Thursday, January 26, 2017

အလုံဆိပ်ကမ်းတွင် ကွန်တိန်နာနှင့် ပြည်ပတင်ပို့မည့် ကျွန်းသစ် ၃၃ တန်ကျော် ဖမ်းမိ

Image may contain: one or more people, hat and outdoor
ရန်ကုန်မြို့ အလုံဆိပ်ကမ်းမှာ ကွန်တိန်နာထဲ ကျွန်းသစ် ၃၃ တန်ကျော်ထည့်ပြီး ပြည်ပတင်ပို့ဖို့ လုပ်နေတုန်း သက်ဆိုင်ရာက တွေ့ရှိလို့ တရားခံတွေကို ရဲက စစ်ဆေးအရေးယူလိုက်ပါတယ်။

ဇန်န၀ါရီ ၂၄ ရက်က သစ်တောဦးစီးဌာနက တိုင်းညွှန်ကြားရေးမှူး ဦးသိန်းတိုးနဲ့ အဖွဲ့ဟာ သတင်းအရ အလုံမြို့နယ် ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်းအတွင်းသို့ ၀င်ရောက်စစ်ဆေးခဲ့ရာက ကျွန်းသစ်ခွဲသား ၃၃တန်ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျွန်းသစ်ခွဲသားတွေကို ပြည်ပတင်ပို့ဖို့ ရုံးလုပ်ငန်းလုပ်ဆောင်ခဲ့သူဟာ အင်းစိန်မြို့နယ်နေ မခင်ချောမြင့် ဆိုသူဖြစ်ပြီး သူ့ကို ဦးဝင်းကြိုင် ဆိုသူက ကွန်တိန်နာတလုံးကို ငွေကျပ် ၁၂၀၀၀၀ ပေးပြီး ခိုင်းခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်အရ ပဲမျိုးစုံနှင့်သစ်ရောင်းဝယ်ရေးကုမ္ပဏီတခုက မန်နေဂျင်းဒါရိုက်တာဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးနိုင်မင်းစိုး ဆိုသူက ဦးဝင်းကြိုင်ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့ကြောင်း တွေ့ရှိရပါတယ်။

တခါ တရားမ၀င် ကျွန်းသစ်ခွဲသားများ ထည့်သွင်းထားတဲ့ ကုန်သေတ္တာ ၂ လုံးအား ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန်လုပ်ငန်းများကို အဓိကပါဝင်လုပ်ဆောင် ပေးခဲ့သူမှာ ပွဲစားဖြစ်သူ ဦးအာကာဗိုလ် ဖြစ်ပြီး ဦးနိုင်မင်းစိုး၊ ဦးအာကာဗိုလ်နဲ့ မခင်ချောမြင့်တို့ကို ရဲက ဖမ်းထားပါတယ်။

ဦးဝင်းကြိုင် ဆိုသူက ရှောင်တိမ်းထွက်ပြေးနေပြီး ဖမ်းမိထားသူ ၃ဦးကို ရဲက သစ်တောဥပဒေပုဒ်မ ၄၃(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Credit: DVB

Monday, June 30, 2014

အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွား

Photo: အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွား
Saturday, June 28, 2014

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာ အနီးရှိ အုတ်လုပ်ငန်း တခု၌ ပိုက်ဆံ အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ပိုင် အချုပ်ခန်း တခု ပြုလုပ်ကာ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်လုပ်ငန်းရှင် ဦးလှကြိုင် ဆိုသူက ကိုယ်ပိုင် အချုပ်ခန်း ပြုလုပ်ကာ ၎င်းအား အုတ်ဖိုး ပိုက်ဆံကြွေးကျန် ပေး ဆပ် ရန် ကျန်နေသည့် အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲ၌ ရက်များစွာ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလုပ်သမား ခေါင်းဆောင် ကိုရှမ်းလေး ဆိုသူက တရားလိုပြုလုပ်ပြီး အလုပ်ရှင် ဦးလှကြိုင်ကို မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ဇွန်လ၂၅ ရက်က အမှုဖွင့်ထားကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ တာဝန်ကျအမှုစစ် ဒု ရဲအုပ်က ဧရာဝတီကို ပြောသည်။

