မဲဆောက်ဒေသတွင်းမှာ သင်တန်းတွေနဲ့ ပတ်သက်ပြီး နည်းပြဆရာအဆင့် အတွေ့အကြုံရင့်ကျက်သူတစ်ဦးကို ဖိတ်ကြားပြီး အရည်အသွေးမြှင့်တင်ရေးသင်တန်းပြုလုပ်ကာ သင်တန်းသား (၁၅)ဦးတက်ရောက်ခဲ့ပါတယ်။

ဒီ သင်တန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အသီးသီးမှာ သက်ဆိုင်ရာလုပ်ငန်းခွင့်အလိုက် အန္တရာယ်ကျရောက်စေ နိုင်တဲ့ လုပ်ငန်းခွင်အခြေအနေတွေ၊ အဲဒီလို အန္တရာယ်ကျရောက်စေနိုင် ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဓါတုပစ္စည်းတွေကနေ ထိခိုက်စေနိုင်တာတွေကို ဖြေရှင်းဖို့လုပ်ဆောင်ချက်တွေအပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ခံစားခွင့်နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေကို သိရှိနားလည်စေပြီး တက်ရောက်တဲ့ သင်တန်းသားတွေကိုယ်တိုင် လက်တွေ့ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အသိပညာပေးရေးလုပ်ငန်းစဉ်တွေမှာ စကားဝိုင်းတွေအပါအ၀င် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလုပ်သမားသမဂ္ဂပညာပေးရေးနဲ့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်းတွေအပြင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

Thursday, March 02, 2017

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်

Image may contain: 1 person, sitting, table and indoor
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် မယ်တောင်တိုက်နယ် ဖထောင်းရပ်ရှိ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ လုပ်ငန်း ခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ကစတင်ကာ (၂)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
 Image may contain: 1 person, standing
အဆိုပါ သင်တန်းကို မယ်တောင်တိုက်နယ်အတွင်းမှာရှိတဲ့ စက်ရုံအလုပ်သမားအများစုပါဝင်ပြီး တောင်ယာစိုက် ပျိုးရေးလုပ်သားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ စုစုပေါင်း (၂၇)ယောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး သင်တန်းပရိုဂရမ်မန်နေဂျာ ကိုမျိုးက “ ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ မဲဆောက် ဒေသတွင်းမှာ အခြားအလုပ်သမားအခွင့်အရေး၊ လူအခွင့်အရေး သင်တန်းတွေပေးလာခဲ့တာကြာပါပြီ၊
အခုလည်း ဒေသတွင်းအလုပ်သမားတွေလိုအပ်ချက်အရပေါ့လေ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွေကို မဲဆောက်ဒေသတွင်းမှာ ပြီးခဲ့တဲ့နှစ်က တကြိမ် အခုတကြိမ်ပါဆို (၂)ကြိမ်ရှိ ပါပြီ၊ ကျနော်တို့ ဒီသင်တန်းပြုလုပ်ရတာဟာဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိ လုပ်ကိုင် နေတဲ့ လုပ်ငန်းခွင်အတွင်းမှာ အန္တရာယ်တစုံတရာမကျရောက်စေဖို့နဲ့ ရေရှည်လာတဲ့အခါမှာ မိမိအလုပ်ကြောင့် ရောဂါဘယတွေမဖြစ်ရ မခံစားရလေအောင် လုပ်ငန်းခွင်အတွင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ် ကိုင်နိုင် စေဖို့ရည်ရွယ်ပြီး ဒီလုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေကို မြန်မာ ရွှေ့ပြောင်း စက်ရုံအလုပ်သမားတွေကြား လိုက်လံပေးနေတာဖြစ်ပါတယ်။”လို့ပြောပါတယ်။

ဒီသင်တန်းမှာ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက် အန္တရာယ်ကျရောက် စေနိုင်တဲ့အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် အန္တရာယ်ရှိစေနိုင်တဲ့ အခြေအနေတွေကို လှုပ်ရှားမှုတွေ ဥပမာပြ ဇာတ်လမ်းတွေ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဗွီဒီယိုကလစ်တွေကိုပြသပြီး သင်တန်း ကို ဦးဆောင်ဆွေးနွေးသူတွေက မေးခွန်တွေ တကယ့်အဖြစ်အပျက် ထိခိုက်ဒဏ်ရာရရှိမှုတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ လုပ်ငန်းခွင်အလိုက် အသုံးပြုရမယ့် အကာအကွယ်ပစ္စည်းတွေ အကြောင်းနဲ့ အဲဒီလို အကာအကွယ်ပစ္စည်းတွေကို လုပ်ငန်းရှင်ထံမှာ တောင်းဆိုခွင့်ရှိပြီး အကာအကွယ် ပစ္စည်းတွေ ကိုလည်း အလုပ်သမားတွေကိုယ်တိုင် ကျန်းမာရေး အန္တရာယ်ကျရောက်စေမှုကနေ ကာကွယ်တယ်ဆိုတဲ့ အသိနဲ့ တကယ့်လက်တွေ့ဘ၀လုပ်ငန်းခွင်တွေမှာ စနစ်တကျအသုံးပြုတတ်စေဖို့ အလုပ်သမားတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး အသိပညာပေးခဲ့တဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းရောက်သူ အထည်ချုပ်စက်ရုံအလုပ်သမတဦးကတော့ “ ကျမတို့ စက်ရုံအလုပ်ရုံတွေဟာ အလုပ် သမားဦးရေးအလိုက် အကျယ်အ၀န်း လေ၀င်လေထွက် အလင်ရောင်ကောင်းမွန်ဖို့၊ သောက်သုံးရေးသန့်ရှင်းမှု၊ အများသုံးအိမ်သာသန့်ရှင်းမှုတွေကအစ ကျန်းမာရေးအတွက်အရေးကြီးကြောင်းနဲ့ ကျမတို့ကိုယ်တိုင် သတိမထားမိတဲ့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ် အသုံးပြုနေတဲ့ ပစ္စည်းတွေကနေ အလုပ်သမားတွေကို ကျန်းမာရေး အန္တရာယ်တဖြည်းဖြည်းကျရောက် စေနိုင်တဲ့အခြေအနေတွေကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာကို သိရလို့ တကယ်တန်ဖိုးရှိတဲ့သင် တန်းပါလို့” ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအနေနဲ့ မဲဆောက်ဒေသတွင်းက စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို သင်တန်းတကြိမ်မှာ (၂၅)ဦးတက်ရောက်ခွင့်ပြုကာ လုပ်ငန်းခွင်ဘေး ကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေပေးဖို့ အစီအစဉ်တွေရှိနေသေးကြောင်း တာဝန်ရှိ သူတွေ ကပြောကြားကြောင်းပါခင်ဗျာ။

