Friday, August 30, 2013

လက်ခစားအထည်ချုပ်လုပ်ငန်းသစ် ၃ဝကျော် ပြည်ပမှဝင်ရောက်ရင်းနှီး လုပ်ကိုင်လာ

 ၂၀၁၃ ခုနှစ် ဩဂုတ်လကုန်အထိ လက် ခစားစနစ်ဖြင့် ရင်းနှီးလုပ်ကိုင်သည့် အထည်ချုပ်လုပ်ငန်းပေါင်း ၃၆ခု အထိရှိကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါလက်ခစားစနစ် ဖြင့်လုပ်ကိုင်သည့် အထည်ချုပ်လုပ် ငန်း ၂ရခုမှာ နိုင်ငံခြားသားနှင့် ဖက်စပ်တွဲလုပ်ကိုင်ခြင်းဖြစ်ပြီး သုံးခုမှာ နိုင်ငံခြားသားသီးသန့် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ကျန် ခြောက်ခုမှာ မြန်မာနိုင်ငံသားလုပ် ငန်းရှင်သီးသန့်ရင်းနှီးမြုပ်နှံလုပ် ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားအထည်ချုပ်လုပ် ငန်းအဖြစ်ဝင်ရောက်လုပ်ကိုင် သည့်နိုင်ငံများတွင် ဂျပန်၊ အင်္ဂလန်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အီးယူအ ဖွဲ့ဝင်နိုင်ငံများအပါအဝင် တရုတ်၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံပါဝင် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ စီးပွား ရေးငန်းရှင်ဦးမြတ်သင်းအောင် က ''နိုင်ငံထဲကို လက်ခစားဖြစ် တဲ့အထည်ချုပ်လုပ်ငန်းတွေ၊ ဖိ နပ်လုပ်ငန်းတွေလို မျိုးတွေဝင်လာ တော့ အလုပ်အကိုင်တွေပိုရတာ ပေါ့၊ ဒီလုပ်ငန်းတွေက အလုပ်သ မားအများကြီးကို အလုပ်ပေးနိုင် တာလေ၊ အခုနောက်ပိုင်းမှာ အိမ် နီးချင်းထိုင်းကိုသိပ်မသွားကြ တော့ဘူး။ မြန်မာကို စီးဝင်လာ တာများတယ်။ စင်ကာပူဆိုလဲ မရှိ သလောက်ကိုပျောက်နေပြီ''ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများတိုးပွားလာသည်ဟုဆို သော်လည်း စွမ်းအင်နှင့် ဓာတ် သတ္တုတူးဖော်ရေး၊ တွင်းထွက်ရှာ ဖွေရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ် နှံမှုမှာ ၈၅ရာခိုင်နှုန်းအထိရှိနေ ကြောင်း သိရသည်။
Credit Yangon Media Group

0 comments:

Post a Comment