“အချုပ်ခန်း ပုံစံ မဟုတ်ပေမယ့် အလုပ်သမားတွေကို အခန်းထဲမှာ ထည့်ပြီး ချုပ်ထားတော့ အရပ်အခေါ် အချုပ်ခန်း ဖြစ်နေ တာပေါ့။ အခု အမှုနဲ့ ပတ်သက်တဲ့သူတွေ အကုန်လုံးကို ခေါ်စစ်နေပါတယ်။ ဦးလှကြိုင်ကိုတော့ အာမခံ ပေးထားတယ်”ဟု အဆိုပါ အမှုကို စစ်ဆေးနေသည့် ဒုရဲအုပ်က ပြောသည်။

ဦးလှကြိုင်၏ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အနည်းဆုံး ၁၅ ဦး ရှိကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများတွင် အမျိုးသား အလုပ်သမားများ နှင့် အတူ အရွယ်မရောက်သေးသည့် အသက် ၁၂ အရွယ် မအေး သူဇာ ဆိုသော မိန်းကလေးငယ် တဦးနှင့် လက်ပံတန်း မြို့နယ်မှ လာရောက် လုပ်ကိုင်သည့် အသက်မပြည့်သေး သော မိန်းကလေးငယ် တဦးလည်း ပါဝင်သည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်နေသူ တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး(တစည) ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

“ဦးလှကြိုင်က သူ့အုတ်လုပ်ငန်းထဲမှာ အုတ်၊ သံတိုင်တွေနဲ့ တရားမ၀င် အချုပ်ခန်း ၃ ခန်း ဆောက်ထားတာ တွေ့တယ်။ ကလေးမလေး အမေက သူ့သမီး အချုပ်ခံထားရတယ် ဆိုပြီး လာပြောလို့ သွားကြည့်လို့ တွေ့တာ။ ကလေးမလေး ကိုယ် တိုင် က ၃ ရက် အချုပ်ခံထား ရတယ်လို့ ပြောတယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။

အချုပ်ခံခဲ့ရသည့် မအေးသူဇာ၏ မိခင် ဒေါ်ဌေးက“ကလေးက ဘာမှ မစားမသောက်ရဘဲနဲ့ ၃ ရက်တောင် ဖမ်းချုပ်တာ ခံရ တယ်။ သားတွေက ပြောလို့သိတာ။ ဘာမှ မကျွေးဘူး။ ဘေးက လာဝယ်ကျွေးလို့ စားရတဲ့ မုန့်လေးဘာလေးပဲ ရှိတယ်လို့ ပြော တယ်”ဟု ပြောပြသည်။

အုတ်လုပ်ငန်းရှင် ဦးလှကြိုင်က ၄င်းအနေဖြင့် အလုပ်သမားများကို ဖမ်းချုပ်ခြင်း လုံးဝ မရှိဘဲ အလုပ်သမားများကို သိပင် မသိ ကြောင်း၊ အလုပ်သမား ခေါင်းဆောင်နှင့်သာ အဆက်အသွယ် ရှိပြီး ယင်းသို့ ဖမ်းချုပ်မှုများကို ပြုလုပ်သူမှာ အလုပ် သမား ခေါင်းဆောင် ကိုရှမ်းလေးပင် ဖြစ်ကြောင်း ပြောဆိုသည်။

“အလုပ်သမားတွေက ဘာလို့ ကျနော်ကို တိုင်တာလဲ မသိဘူး။ အခုကျနော်က တရားခံ ဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့် ခံထားရ တယ်။ ရှမ်းလေးက ကျနော့်ကို ပိုက်ဆံ မပေးနိုင်ဘဲ ထွက်ပြေးတာ။ ဒီအလုပ်သမားတွေကို ကျနော်လည်း မသိဘူး။ ငွေပေး ငွေယူက အလုပ်သမားခေါင်းနဲ့ပဲ လုပ်တာ။ သူ့ဆီမှာ ကျနော် ပိုက်ဆံ ၁၂ သိန်းကျော် ရစရာ ရှိတယ်။ အလုပ်သမားတွေက လည်း အလုပ်သမားခေါင်းကို ပိုက်ဆံ လေးငါးခြောက်သောင်းဆီ ပေးစရာ ရှိတယ်။ အဲဒီလိုတော့ ချုပ်မထားနဲ့။ ပြန်လွှတ် လိုက်။ ငွေရှာရလည်း ရှာ။ ရှာမရလည်း ပြန်လွှတ်လိုက်ဆိုပြီး ပြောလိုက်တာ။သူက ပြန်လွှတ်တဲ့သူကို လွှတ်တယ် ။ မလွှတ် တဲ့သူကို မလွှတ်ဘူး။ အဲဒါကြောင့် ဒီလို ပြဿနာတွေ ပေါ်လာတာ”ဟု ဦးလှကြိုင်က ဆိုသည်။