Tuesday, February 14, 2017

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး၊ အလုပ်သမားသမဂ္ဂပညာရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်းပြုလုပ်

Image may contain: 2 people, people sitting
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး၊ အလုပ်သမားသမဂ္ဂပညာရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တနေရာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး သုံးရက်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို တောင်ယာ အလုပ်သမား ဆောက်လုပ်ရေးအလုပ်သမား စက်ရုံအလုပ်သမားတွေ အပါအ၀င် စုစုပေါင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆရာ (၄)ဦးက ဦးဆောင်ဆွေးနွေး သင်တန်းပေးခဲ့တာဖြစ်ပါတယ်။ 
Image may contain: 4 people, people sitting and indoor
သင်တန်းပြုလုပ်ပေးရတာနဲ့ပတ်သက်လို့ “မြန်မာအလုပ်သမားတွေ အများစု ရှိတဲ့ မဲဆောက်လိုနေရာမျိုးမှာတောင် အခွင့်အရေး ချိုးဖေါက်ခံနေရတာဟာ စည်းလုံးညီညွှတ်မှု မရှိလို့ပဲ၊ ဒါကြောင့် ဒီနှစ်ထဲမှာ အလုပ်သမားတွေကို စုစည်းညီညွှတ်ပြီး အခွင့်အရေးတွေကို တောင်းဆိုတတ်လာအောင် ရည်ရွယ်ပြီး သမဂ္ဂပညာရေးကို ထည့်သွင်း သင်တန်းပို့ချရတာဖြစ်တယ် ကျန်တဲ့အခွင့်အရေးတွေဖြစ်တဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြုတာတွေကိုတော့ ပြီးခဲ့တဲ့ နှစ်အတိုင်း ပြောင်းလဲခြင်း မရှိသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပုံစံအမျိုးမျိုးနဲ့ လုပ်ငန်းရှင်တွေက ချိုးဖေါက်မှုတွေကို ကျူးလွန်နေဆဲ ဖြစ်တာကြောင့် သင်တန်း ပို့ချရခြင်းဖြစ်ပါတယ်” လို့ သင်တန်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
Image may contain: one or more people and people sitting
သင်တန်း ပထမရက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မွေးရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးအပိုဒ်၃၀စလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ်ပါတယ်။
Image may contain: 4 people, people sitting
သင်တန်း ဒုတိယရက် မနက်ပိုင်းမှာတော့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြုအသိပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ သင်တန်း ဒုတိယရက် နေ့လည်ပိုင်းမှာတော့ အလုပ်သမားအခွင့်အရေးဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းမှ ဦးဆောင်ပို့ချ ဆွေးနွေးခဲ့ပါတယ်။
Image may contain: 5 people, people smiling, people standing, shoes, child and outdoor
သင်တန်း တတိယရက်မှာတော့ အလုပ်သမားသမဂ္ဂပညာရေး အသိပညာရပ်တွေကို သင်တန်းဆရာ ကိုမျိုးမှ ဦးဆောင်ပို့ချဆွေးနွေးခဲ့ပါတယ်။
Image may contain: 4 people, people smiling, people standing, shoes and outdoor
အခုသင်ကြားပို့ချပေးနေတဲ့ အသိပညာရပ်တွေဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လက်တွေ့ရင်ဆိုင်နေရတဲ့ ချိုးဖေါက်ခံရမှုတွေဖြစ်တယ်လို့ သင်တန်းတက်ရောက်တဲ့ သင်တန်းသူတဦးက ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို ၁၉၉၉ ခုနှစ်မှ စတင်တည်ထောင်ကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ သိရပြီး၊ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်းမှာ ထိုင်းလုပ်ငန်းရှင်ကို ပထမဦးဆုံး တရားစွဲဆို အနိုင်ရရှိခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒုတိယအကြိမ်မြောက် ရိုးရာထမနဲထိုးပွဲ ပြည်ထောင်စုနေ့တွင် ပြုလုပ်

Image may contain: 6 people, people sitting
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်ကာ ဒေသတွင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ စုပေါင်းပြီးဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာ ထမနှဲထိုးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်တိုက်ကျေးရွာ ဖာထောင်းရပ်ကွက် စံပယ်ဖြူနေ့ကလေးထိန်း ကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရိုးရာ ထမနဲထိုးပွဲကို တောရကျောင်းမှ သံဃာတော် (၃)ပါးပင့်ဆောင်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကာ ထမနဲထိုး ခဲ့ကြတာဖြစ်ပါတယ်။ 
 Image may contain: one or more people, people sitting, table, living room and indoor
ဒေသတွင်းရှိ တောင်ယာအလုပ်သမားများ၊ ဆောက်လုပ်ရေး အလုပ်သမားများ၊ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံတို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ဒေသခံထိုင်းနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရိုးရာထမနဲထိုးပွဲကို ထိုင်းလူမျိုးတွေအပါအ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁၀၀)နီးပါး လာရောက်ခဲ့ပါတယ်။
 Image may contain: 1 person, standing, fire and outdoor
“မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ပြည်ထောင်စုနေ့ကို အမှတ်ရစေဖို့နဲ့ ကိုယ့်ရိုးရာ ထမနဲထိုးပွဲမှာ အလုပ်သမားတွေအချင်းချင်း စုစုစည်းစည်းနဲ့ ပူးပေါင်းပါဝင်လာကာ နောင်မျိုးဆက်တွေအနေနဲ့လည်း ကိုယ့်နိုင်ငံက အရေးကြီးတဲ့ နေ့ထူးနေ့မြတ်နဲ့ ကိုယ့်ရိုးရာဓလေ့တွေကို မမေ့ပြောက်သွားအောင် ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာထမနဲထိုးပွဲကို ပူးတွဲလုပ်ဆောင်ပေးရခြင်းဖြစ်ပါတယ်” လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က စည်းရုံးရေးတာဝန်ခံ ဦးကိုဟိန်းကပြောပါတယ်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာထမနဲထိုးပွဲကို ရောင်ခြည်းဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ စုပေါင်းထည့်ဝင်တဲ့ အလှူငွေနဲ့ ထမနဲ (၅)အိုးစာ အတွက် ကောက်ညှင်း ပြည် (၂၀) ထိုးခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ထမနဲကို ဖာထောင်းရပ်ကွက်တွင်းနေထိုင်သည့် မည်သူ့ကိုမဆို လူမျိုးဘာသာ မခွဲခြားပဲ လိုက်လံပို့ဆောင်ပေးလှူခဲ့ပါတယ်။

Friday, January 27, 2017

Thursday, January 26, 2017

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြု လုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သ မားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဟုံဖိုင်ရပ်ကွက်မှာ ဒီဇင်ဘာလ  ၁၇ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ပြုလုပ် ခဲ့ပါတယ်။

