Monday, September 02, 2013

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြုလုပ်

၂ ရက် စက်တင်ဘ ၂၀၁၃ ခုနှစ်

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ၇ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေးနှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြသည်။ ယခုကျင်းပပြုလုပ်သော သင်တန်းကို ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်ဘာလ ၂ ရက်နေ့အထိ သုံးရက်တိုင်တိုင် ရောင်ခြည်ဦး ခေတ္တခိုလှုံရာနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

    လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးသင်တန်းဆရာဖြစ်သည့် ကိုဆက်မှ “ကိုယ့်ရဲ့ ရသင့်တဲ့အခွင့်အရေးကို ကိုယ်ကိုယ်တိုင်တောင် သတိမထားမိကြဘူး၊ ဒါကြောင့် ကျနော်တို့က သူတို့သတိမထားမိတာတွေကို သတိထားမိအောင်လို့ ဆွေးနွေးပေးကြရတာဖြစ်ပါတယ်၊ ဒီသင်တန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ၊ လိင်ကွဲပြားမှုကြောင့် ဖြစ်လာတဲ့ အကြောင်းအရာတွေကို သိရှိနားလည်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

    ၇ ကြိမ်မြောက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေးနှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်းဆရာများအဖြစ် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အုပ်ချုပ်ရေးမှူး ကိုမိုးဆွေ၊ ကိုမျိုးဇော်၊ ကိုဆက်၊ မနီနှင့် မချမ်းမြေ့တို့မှ သင်တန်းပို့ချပေးခဲ့ပြီး၊ သင်တန်းသူ/သား ၁၂ ဦးခန့် တက်ရောက်ခဲ့ကြသည်။
YCOWA

0 comments:

Post a Comment