အမှုမှာ ရှုပ်ထွေးနေသည့် အပြင် မှော်ဘီမြို့နယ် ရဲစခန်းမှ စခန်းမှူးကလည်း ယင်းပြဿနာကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ရသဖြင့် သမ္မတရုံး ၊ ပြည်ထဲရေး ၀န်ကြီးရုံး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအ၀င် ဌာနဆိုင်ရာ အသီးသီးသို့ တိုင်ကြားစာ ပို့ရန် စီစဉ်နေသည်ဟု တိုက်ကြီးမြို့နယ် တစည ပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

ဦးမြင့်သိန်းက ဆက်လက်၍“ပထမ ရဲစခန်းကို သွားတော့ ဘာအချုပ်အခန်းမှ မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ အုတ် လုပ်ငန်းထဲကို သွားရင် အလုပ်သမားတွေက ၀ိုင်းရိုက်လိမ့်မယ်လို့ ခြောက်ပြီး ကျနော်တို့ကို ပြန်လွှတ်တယ်။ နောက်ဆုံး ရဲစခန်းမှာ ခေါ်စစ်မှ အချုပ်ခန်း ရှိတယ်လို့ အလုပ်သမားတွေက ဖော်တဲ့အခါ စသုံးလုံး ၊ SB နဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ သွားစစ်ခွင့် ရတာ။ အဲဒီရောက်မှ အချုပ်ခန်းလို့ ပြောနိုင်တဲ့ အခန်း ၃ ခု အခိုင်အမာ ဆောက်ထားတာကို တွေ့ခဲ့တယ်။ အဲဒါကြောင့် အမှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စခန်းမှူးကို တိုင်မယ်”ဟု ပြောဆိုသည်။

အလုပ်သမားများအား ဖမ်းဆီးချုပ်နှောင်ထားသည် ဆိုသော အချူပ်ခန်းကို အလုပ်သမားခေါင်းဆောင် ကိုရှမ်းလေး (လက်ညှိုးထိုးပြနေသူ) က ပြသနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာ အနီးရှိ အုတ်လုပ်ငန်း တခု၌ ပိုက်ဆံ အကြွေး မဆပ်နိုင်သည့် အလုပ်သမားများကို အလုပ်ရှင်က ကိုယ်ပိုင် အချုပ်ခန်း တခု ပြုလုပ်ကာ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အုတ်လုပ်ငန်းရှင် ဦးလှကြိုင် ဆိုသူက ကိုယ်ပိုင် အချုပ်ခန်း ပြုလုပ်ကာ ၎င်းအား အုတ်ဖိုး ပိုက်ဆံကြွေးကျန် ပေး ဆပ် ရန် ကျန်နေသည့် အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲ၌ ရက်များစွာ ထားရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလုပ်သမား ခေါင်းဆောင် ကိုရှမ်းလေး ဆိုသူက တရားလိုပြုလုပ်ပြီး အလုပ်ရှင် ဦးလှကြိုင်ကို မတရားဖမ်းဆီး ချုပ်နှောင်မှုဖြင့် ဇွန်လ၂၅ ရက်က အမှုဖွင့်ထားကြောင်း မှော်ဘီမြို့နယ် ရဲစခန်းမှ တာဝန်ကျအမှုစစ် ဒု ရဲအုပ်က ဧရာဝတီကို ပြောသည်။

“အချုပ်ခန်း ပုံစံ မဟုတ်ပေမယ့် အလုပ်သမားတွေကို အခန်းထဲမှာ ထည့်ပြီး ချုပ်ထားတော့ အရပ်အခေါ် အချုပ်ခန်း ဖြစ်နေ တာပေါ့။ အခု အမှုနဲ့ ပတ်သက်တဲ့သူတွေ အကုန်လုံးကို ခေါ်စစ်နေပါတယ်။ ဦးလှကြိုင်ကိုတော့ အာမခံ ပေးထားတယ်”ဟု အဆိုပါ အမှုကို စစ်ဆေးနေသည့် ဒုရဲအုပ်က ပြောသည်။