    ဒီသင်တန်းကို ရွှေ့ပြောင်းမြန်မာအ လုပ်သမား (၁၆) ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမ (၁၃) ဦးပါဝင်တယ်လို့ သိ ရပါတယ်။ ဒီသင်တန်းကို ဒေသတွင်းကျပမ်း လုပ်ကိုင်သူ အများစုက တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    သင်တန်းပြုလုပ်ပေးရတာနဲ့ ပတ်သက် လို့ "သူတို့တွေရဲ့ အခွင့်အရေးကို သူတို့ကိုယ် တိုင် သိရှိနားလည်ပြီး၊ စည်းလုံးမှုကြောင့် အောင်မြင်နိုင်မယ်ဆိုတာတွေကိုပါ သိရှိစေ ချင်သလို၊ ကိုယ့်မှာ ဆုံးရှုံးနေတဲ့အခွင့်အ ရေးတွေကို ကာကွယ်တောင်းဆိုတတ်လာဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်တယ်"  လို့ သင် တန်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။

    သင်တန်း ပထမရက်မှာ လူ့အခွင့်အ ရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အခွင့် အရေးအပိုဒ်၃ဝစလုံးကို သင်တန်းဆရာ ကို မျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ်ပါတယ်။

    သင်တန်း ဒုတိယရက် မနက်ပိုင်းမှာ တော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းကို ကိုက ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။

    သင်တန်း သင်တန်းဒုတိယရက် နေ့ လည်ပိုင်းမှာတော့ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြု အသိပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။

    သင်တန်းတက်ရောက်သူ တဦးက  "ဒီ သင်တန်းတက်တော့ ကျနော်တို့မှာ ရှိတဲ့ အ ခွင့်အရေးတွေကို သိရှိလာတယ်၊ သင်တန်း မတက်ခင်တုန်းကဆို ဘယ်အခွင့်အရေးတွေ ချိုးဖေါက်ခံနေရလဲဆိုတာကို မသိဘူး၊ အခု တော့ နည်းနည်း သဘောပေါက်သွားတယ်၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာလဲ စဉ်းစား မိလာတယ်၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ အနေနဲ့လည်း ဒီလိုသင်တန်းမျိုးတွေကို များ များ ပြုလုပ်စေချင်ပါတယ်"လို့ ပြောပါတယ်။

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က လုပ်ငန်းရှင်တွေရဲ့ ဖိနှိပ်မှုကို ကာကွယ် တွန်းလှန် အောင်မြင်ခဲ့တဲ့အမှုတွေဟာ အခုဆို ၂ဝ၇ မှု အောင်မြင်ခဲ့ပြီး၊ မြန်မာရွေ့ ပြောင်းအလုပ်သမားပေါင်း  ၂၇၅၃ ဦးကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြု လုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သ မားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့ ဆူကိုထိုင်းမှာ ဒီဇင်ဘာလ  ၃ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါ တယ်။

    ဒီသင်တန်းကို ရွှေ့ပြောင်းမြန်မာအ လုပ်သမား (၁၅) ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမ (၈) ဦး ပါဝင်တယ်လို့ သိ ရပါတယ်။ အများစုဟာ စိုက်ပျိုးရေးလုပ်ငန်း မှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေဖြစ်ပါ တယ်။

    သင်တန်းပြုလုပ်ပေးရတာနဲ့ ပတ်သက် လို့ "ဖုတ်ဖရမြို့နယ်မှာက တောင်ယာအလုပ် သမားတွေများတယ်လေ၊ အရင်ကဆို လူ့ အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး တွေကို ပေးနေတာက စက်ရုံလုပ်သားတွေ များတယ်၊ အခု စိုက်ပျိုးရေးလုပ်ငန်းခွင် တွေမှာ ရှိတဲ့သူတွေကိုလည်း ကိုယ့်အခွင့်အ ရေးကို ကိုယ်တိုင်သိပြီး၊ ကာကွယ်တတ်လာ စေဖို့ ရည်ရွယ်ပြီး ဒီမှာ လာလုပ်ရတာဖြစ် ပါတယ်"လို့ သင်တန်းဖြစ်မြောက်ရေး ဦး ဆောင်သူတွေက ပြောပါတယ်။

    သင်တန်း ပထမရက်မှာ လူ့အခွင့်အ ရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အခွင့် အရေးအပိုဒ်၃ဝစလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာ ဖြစ်ပါ တယ်။

    သင်တန်း ဒုတိယရက် မနက်ပိုင်းမှာ တော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းကိုကို က ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
    သင်တန်း သင်တန်းဒုတိယရက် နေ့ လည်ပိုင်းမှာတော့ လိင်နဲ့လိင်ကွဲပြားမှု အ ခြေပြု အသိပညာရပ်တွေကို သင်တန်းဆရာ မ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအ တွက် ခေတ္တခိုလှုံရာနေအိမ်များ ထားရှိပေး ခြင်း၊ ဥပဒေရေးရာ အထောက်ကူပြုလုပ် ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဂျာနယ်များ ဖြန့်ဝေပေးခြင်း၊ နေ့ကလေးထိန်းကျောင်းများ ထားရှိပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရ ပါတယ်။

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြု လုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သ မားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့ ကီလိုမီတာ ၄၈ မှာ ဒီဇင်ဘာလ  ၁ဝ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ ပါတယ်။

    ဒီသင်တန်းကို စိုက်ပျိုးရေးလုပ်ငန်းခွင် ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန် မာအလုပ်သမား (၁၆) ဦးတက်ရောက်ခဲ့ တာဖြစ်ပြီး မြန်မာအလုပ်သမ (၈) ဦးပါဝင် တယ်လို့ သိရပါတယ်။

    သင်တန်းတက်ရောက်သူ စိုက်ပျိုးရေး အလုပ်သမတဦးက "အခွင့်အရေးလို့ ပြောရင် ကျမတို့ဆီမှာ ဘာရှိမှန်း မသိခဲ့ဘူး၊ အခု ဒီ သင်တန်းကို တက်ရောက်ပြီးတော့မှ လူ့ခွင့် အရေးဆိုတာ ဘာလဲ၊ အလုပ်သမားအခွင့်အ ရေးဆိုတာ ဘာလဲ၊ လိင်ကွဲပြားမှုအပေါ်မူ တည်ပြီး ကျမတို့အမျိုးသမီးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို သိလာရတယ်၊ ကျမတို့ရဲ့ ဆုံး ရှုံးနစ်နာမှုတွေကို ထပ်ပြီးတော့ မဆုံးရှုံးရ အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာတွေ ကိုပါ စဉ်းစားမိလာတယ်"  လို့ ပြောပါတယ်။

