Saturday, July 30, 2016

အခွင့်အရေးနဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာရဖို့ အမျိုးသမီးစကားဝိုင်း ပြုလုပ်

30 July 2016

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် ဟွေ့ကလုတ်ကျေးရွာမှာရှိတဲ့ တောင်ယာလုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အမျိုးသမီးစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။

အမျိုးသမီးစကားဝိုင်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ကိုမျိုးကို၊ ကိုစိုးမိုး၊ မသူဇာကြိုင်နဲ့ မေသင်္ကြန်မိုးတို့ (၄)ဦးက အဓိက ဦးဆောင်ပြီး အလုပ်သမားအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးတို့နဲ့ ပတ်သက်တဲ့ အသိပညာ ရရှိစေမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးစကားဝိုင်းကို တောင်ယာအလုပ်သမ (၁၈)ဦး နဲ့ အမျိုးသား (၃)ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

“အသိပညာဗဟုသုတ ကျန်းမာရေးပညာရပ်တွေ လက်လှမ်းမမှီတဲ့ သူတွေအတွက် သူတို့ ရဲ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနဲ့ ကျန်းမာရေး အသိပညာတွေရရှိစေဖို့ ရည်ရွယ်ပြီး ဒီလိုအမျိုးသမီးစကားဝိုင်းတွေကို ပြုလုပ်ရတာဖြစ်တယ်”လို့ အမျိုးသမီးစကားဝိုင်းဖြစ်မြောက်ရေး ဦးဆောင်သူက ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကနေဦးဆောင်ပြီး မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား အမျိုးသမီးစကားဝိုင်းတွေ၊ လိင်းနဲ့လိင်ကွဲပြားမှုအခြေပြု သင်တန်းအပါအ၀င် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် စက်ချုပ်သင်တန်းတွေ ပို့ချပေးတာမျိုးတွေကိုလည်း ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
 
 
 

0 comments:

Post a Comment