ဦးလှကြိုင်၏ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အနည်းဆုံး ၁၅ ဦး ရှိကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများတွင် အမျိုးသား အလုပ်သမားများ နှင့် အတူ အရွယ်မရောက်သေးသည့် အသက် ၁၂ အရွယ် မအေး သူဇာ ဆိုသော မိန်းကလေးငယ် တဦးနှင့် လက်ပံတန်း မြို့နယ်မှ လာရောက် လုပ်ကိုင်သည့် အသက်မပြည့်သေး သော မိန်းကလေးငယ် တဦးလည်း ပါဝင်သည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်နေသူ တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး(တစည) ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

“ဦးလှကြိုင်က သူ့အုတ်လုပ်ငန်းထဲမှာ အုတ်၊ သံတိုင်တွေနဲ့ တရားမ၀င် အချုပ်ခန်း ၃ ခန်း ဆောက်ထားတာ တွေ့တယ်။ ကလေးမလေး အမေက သူ့သမီး အချုပ်ခံထားရတယ် ဆိုပြီး လာပြောလို့ သွားကြည့်လို့ တွေ့တာ။ ကလေးမလေး ကိုယ် တိုင် က ၃ ရက် အချုပ်ခံထား ရတယ်လို့ ပြောတယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။

အချုပ်ခံခဲ့ရသည့် မအေးသူဇာ၏ မိခင် ဒေါ်ဌေးက“ကလေးက ဘာမှ မစားမသောက်ရဘဲနဲ့ ၃ ရက်တောင် ဖမ်းချုပ်တာ ခံရ တယ်။ သားတွေက ပြောလို့သိတာ။ ဘာမှ မကျွေးဘူး။ ဘေးက လာဝယ်ကျွေးလို့ စားရတဲ့ မုန့်လေးဘာလေးပဲ ရှိတယ်လို့ ပြော တယ်”ဟု ပြောပြသည်။

အုတ်လုပ်ငန်းရှင် ဦးလှကြိုင်က ၄င်းအနေဖြင့် အလုပ်သမားများကို ဖမ်းချုပ်ခြင်း လုံးဝ မရှိဘဲ အလုပ်သမားများကို သိပင် မသိ ကြောင်း၊ အလုပ်သမား ခေါင်းဆောင်နှင့်သာ အဆက်အသွယ် ရှိပြီး ယင်းသို့ ဖမ်းချုပ်မှုများကို ပြုလုပ်သူမှာ အလုပ် သမား ခေါင်းဆောင် ကိုရှမ်းလေးပင် ဖြစ်ကြောင်း ပြောဆိုသည်။

“အလုပ်သမားတွေက ဘာလို့ ကျနော်ကို တိုင်တာလဲ မသိဘူး။ အခုကျနော်က တရားခံ ဖြစ်ပြီး ရဲစခန်းမှာ အမှုဖွင့် ခံထားရ တယ်။ ရှမ်းလေးက ကျနော့်ကို ပိုက်ဆံ မပေးနိုင်ဘဲ ထွက်ပြေးတာ။ ဒီအလုပ်သမားတွေကို ကျနော်လည်း မသိဘူး။ ငွေပေး ငွေယူက အလုပ်သမားခေါင်းနဲ့ပဲ လုပ်တာ။ သူ့ဆီမှာ ကျနော် ပိုက်ဆံ ၁၂ သိန်းကျော် ရစရာ ရှိတယ်။ အလုပ်သမားတွေက လည်း အလုပ်သမားခေါင်းကို ပိုက်ဆံ လေးငါးခြောက်သောင်းဆီ ပေးစရာ ရှိတယ်။ အဲဒီလိုတော့ ချုပ်မထားနဲ့။ ပြန်လွှတ် လိုက်။ ငွေရှာရလည်း ရှာ။ ရှာမရလည်း ပြန်လွှတ်လိုက်ဆိုပြီး ပြောလိုက်တာ။သူက ပြန်လွှတ်တဲ့သူကို လွှတ်တယ် ။ မလွှတ် တဲ့သူကို မလွှတ်ဘူး။ အဲဒါကြောင့် ဒီလို ပြဿနာတွေ ပေါ်လာတာ”ဟု ဦးလှကြိုင်က ဆိုသည်။