    သင်တန်း ပထမရက်မှာ လူ့အခွင့်အ ရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အ ခွင့်အရေးအပိုဒ်၃ဝစလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ် ပါတယ်။

    သင်တန်း ဒုတိယရက် မနက်ပိုင်းမှာ တော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းကိုကို က ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
    သင်တန်းဒုတိယရက် နေ့လည်ပိုင်း မှာတော့ လိင်နဲ့လိင်ကွဲပြားမှုအခြေပြု အသိ ပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာ ကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ အခက်အခဲများ၊ ပြဿနာရပ်များကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် ၁၉၉၉ ခုနှစ် ကတည်းက စတင်တည်ထောင်ထားတာဟာ ယခုဆို ၁၇ နှစ် ရှိလာပြီဖြစ်တယ်လို့ သိရပါ တယ်။

ဒဿမအကြိမ်မြောက် စုပေါင်း မဟာဘုံ ကထိန်တော်ပြုလုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေစုပေါင်းပြီး ဒဿမအကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်တော်ကို မဲဆောက်မြို့ မယ်ကုကျေးရွာ ကျွန်းတောရပ်မှာရှိတဲ့ မေတ္တာသုခဘုန်းကြီး ကျောင်းမှာ နိုဝင်ဘာလ ၁၃ရက်နေ့က ကျင်း ပပြုလုပ်ခဲ့ပါတယ်။

    စုပေါင်းမဟာဘုံကထိန်တော်ကို မဲ ဆောက်ဒေသတွင်း မယ်တောင်ပိုင် နော်ကီ ဖား၊  ဖထစ်၊ မယ်တောင်ဖက်၊ မယ်ပ၊ ကမ်းန ဖူးနဲ့ မဲဆောက်ဈေး စတဲ့နေရာတွေက စက် ရုံအလုပ်ရုံတွေ တောင်ယာလုပ်သားတွေရဲ့ ချွေးနည်းစာ သဒ္ဒါတရားအလှူငွေတွေနဲ့ ပါ ဝင်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ဝန်ထမ်းတွေ၊ အဝေး ရောက်အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေ တွေနဲ့ ငွေပဒေသာပင်သီပြီး လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအနေနဲ့ ရိုးရာဓလေ့ အစဉ် အလာကောင်းတွေကို မမေ့မလျော့ရအောင် ရည်ရွယ်ပြီး အခုလို စုပေါင်းမဟာဘုံက ထိန်တော်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရောင် ခြည်ဦးအလုပ်သမားများအဖွဲ့ တာဝန်ရှိ သူတွေကပြောပါတယ်။

    ငွေသားအလှူငွေ ၂၁၇၅၅ ဘတ်ကို မွန်းတည့် (၁၂) နာရီအချိန်မှာ ရေစက်သွန်း ချ လှူဒါန်းခဲ့တာဖြစ်ပြီး စုပေါင်းမဟာဘုံက ထိန်တော်ကျင်းပပြုလုပ်ရာကို လာရောက်တဲ့ ဧည့်သည်တော်တွေအတွက် အကျွေးအမွေး အစီအစဉ်ကို စနွတ်အထည်ချုပ်စက်ရုံ (အ ရပ်အခါ် သုံးရာရုံ)က ရွှေ့ပြောင်းအလုပ်သ မားတွေက ကမကထပြု ချက်ပြုတ်ကျွေးမွေး ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုံက အလုပ်သမား ပုဒ် မ ၆၆ဃနဲ့ တရားစွဲဆိုခံရ



    လှိုင်သာယာစက်မှုဇုံ(၁) ဦးမှိုလမ်း အ မှတ် (၅၂/က)ံေူ မြေု အထည်ချုပ်စက် ရုံ မီးပူတိုက်ဌာနတွင် အလုပ်လုပ်သော အ လုပ်သမား မောင်ဝေဖြိုးအောင်ကို လုပ်ငန်း ရှင်မှ ပုဒ်မ ၆၆ဃ ဖြင့် တိုင်ကြားခံရကာ (၂၂.၁၁.၂ဝ၁၆) ညနေပိုင်းမှာ   လှိုင်သာ ယာမြို့မ ရဲစခန်းတာဝန်ရှိသူတွေက စက်ရုံ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ တယ်လို့ စုံစမ်းသိရှိပါတယ်။

    ပုဒ်မ ၆၆ဃနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မောင် ဝေဖြိုးအောင်ဟာံေူ မြေု စက်ရုံတာဝန်ရှိ သူတွေအနေနဲ့ လုပ်သက် (၃) လမပြည့်သေး တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သတင်းကို ဆိုရှယ်မီဒီယာ ဖြစ်တဲ့်ခေနဘသသုပေါ်မှာ သက်ဆိုင်ရာကို အကူအညီတောင်းခံတဲ့ ဗီဒီယိုသ ဖိုင် တင်ခဲ့ပါ တယ်။ အဲလို  ဗီဒီယိုဖိုင် တင်တာကို လုပ်ငန်း ရှင်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစောကိုက တရား လိုပြုကာ နိုဝင်ဘာ (၁၉) ရက်နေ့မှာ လိုင် သာယာမြို့မရဲစခန်းကို တိုင်းကြားခဲ့တာ ဖြစ် ပါတယ်။ အဲလိုတိုင်ကြားပြီး နိုဝင်ဘာ (၂ဝ) ရက်နေ့မှာ မောင်ဝေဖြိုးအောင် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပါတယ်။

    ဒီလိုဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်လို့ အ လုပ်သမားအရေးကူညီလုပ်ကိုင်နေသူတဦးက "လှိုင်သာယာမြို့မရဲစခန်းက တာဝန်ရှိသူတွေ အနေနဲ့ မောင်ဝေဖြိုးအောင်ကို အကြောင်း ကြားတာမျိုး ခေါ်ယူစစ်မေးတာမျိုးမလုပ်ဘဲ မောင်ဝေဖြိုး အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်း ခွင်တဲ ဝင်ပြီး ခုလို ဖမ်းဆီးတာဟာ အခြားအ လုပ်သမားတွေကိုပါ ခြိမ်းခြောက်ရာကျတယ် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကလည်း အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ ရပိုင် ခွင့်တွေအပေါ် ချိုးဖောက်နေတာကို ညှိနှိုင်း ဖြေရှင်းတယ်ဆိုတဲ့စကားရပ်အသုံးပြုပြီး ထိ ထိရောက်မကိုင်တွင်နိုင်တာဟာလည်း လုပ် ငန်းရှင်ဘက်ကို အကာအကွယ်ပေးနေ သလား ထင်စရာဖြစ်တယ်လို့" ပြောပါတယ်။

