Monday, September 02, 2013

လုပ်ခလစာတောင်းဆိုမှုကြောင့် အလုပ်ရှင်မှ စက်ရုံတွင်းမှ မောင်းထုတ် ရောင်ခြည်ဦးအဖွဲ့မှ ညှိနှိုင်းမှုကြောင့် လုပ်အားခပြန်လည်ရရှိ

၂ ရက် စက်တင်ဘာ ၂၀၁၃ ခုနှစ်

 
မဲဆောက်မြို့၊ မယ်ပကျေးရွာရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါး အလုပ်လုပ်ကိုင်နေသည့် သရဲအထည်ချုပ် (JenayJ)စက်ရုံတွင် အလုပ်ရှင်မှ လုပ်ခလစာ ထုတ်မပေးသောကြောင့် လုပ်အားခပြန်လည်ရရှိရန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၄ ဦးမှ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြတောင်းဆိုခဲ့မှုကြောင့် စက်ရုံပိုင်ရှင်မှ ဆန္ဒပြသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၄ ဦးအား စက်ရုံတွင်းမှ မောင်းထုတ်ခဲ့သည်။ 
        လုပ်အားခပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ သွားရောက်ပြီး ဥပဒေရေးရာ အကြံဥာဏ်များ တောင်းခံခဲ့ကြသည်။ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဥပဒေရေးရာဌာနမှ တာဝန်ရှိသူများက အလုပ်ရှင်နှင့် အလုပ်သမာများအား သွားရောက် ညှိနှိုင်းပေးခဲ့ကြသည်။ 
        ထို့နောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၄ ဦးမှ လုပ်အားခ ရရှိရန်ငွေ စုစုပေါင်း ၁၄၄၀၆၃ ဘတ်အား အလုပ်ရှင်မှ သြဂုတ်လ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်တွင် ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။ 
YCOWA

0 comments:

Post a Comment