အမှုမှာ ရှုပ်ထွေးနေသည့် အပြင် မှော်ဘီမြို့နယ် ရဲစခန်းမှ စခန်းမှူးကလည်း ယင်းပြဿနာကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ရသဖြင့် သမ္မတရုံး ၊ ပြည်ထဲရေး ၀န်ကြီးရုံး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အပါအ၀င် ဌာနဆိုင်ရာ အသီးသီးသို့ တိုင်ကြားစာ ပို့ရန် စီစဉ်နေသည်ဟု တိုက်ကြီးမြို့နယ် တစည ပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

ဦးမြင့်သိန်းက ဆက်လက်၍“ပထမ ရဲစခန်းကို သွားတော့ ဘာအချုပ်အခန်းမှ မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ အုတ် လုပ်ငန်းထဲကို သွားရင် အလုပ်သမားတွေက ၀ိုင်းရိုက်လိမ့်မယ်လို့ ခြောက်ပြီး ကျနော်တို့ကို ပြန်လွှတ်တယ်။ နောက်ဆုံး ရဲစခန်းမှာ ခေါ်စစ်မှ အချုပ်ခန်း ရှိတယ်လို့ အလုပ်သမားတွေက ဖော်တဲ့အခါ စသုံးလုံး ၊ SB နဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ သွားစစ်ခွင့် ရတာ။ အဲဒီရောက်မှ အချုပ်ခန်းလို့ ပြောနိုင်တဲ့ အခန်း ၃ ခု အခိုင်အမာ ဆောက်ထားတာကို တွေ့ခဲ့တယ်။ အဲဒါကြောင့် အမှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စခန်းမှူးကို တိုင်မယ်”ဟု ပြောဆိုသည်။
Credit: Irrawaddy

Friday, June 27, 2014

တပ်သိမ်းမြေဧကသုံးသိန်းကျော်အနက် နှစ်သိန်းကိုးသောင်းကျော်ပြန်စွန့်ပြီးဟုဆို

နေပြည်တော်- တပ်မတော်မှ သိမ်းဆည်းမြေ ဧကသုံးသိန်းကျော်ရှိသည့်အနက် ဧကပေါင်း နှစ်သိန်း ကိုးသောင်းကျော်ကို ပြန် လည်စွန့်လွှတ်ပြီးဖြစ်ကြောင်းသ တင်းရရှိသည်။

ယခုလ ၂၄ရက်တွင် ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ တပ်မတော်မှ မောရ ၀တီ ရေတပ်စခန်းအဖြစ်သိမ်း ဆည်းထားသော ကုလားကုတ် ကျွန်းနှင့်ပတ်သက်၍ မေးမြန်းမှု ကိုကာကွယ်ရေးဝန်ကြီးဌာနဒုတိ ယ၀န်ကြီးချုပ်ဗိုလ်ချုပ်ကျော် ကျော်ညွန့်ကဖြေကြားရာတွင် အ ထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

‘‘တပ်မတော်အနေနဲ့ အပိုင်း သုံးပိုင်းခွဲပြီးသိမ်းဆည်မြေတွေကို ပြန်လည်စွန့်လွှတ်ပေးလျက်ရှိပါ တယ်။ လက်ရှိအချိန်အထိမြေဧ ကပေါင်း နှစ်သိန်းကိုးသောင်းကျော်ကိုစွန့်လွှတ်ပြီးဖြစ်ပါတယ်’’ဟု ဒုတိယ၀န်ကြီးကပြောသည်။

မိမိတို့အနေဖြင့် သိမ်းဆည်း ထားသောမြေယာများအနက်အ ကြောင်းရင်းခိုင်မာသဖြင့် မစွန့် လွှတ်သောမြေ၊ တစ်စိတ်တစ်ပိုင်း စွန့်လွှတ်သောမြေနှင့်အားလုံးစွန့် လွှတ်သောမြေဟူ၍ အပိုင်းသုံး ပိုင်းခွဲခြားဆောင်ရွက်ပေးနေပြီး တင်ပြလာမှုများရှိပါက စိစစ် ဆောင်ရွက်ပေးနေကြောင်းဗိုလ် ချုပ်ကျော်ညွန့်ကပြောသည်။