    အလုပ်သမားအရေး ကူညီလုပ် ဆောင်ပေးနေသူတွေရဲ့ အကူအညီနဲ့ မောင် ဝေဖြိုးအောင် လှိုင်သာယာမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရာကနေ အာမခံရရှိအောင် နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ကူညီဆောင် ရွက်ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင်ဘက်က စွဲဆို ထားတဲ့ ပုဒ်မ ၆၆ဃ အမှုကို အပြင်ကနေ တရားရင်ဆိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူ များနေ့ အခမ်းအနားကို မဲဆောက်မြို့တွင် ပြုလုပ်


    ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျ ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်သူများနေ့ အခမ်းအနားကို မဲ ဆောက်မြို့ထာ့ဆိုင်လွတ်ရပ်ကွက်တွင် ရွှေ့ ပြောင်းအလုပ်သမားများ ကာကွယ်မြှင့်တင် ရေးအဖွဲ့(ျြွဏျွှ)မှ ဦးဆောင်ကျင်းပပြု လုပ်ခဲ့ပါတယ်။

    အဲ့ဒီ အခမ်းအနားမှာ စာရေးဆရာ အယ်ဒီတာ ဦးစိုးနေလင်းက အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်းနေ ထိုင်သူများနေ့နဲ့ ပတ်သက် တဲ့ သိသင့်သိထိုက်တဲ့ သမိုင်းနောက်ခံနဲ့ လက်ရှိအခြေအနေတွေကို  ပြောကြားခဲ့ပါ တယ်။  တက်ရောက်လာတဲ့ ရွှေ့ပြောင်းအ လုပ်သမားတွေကို အသိပညာရရှိစေမယ့်  ဥာဏ်စမ်းမေးခွန်းတွေ မေးမြန်းပြီး လက် ဆောင်ပစ္စည်းတွေပေးတဲ့ အစီအစဉ်တွေ ပြု လုပ်ခဲ့တာဖြစ်ပြီး  အဲဒီလိုပြုလုပ်တဲ့အစီအ စဉ်တွေမှာ ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့ကလည်း ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါ တယ်။

    အခမ်းအနားစီစဉ်ရာမှာ ပါဝင်သူတ ဦးက "ရွှေ့ပြောင်းနေထိုင်သူများနေ့ဆိုတာ ကျနော်တို့ အားလုံးနဲ့ သက်ဆိုင်နေတယ် ကျနော်တို့မြန်မာလူမျိုးတွေက ထိုင်းနိုင်ငံကို ရောက်ရှိ အလုပ်လုပ်ကိုင်နေရတယ်ဆိုတော့ ကျနော်တို့နဲ့တိုက်ရိုက် သက်ဆိုင်တယ်လေ၊ ဒီအခမ်းအနားကို ပြုလုပ်တဲ့ ရည်ရွယ်ချက် ကတော့ ကျနော်တို့ မြန်မာရွှေ့ပြောင်းအ လုပ်သမားတွေအတွက် ဘယ်လိုအခွင့်အရေး တွေ ရှိတယ်ဆိုတာကို ဥာဏ်စမ်းမေးခွန်းတွေ မေးတယ်၊ နောက်ပြီးတော့ လက်ကမ်းစာ စောင်တွေ၊ ဂျာနယ်တွေ ဝေပေးခြင်းအားဖြင့် သူတို့မှာ ရှိတဲ့ အခွင့်အရေးတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်တယ်"လို့ ပြော ဆိုခဲ့ပါတယ်။

    အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေ ထိုင်သူများနေ့ အခမ်းအနားကို  မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ဝဝ နီးပါး တက် ရောက်ခဲ့ပြီး ညနေပိုင်းမှာ အခမ်းအနားအစီ အစဉ်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျ ရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်သူများနေ့အတွက် အခမ်းအနားဖြစ် မြောက်ရေး ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရွှေ့ ပြောင်းအလုပ်သမားများ ကာကွယ်မြှင့်တင်ေ ရး အဖွဲ့ဟာဆိုရင် ဃြဥယြွဥျ တွေနဲ့ စု ပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၃ဝ ကျော်ပါဝင်တဲ့ မဲ ဆောက်ဒေသတွင်းမှာ အကြီးဆုံးကွန်ယက် ဖြစ်တယ်လို့သိရတယ်။

Monday, August 08, 2016

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်းပြုလုပ်


\သြ ဂုတ်လ ၅. ၂၀၁၆

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တနေရာမှာ သြဂုတ်လ ၅ ရက်နေ့ကစတင်ပြီး သုံးရက်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၈)ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမ(၁၇)ဦးပါဝင်တယ်လို့သိရပါတယ်။ အများစုဟာ ကုန်တင်ကုန်ချလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ပါတယ်။ 

သင်တန်းပြုလုပ်ပေးရတာနဲ့ပတ်သက်လို့ “ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်သိနားလည်ပြီး တောင်းဆိုတတ်လာစေဖို့ လိင်ကွဲပြားမှုအရ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာတွေ လူမှုအသိုင်းအ၀ိုင်းမှာ မရှိစေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခဲ့တာလို့” သင်တန်းဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
 
သင်တန်း ပထမရက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အခွင့်အရေးအပိုဒ်၃၀စလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ်ပါတယ်။
 
သင်တန်း ဒုတိယရက်မှာတော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုစိုးမိုးက ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်။

သင်တန်း တတိယနေ့မှာတော့ လိင်နဲ့လိင်ကွဲပြားမှုအခြေပြု အသိပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သင်တန်းသားတွေအနေနဲ့ သူတို့ဘ၀အတွက် သိသင့်သိထိုက်တာတွေကို သင်တန်းက ဖြည့်ဆည်းပေးလိုက်တဲ့အတွက် လုပ်ငန်းခွင်အတွင်း အလုပ်သမားရပိုင်ခွင့် အခွင့်အရေးတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေတွေကနေ လူအချင်းချင်း ကျားမ တန်းတူအခွင့်အရေးရှိရမယ်ဆိုတဲ့ အချက်တွေကို သိနားလည်ခဲ့ကြတယ်လို့ဆိုပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြား လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်သမားရပိုင်းခွင့်တွေအတွက် ဥပဒေ အထောက်အကူပြုဌာန ထားရှိပြီး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

Monday, August 01, 2016

(၃)နှစ်အရွယ် ကလေးငယ် ရေတွင်းထဲကျပြီးသေဆုံး


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်ကျေးရွာ တွန်းခါရပ်ကွက်မှာ ဖခင်နဲ့အတူ မြက်ရိတ် လိုက်ပါသွားရင်း အသက် (၃)နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲ လိမ့်ကျကာ သေဆုံးမှု ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ 
 
အခင်းဖြစ်ပွားတဲ့နေ့က ကီလိုကြီး (ခ) မောင်ဇွဲကိုဖြိုးဟာ ဖခင်ဖြစ်သူ ကိုအောင် မြက်ရိတ်သွားရာကို လိုက်ပါသွားခဲ့ပါတယ်။ ဖခင်မြက်ရိတ်တဲ့နေရာနဲ့ မလှမ်းမကမ်း မြက်ခင်းပြင်မှာ ဆော့ကစားနေရင်း မြက်ပင်တွေဖုံးလွှမ်းနေပြီး အကာအရံ မရှိတဲ့ ရေတွင်းနက်ထဲ လိမ့်ကျသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကိုအောင်ဟာ သားဖြစ်သူ မောင်ဇွဲကိုဖြိုး မြင်းကွင်းကနေပျောက်သွားတဲ့အတွက် နာရီဝက် နီးပါးကြား လိုက်လံရှာဖွေခဲ့ပေမယ့် ကလေးကိုမတွေ့တဲ့အတွက် ကလေးဆော့ကစားတဲ့ နေရာအနီးမှာ ပြန်လည် လာရောက်ရှာဖွေတော့မှ ရေတွင်းကိုတွေ့ရတာဖြစ်ပြီး ရေတွင်းထဲ ဆင်းပြီးရေငုတ်ရှာဖွေတော့မှ ကလေးအလောင်းကို တွေ့ရတာဖြစ်တယ်လို့ လိုက်လံကူညီရှာဖွေပေးခဲ့သူတွေက ပြောပါတယ်။
 
ဇူလိုင်လ ၂၈ရက်နေ့မှာ မောင်ဇွဲကိုဖြိုးရဲ့ ရုပ်အလောင်းကို မဲဆောက်ဆေးရုံကြီးကနေ မယ်တောင်တိုက် သုဿန်ကိုသယ်ဆောင်ပြီး နေ့လယ် (၁၂)နာရီမှာ မဲဆောက်ပရဟိတအသင်းနဲ့ မယ်တောင်တိုက် လူထုအခြေပြုအဖွဲ့က ဦးဆောင်အကူအညီနဲ့ မောင်ဇွဲကိုဖြိုးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ် ပေးခဲ့တာဖြစ်ပါတယ်။ အသက် (၃)နှစ်အရွယ် သေဆုံးသူ ကီလိုကြီး (ခ) မောင်ဇွဲကိုဖြိုးဟာ တောင်ယာစိုက်ပျိုးရေး အလုပ်နဲ့ အသက်မွေးကြောင်းပြုနေတဲ့ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ စမ်းမြောင်ကျေးရွာ ဗျက်ကြီးအုပ်စု ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ၂၀၁၂ ခုနှစ်က ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ ကိုအောင်နဲ့ မခိုင်တို့ရဲ့ သားဦးရတနာဖြစ်ပါတယ်။

Saturday, July 30, 2016

အခွင့်အရေးနဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာရဖို့ အမျိုးသမီးစကားဝိုင်း ပြုလုပ်

30 July 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် ဟွေ့ကလုတ်ကျေးရွာမှာရှိတဲ့ တောင်ယာလုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အမျိုးသမီးစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီးစကားဝိုင်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ကိုမျိုးကို၊ ကိုစိုးမိုး၊ မသူဇာကြိုင်နဲ့ မေသင်္ကြန်မိုးတို့ (၄)ဦးက အဓိက ဦးဆောင်ပြီး အလုပ်သမားအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးတို့နဲ့ ပတ်သက်တဲ့ အသိပညာ ရရှိစေမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးစကားဝိုင်းကို တောင်ယာအလုပ်သမ (၁၈)ဦး နဲ့ အမျိုးသား (၃)ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

“အသိပညာဗဟုသုတ ကျန်းမာရေးပညာရပ်တွေ လက်လှမ်းမမှီတဲ့ သူတွေအတွက် သူတို့ ရဲ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနဲ့ ကျန်းမာရေး အသိပညာတွေရရှိစေဖို့ ရည်ရွယ်ပြီး ဒီလိုအမျိုးသမီးစကားဝိုင်းတွေကို ပြုလုပ်ရတာဖြစ်တယ်”လို့ အမျိုးသမီးစကားဝိုင်းဖြစ်မြောက်ရေး ဦးဆောင်သူက ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကနေဦးဆောင်ပြီး မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား အမျိုးသမီးစကားဝိုင်းတွေ၊ လိင်းနဲ့လိင်ကွဲပြားမှုအခြေပြု သင်တန်းအပါအ၀င် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် စက်ချုပ်သင်တန်းတွေ ပို့ချပေးတာမျိုးတွေကိုလည်း ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
 
 
 

Friday, July 29, 2016

အဖမ်းအဆီးတွေကြောင့် မဲဆောက် ဈေးထဲက မြန်မာစားသောက်ကုန်ရောင်းချတဲ့ ဈေးဆိုင်တွေ ပိတ်ထား

ထိုင်းနိုင်ငံတ၀ှမ်းမှာ အထောက်အထားမဲ့ ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ထိုင်းစစ်တပ်အပါအ၀င်ရဲနဲ့အဖွဲ့စုံက စစ်ဆေး ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဈေး ထဲက မြန်မာစားသောက်ကုန်နဲ့ မြန်မာပြည်သားအလုပ်သမားတွေငှားရမ်းပြီးဈေး ရောင်းချနေတဲ့ဆိုင်တွေ တော်တော်များများ ပိတ်ထားကြတယ်လို့ စုံစမ်းသိရပါတယ်။

မဲဆောက်ဈေးထဲနဲ့ အနီးဝန်းကျင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ မြန်မာစားသောက်ကုန်ပစ္စည်းရောင်းတဲ့ ဈေးဆိုင်တွေ ငွေလွှဲ ၊ ငွေလဲ လုပ်ငန်းလုပ်ကိုင်တဲ့ဆိုင်တွေ ၊ မြန်မာပြည်ကိုဖုန်းဆက်လို့ရတဲ့ ဆိုင်တွေ၊ မြန်မာ ဆံပင်ညှပ်အလှပြင်၊ ဓါတ်ပုံရိုက် ကော်ပီကူး ပရင့်ထုတ်ပေးတဲ့ ကွန်ပျူတာ ဒယ်ဂျစ်တယ် စတဲ့ ပစ္စည်းတွေနဲ့ အခကြေးငွေယူပြီး ၀န်ဆောင်လုပ်ကိုင်ပေးနေတဲ့ မြန်မာ ဆိုင်တွေ လမ်းဘေး ဟင်းသီးဟင်းရွက်ရောင်းချသူတွေ၊ အဆင်သင့်စားသောက်နိုင်တဲ့ တိုဟူးသုတ်၊ ပဲသုတ်မှသည် ၀တ်သားဒုတ်ထိုးဆိုင်လေးတွေလည်း ဇူလိုင်လ (၂၇)ရက်ကတည်းက ဆိုင်ဖွင့်လှစ်ရောင်းချတာတွေ မရှိတော့တာကို တွေ့ရပါတယ်။