‘‘မြေတွေကတော့ ပြန်ပေး နေတယ်ကြားပါတယ်။ ကျွန် တော်တို့ ကိုင်ရတဲ့ဒေသကမြေ တွေမှာ တစ်ဝက်လောက်ကတော့ ပြန်ရတယ်လို့ကြားပါတယ်။ တပ် မတော်အနေနဲ့ကလည်း လွှတ် တော်မှာ ၀န်ကြီးလာရှင်းပြီးမကြာ မီမှာပဲ ကော်မတီဖွဲ့ပြီး စွန့်လွှတ် မြေတွေပြန်ပေးနေပါတယ်’’ဟု လယ်ယာမြေစုံစမ်းရေးကော်မ ရှင်အဖွဲ့ဝင်တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကပြောသည်။

နိုင်ငံတစ်ဝန်းသိမ်းဆည်း ထားသော လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ရာတွင်တပ်မ တော်မှ သိမ်းဆည်းခံပြည်သူများ သို့ တိုက်ရိုက်ပြန်လည်ပေးအပ် ခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီး ဌာနမှ တစ်ဆင့်ပြန်လည်လွှဲ ပြောင်းပေးခြင်းဖြစ်ကြောင်းဗိုလ် ချုပ်ကျော်ညွန့်ကပြောသည်။
Credit: 7Day Daily

လယ်ယာမြေပြန်လည်ရရှိရေးအတွက် လယ်သိမ်းခံ တောင်သူ ၂၀ဝကျော် ထွန်တုံး တိုက်ပွဲဆင်နွှဲ

ကျောက်ဆည်၊ ဇွန် ၂၅- မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ နယ် တက်မျှောကျေးရွာ မှလယ်ယာမြေ သိမ်းဆည်းခံတောင် သူ ၂၀ဝကျော်က မိမိတို့ထံမှနစ်နာ ကြေးမပေးဘဲ သိမ်းယူသွားသော လယ်ယာမြေများ ပြန်လည် ရရှိရေး နှင့် အချိန်မီထွန်ယက်စိုက်ပျိုးလုပ် ကိုင်နိုင်ရေးအတွက် ဇွန်၂၅ရက် နံ နက် ၉ နာရီက နွား ခုနစ်ရှဉ်းဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း တက်မျှောကျေး ရွာနေ လယ်ယာ မြေသိမ်းဆည်းခံတောင်သူ ဦးကျော် အေးက ပြောသည်။

အဆိုပါ သိမ်းဆည်းခံလယ် ယာမြေများသည် တော်လှန်ရေးအ စိုးရတက်ခါစ ၁၉၆၇-၁၉၆၈ခုနှစ်က ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ တည်ဆောက်ရန် အတွက်ဟုဆိုကာ တက်မျှော၊ ပလိပ်ကား ဆိပ်နှင့် နောက် တော် ပါကျေးရွာ တို့မှ တောင်သူများ ထံမှ နစ်နာကြေးလုံးဝမပေးဘဲ သိမ်း ယူသွားခဲ့ပြီး စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်တွင်K.P.K ကုမ္ပဏီမှ လယ်ယာမြေအချို့ကို လွှဲပြောင်းရ ယူခဲ့ပြီး စက္ကူစက်ရုံတည်ဆောက် ခဲ့သည်။ ၂၀၀ဝပြည့်နှစ်တွင် ဓာတ် ငွေ့ထိန်း စခန်းစက်ရုံ၊ ၂၀၀၂ခုနှစ် တွင် ပျော့ဖတ်စက်ရုံများ တည်ဆောက် ခဲ့ကြောင်း သိရသည်။

''သူတို့ဘက်ကစက်ရုံတွေဆောက် ပြီး ကျန်ရှိနေတဲ့ပလပ်လယ်မြေဧက ၈ဝကျော် ကို တောင်သူတွေပြန်လည် ရရှိပြီး အချိန်မီစိုက် ပျိုးလုပ် ကိုင်နိုင် ရေး အတွက်နဲ့ ဆင်းရဲပင်ပန်းစွာကြုံ ရာအလုပ်တွေကို လုပ်ကိုင်စားသောက် ပြီး ဘဝကိုကြုံ သလိုရပ်တည်နေကြ ရသော လယ်ယာမြေမဲ့ဘဝရောက် သွားရတဲ့ တောင် သူတွေ အတွက် ယခု လို ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ရတာပါ'' ဟု ဦးကျော်အေးက ဆက်လက်ပြော ကြားသည်။

အဆိုပါထွန်တုံးတိုက်ပွဲကို ဇွန် ၂၄ရက်မှ ၂၈ ရက်အထိ လူအင်အား ၂၀၀ ကျော် က နွားခုနစ်ရှဉ်းဖြင့် ထွန်ယက်သွားမည်ဖြစ်ကြောင်း သိ ရသည်။ စဥ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် များနှင့်တာဝန်ရှိအဖွဲ့အစည်းအသီး သီးတို့က လာရောက်စောင့်ကြည့် နေကြသော် လည်း နှောင့်ယှက်ဟန့် တားမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
Credit: Yangon media Group

Wednesday, June 25, 2014

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ

ရန်ကုန်၊ မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူလယ်သမား ၁၉ဦးကို ဇွန် ၂၃ရက်တွင် ထားဝယ်ခရိုင် ဒု-ဦးစီးမှုး ဦးမျိုးနိုင်က တရားလိုပြု၍ ပုဒ်မ၅ခုဖြင့် အမှုဖွင့်လိုက်သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြာသည်။

"ကျွန်တော်တို့ကို ပုဒ်မ ၅ခုနဲ့ တရားစွဲထားတယ်၊ ကျွန်တော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ထားတယ်၊ ရုံးချိန်ကို ၂၆ရက်နေ့ ပြန်ချိန်းထားတယ်၊ ကျွန်တော်တို့ကို
ပေးတဲ့ သုံးဧကကို တစ်ကွက်နှုန်းကတော့ လုံးဝလက်မခံဘူး၊ ကျွန်တော်တို့ တစ်ဧကကို တစ်ကွက်နှုန်းရအောင် တောင်းဆိုသွားမယ်" ဟု ၎င်းကပြောသည်။
ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ကို မြေစာရင်းဦးစီးဌာနက ၃ဧကလျင် ပေ၄၀×၆၀တစ်ကွက်နှုန်းဖြင့် ဇွန်လ
၃ရက်က ပြန်ပေးရာ တစ်ဦးသာ လက်ခံခဲ့ပြီး ၁၉ဦးက လက်မခံဘဲ မြေစာရင်းဦးစီးက ဝန်ထမ်းများ၊ ရဲအာဏာပိုင်များနှင့် အငြင်းပွားခဲ့သည့်အတွက် ထိုနေ့က လယ်သမားများကို ခေတ္တထိန်းသိမ်းခဲ့ပြီး ယခုအခါ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

အမှုဖွင့်ခံရသည့် လယ်သမားများက ဇွန် ၂၃ရက်တွင် ထားဝယ်တရားရုံး၌ ကိုယ်တိုင် အမခံလက်မှတ်ရေးထိုး၍ ဇွန်၂၆ရက်သို့ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့သည်။

လယ်သမားများကို သက်သေခံ ပစ္စည်း ဖျောက်ဖျက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှု၊ နာကျင်စေမှု၊ ပူးပေါင်းပါဝင်မှု စသည့် ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၀၁၊ ပုဒ်မ ၁၁၄တို့ဖြင့် ထားဝယ်ခရိုင် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု အမှုဖွင့်ခံရသူ တစ်ဦးဖြစ်သည့် ဒေါ်ရီရီထွေးက ပြောသည်။
" ဒီပုဒ်မတွေက ကျွန်မတို့ တစ်ခုမှ မကျူးလွန်းဘူး လယ်ထဲမှာ ကွက်ရိုက်တုန်းက ကျွန်မတို့တွေက တားတယ်၊ သဘောတူထားတဲ့ လယ်ကွက်တွေကို
ကွက်ရိုက်တာက ကိစ္စမရှိဘူး ကျွန်မတို့ သဘောမတူ ထားတဲ့ မြေကွက်တွေအပေါ်မှာ ကွက်ရိုက်လို့တားတယ်၊ အဲဒီ့အချိန်တုန်းက လူတွ အများကြီးရှိတယ် လုံးဝလုပ်ကြံပြီး အမှုဖွင့်တယ်" ဟုပြောသည်။
လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို သိမ်းဆည်းကာ ထိုလယ်ယာမြေကို အကွက်များရိုက်၍ သုံးဧကလျင် တစ်ကွက် ပြန်ပေးသဖြင့် လက်မခံကြခြင်းဖြစ်ပြီး တစ်ဧကလျင် တစ်ကွက်နှုန်း ပေးမည်ဆိုပါကမူ ညှိနှိုင်းပေးမည်ဟုလည်း ဆိုသည်။