ပုံမှန်ရက်တွေမှာ တနေ့ကို ဘတ်ငွေ တစ်သောင်းဖိုးလောက် အရောင်းအ၀ယ်ဖြစ်နေတာကနေ အခုရက်ပိုင်းအတွင်း ဘတ် တစ်ထောင်ကျော်ဖိုးရဖို့ ည (၉)နာရီထိုးတဲ့အထိ စားသောက်သူတွေကို စောင့်ပြီး ရောင်းချနေတာတောင် ကိုယ့်ရင်းထားတဲ့ ငွေတောင်ပြန်မရတဲ့အခြေအနေရယ်၊ နောက် မြန်မာဈေးရောင်းနေတဲ့ ဆိုင်တွေကို အဖွဲ့စုံ ၀င်ပြီး စစ်မယ် ဖမ်းမယ်ဆိုတာကြောင့် ဆိုင် ပိတ်ထားလိုက်ရတာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် အချိုရည်မျိုးစုံ၊ ဘီယာ၊ အရက်နဲ့ ထမင်းဟင်းရောင်းချနေတဲ့ မြန်မာနိုင်ငံသားဆိုင်ပိုင်ရှင်းကပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဈေးရောင်းချရတဲ့အခြေအနေကိုတော့မြန်မာပြည်သားထမင်းဆိုင်ပိုင်ရှင်က “ ကျီးလန့်ဆန်စား ဆိုတာ တကယ်မှန်တယ် သတင်းတွေကလည်း မျိုးစုံအောင်ကြားနေရတယ် ထိုင်းအဖွဲ့စုံက ၀င်ရောက်စစ်ဆေးတော့မယ် အဖမ်းအဆီးတွေလည်းရှိနေတယ်ဆိုတော့ ဆိုင်တော့မပိတ်တော့ပါဘူး ကိုယ်ကဈေးရောင်းစားတာဘဲဟာ မကောင်းတဲ့ ပြစ်မှုကျူးလွန်တဲ့အလုပ်မျိုးမဟုတ်တော့ ၀င်စစ်ဆေးတော့လည်း ဖြေရှင်းမယ်ဆိုပြီးတော့ ဆိုင်ဖွင့်ထားတယ် ဈေးရောင်းရတာကတော့ အရင်ကလောက်မကောင်းတော့ဘူး လူကိုရှင်းပြီး လူသွားလူလာတောင်မရှိသလောက်ပြတ်နေတာ (၃)ရက်လောက်ရှိနေပြီ” ဟုပြောပါတယ်။

အဖမ်းအဆီးသတင်းတွေကြောင့် ဈေးရောင် ဈေးဝယ်တဲ့ သူတွေနည်းပါးပြီး ဆိုင်ကယ် (Taxi)ဆွဲစားတဲ့သူတွေ စက်ဆန်မလော့ မောင်းတဲ့သူတွေလည်း ခရီးသည်မရတဲ့အတွက် ၀င်ငွေနည်းလာပြီး မိသားစု စားဝတ်နေရေး ထိခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံခြားသားအလုပ်သမားတွေအတွက်ပြုလုပ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့ (၂)နှစ်သက်တမ်း အလုပ်သမားလက်မှတ်လုပ်ပေးတာတွေဟာ ဇူလိုင်လ (၂၉)ရက်နေ့ ကို နောက်ဆုံးရက်အဖြစ် တရာဝင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သက်မှတ်ထားတာဖြစ်ပါတယ်။ အဲဒီရက် နောက်ပိုင်း ထိုင်း စစ်တပ်အပါအ၀င် ရဲ၊ လ၀ကနဲ့ ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အဖွဲ့စုံက စစ်ဆေးဖမ်းဆီးမှုတွေစတင်တော့မှာဖြစ်ပါတယ်။

ဇူလိုင်လ ၂၈ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆိုင်လုတ်ရပ်ကွက်အတွင်းက သောင်ရင်းမြစ်ကမ်းနား ကုန်တင်ကုန်ချလုပ်တဲ့ နေရာက တဲအိမ်စုတွေကို ထိုင်းစစ်တပ်နဲ့အဖွဲ့စုံက ၀င်ရောက်စီးနင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
အလာတူ ဇူလိုင်လ ၂၃ရက်နေ့ မနက်အစောပိုင်းမှာလည်း ဆာသူလေး (Hsa Thoo Lei) ကျောင်းအနီးက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်တဲ့နေရာတွေကို ၀င်ရောက်ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။

Thursday, July 07, 2016

စံပယ်ဖြူနေ့ကလေးထိန်းကျောင်းအတွက် ကစားစရာအရုပ်တွေ ကနေဒါနိုင်ငံသားလှူဒါန်း

 
၆ ဇူလိုင် ၂၀၁၆
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က တည်ထောင်ထားတဲ့ မယ်တောင်ဖက် ကျေးရွာ ဖတောင်းရပ်ကွက်မှာရှိတဲ့ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တွေအတွက် ကစားစရာအရုပ်မျိုးစုံကို ကနေဒါနိုင်ငံသား Stephen Campbell (ခ) ကိုစိုးစံက လှူဒါန်းခဲ့ပါတယ်။
 
စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာရှိတဲ့ ကလေးများအတွက် ကိုစိုးစံ ခေါ် Stephen Campbell လှူဒါန်းတဲ့အရုပ်တွေကတော့ သိုးမွှေးရုပ်၊ ကော် ရုပ် စတဲ့ကစားအရုပ်ပေါင်း (၂၀)ကျော် လှူဒါန်းတာဖြစ်ပါတယ်။

ကိုစိုးစံ လှူဒါန်းတဲ့ ကလေးကစားစရာအရုပ်တွေကို စံပယ်ဖြူနေ့ကလေးထိန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ထက်က လက်ခံယူခဲ့တာဖြစ်ပါတယ်။ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ ကလေးငယ် (၂၂)ရောက် တက်ရောက်နေတာဖြစ်ပါတယ်။

Tuesday, July 05, 2016

လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့်လိင်ကွဲပြားမှုအခြေပြုသင်တန်းပြုလုပ်



လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့်လိင်ကွဲပြားမှုအခြေပြုသင်တန်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ရောင်ခြည်ဦး၏ခေတ္တခိုလှုံရာနေအိမ်၌ ဇူလိုင်လ ၂ ရက် နေ့ကနေ ၄ရက်နေ့အထိ (၃)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။


အဆိုပါ သင်တန်း ပထမရက်တွင် လူ့အခွင့်ရေးဆိုင်ရာများကို ကိုမျိုးကိုက ဦးဆောင် သင်တန်းပေးခဲ့တာဖြစ်ပြီး ဒုတိယနေ့တွင် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးသင်တန်းကို ကိုစိုးမိုးက သင်တန်းမှူးအဖြစ် ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းနောက်ဆုံးနေ့ဖြစ်သည့် တတိယနေ့တွင် သင်တန်းဆရာမ မသူဇာကြိုင်က ဦးဆောင်ကာ လိင်နှင့်လိင်ကွဲပြားမှုအခြေပြုသင်တန်းနှင့် လူ့အခွင့်အရေးတို့ကို ဆက်လက်သင်ကြားခဲ့ခြင်းဖြစ်ပါတယ်။


 လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နှင့်လိင်ကွဲပြားမှုအခြေပြုသင်တန်းသို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ဦး တက်ရောက်ခဲ့ကြပါတယ်။

ကျောင်းသားမိဘ ကော်မတီ အစည်းအဝေးကျင်းပ


ထိုင်း-မြန်မာနယ်စပ် မယ်တောင်ဖက်ကျေးရွာ ဖတောင်းရပ်ကွက်မှာရှိတဲ့ စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ ကျောင်းသားမိဘကော်မတီအစည်းအဝေး တရပ် ကို ဇူလိုင်လ (၃)ရက်နေ့ ညနေပိုင်းမှာ ကျောင်းကြီးကြပ်ရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးတို့က ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားမိဘကော်မတီအစည်းအဝေးမှာ ကျောင်းသားမိဘ (၂၅ ) တက်ရောက်ခဲ့တာဖြစ်ပြီး ကျောင်းသားကလေးငယ်တွေအတွက် ကျောင်းဝတ်စုံ သတ်မှတ်ဝတ်ဆင်ရေး၊ ကျောင်းသားမိဘအမည်လိပ်စာတွေပါဝင်တဲ့ ကျောင်းသားကဒ်လုပ်ဆောင်ပေးဖို့၊ ကျောင်းသန့်ရှင်းရေးနဲ့ ကလေးကစားကွင်း ပြင်ဆင်ပေးဖို့ ၊ ကျောင်းမှာ ကျောင်းသားမိဘတွေအပါအ၀င် ဒေသတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေစုပေါင်းပြီး ၀ါဆိုသင်္ကန်းကပ်လှူရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကလေးတွေအတွက် ကျောင်းဝတ်စုံဆိုတာကတော့ ပုံမှန်ကျောင်းတက်ဝတ်စုံနဲ့ အားကစားဝတ်စုံ နှစ်စုံ သတ်မှတ်ဝတ်ဆင်ဖို့နဲ့ ကျောင်းသားကလေးတွေ စနစ်တကျ ကျောင်းတက်ရောက်မှုရှိစေရန် ကျောင်းသားမိဘတွေရဲ့ လက်ရှိနေတဲ့လိပ်စာနဲ့ ဖုန်းနံပါတ်တွေကောက်ယူပြီး ကျောင်းသားကဒ်ထုတ်ပေးဖို့အတွက် အဓိကထားကာ ကျောင်းသားမိဘကော်မတီအနေနဲ့ ဆွေးနွေးသဘောတူညီချက်တွေ ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စံပယ်ဖြူနေ့ကလေးထိန်းကျောင်းကို မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က (၂၀၀၉) ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
တည်ထောင်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ' ရွေ့ပြောင်းကလေးငယ်များဘ၀ လုံးခြုံတိုးတက်စေဖို့နဲ့ ကလေးငယ်တွေရဲ့ မိဘတွေ လုပ်ငန်းခွင်မှာ နောက်ဆံမတင်းရဘဲ လွတ်လွတ်လပ်လပ် အလုပ်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ် ပြီး စံပယ်ဖြူနေ့ကလေးထိန်းကျောင်းကို ဖွင့်လှစ်ခဲ့တာ" လို့ ကျောင်းကြီးကြပ်ရေးမှူး ကိုဟိန်းကပြောပါတယ်။

စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာတော့ လက်ရှိမှာ အသက် တနှစ်ခွဲကနေ (၄)နှစ်အတွင်းက မြန်မာရွှေ့ပြောင်း မိဘတွေရဲ့ ရင်သွေးငယ် (၂၅)ယောက်ကို စနစ်တကျ ပြုစုစောင့်ရှောက်ကာ မူလတန်းပညာရေးကို တက်လှမ်းနိုင်ဖို့ ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ နှစ်စဉ် ကလေးငယ် (၄)ယောက်ကနေ (၆)ယောက်လောက်ကို မူလတန်းအဆင့်ပညာသင်ကျောင်းကို လွဲပြောင်းအပ်နှံပေးတာမျိုးတွေကိုလည်း ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှာ ကလေးငယ်တွေ ပျော်ရွှင် ကျန်းမာပြီး ကာယ ဉာဏ နှစ်ရပ်စလုံး ဖွံ့ဖြိုး တိုးတက်စေဖို့ ကျောင်းဆရာမ (၂)ဦး နဲ့ သင်ထောက်ကူ (၁)ဦးအပါအ၀င် ကျောင်း ကြီးကြပ်ရေးမှူးတို့ က ဆောင်ရွက်နေကြောင်း သိရပါတယ်။

ကျေးဇူးစကား


မဲဆောက်မြို့ မယ်ပ (၇)ရပ်ကွက်ရှိ ချန်းလု ကားဝပ်ရှော့ အလုပ်သမားတန်းလျားနေ ဦးဘရီ ဦးဆောင်တဲ့ အလုပ်သမားတွေက ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဖွင့်လှစ်ထာတဲ့ မယ်တောင်ဖက်ကျေးရွာ ဖထောင်ရပ်ကွက် တီကေကြီးစက်ရုံအနောက်ဖက်မှာတည်ရှိတဲ့ စံပယ်ဖြူ နေ့ကလေးထိန်းကျောင်းအတွက် တာယာအကွင်း (၄၉)လုံးကို လှူဒါန်းထားတာဖြစ်ပါတယ်။ ဒီတာယာကွင်းတွေကို နေ့ကလေးထိန်းကျောင်း မှာ တက်ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေအတွက် ကစားကွင်းမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။ ဦးဘရီဦးဆောင်ပြီး တာယာအကွင်း (၄၉)လုံးလှူဒါန်းမှုအတွက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ရင်သွေးလေးတွေကို ထိန်းကျောင်းပေးနေတဲ့ စံပယ်ဖြုနေ့ကလေးထိန်းကျောင်း တာဝန်ရှိသူတွေကိုယ်စား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။