ထားဝယ်မြို့ ဆန်ချီရပ်ကွက်က လယ်သမားများသည် ယင်းမြေကွက်များပေါ်တွင် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊၂၀၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံ အသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉၀ခုနှစ်က ကတည်းက သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။
Credit: Mizzima

သိမ်းဆည်းမြေ ဧက ၁၀၀၀ ယာယီလုပ်ခွင့် ပြန်ပေး

Photo: သိမ်းဆည်းမြေ ဧက ၁၀၀၀ ယာယီလုပ်ခွင့် ပြန်ပေး
Wednesday, June 25, 2014

ကယားပြည်နယ် လွိုင်ကော်မြို့မှာ လောပိတ ရေအား လျှပ်စစ် လုံခြုံရေးအတွက် သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက ဧကတစ်ထောင်ကို လွိုင်ကော်မြို့နယ် မထောခူကျေးရွာမှာ ဒီနေ့ အခမ်းအနားကျင်းပပြီး ပြည်နယ်အစိုးရ က တောင်သူတွေထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

လွိုင်ကော်မြို့နယ် လောပိတနဲ့ မထောခူ ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသ ခံတောင်သူ ၃၀၀ လောက်ကို ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးတာဖြစ်ကြောင်း လွိုင်ကော် မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေက ပြောပါတယ်။

"အမှတ် ၃၆၂ ခြေမြန်တပ်ရင်းကနေပြီးတော့ လွှဲပြောင်းပေးအပ်တဲ့ ၁၆၃၇ ဧကထဲကနေပြီးတော့မှ သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ လယ်သမားများက လျှောက် ထားလာပါတယ်၊ လျှောက်ထားလာမှုကို ကျေးရွာအုပ်စုအဆင့်မှာရှိတဲ့ မြေယာစိစစ်မှုကော်မတီရယ်၊ မြို့နယ်မြေယာစစ်ဆးမှုကော်မတီရယ် အဆင့်ဆင့်က စိစစ်ပြီးတဲ့အချိန်မှာ ရှင်းရှင်းလင်းလင်းနဲ့ ပေးလို့ရတဲ့ လယ်သမားများကို ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ခြင်းလည်းဖြစ်ပါတယ်၊ အဲဒီမှာလျှောက်ထားတဲ့ တောင်သူ များထဲကနေပြီးမှ ၂၉၂ ဦးကို ယာယီမှတ်ပုံတင်လက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က အမှတ် ၃၆၂ ခြေမြန်တပ်ရင်းက လောပိတ ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေး အတွက် လောပိတနဲ့ မထောခူ ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၁၀ ရွာလောက်က လယ်မြေဧက သောင်းဂဏန်း နီးပါးကို သိမ်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို တောင်သူတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ ယာယီလက်မှတ် ထုတ်ပေးတာဟာ လွိုင်ကော်မြို့မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီနေ့ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့၊ လွိုင်ကော်မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA
ကယားပြည်နယ် လွိုင်ကော်မြို့မှာ လောပိတ ရေအား လျှပ်စစ် လုံခြုံရေးအတွက် သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက ဧကတစ်ထောင်ကို လွိုင်ကော်မြို့နယ် မထောခူကျေးရွာမှာ ဒီနေ့ အခမ်းအနားကျင်းပပြီး ပြည်နယ်အစိုးရ က တောင်သူတွေထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

လွိုင်ကော်မြို့နယ် လောပိတနဲ့ မထောခူ ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသ ခံတောင်သူ ၃၀၀ လောက်ကို ယာယီလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးတာဖြစ်ကြောင်း လွိုင်ကော် မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေက ပြောပါတယ်။

"အမှတ် ၃၆၂ ခြေမြန်တပ်ရင်းကနေပြီးတော့ လွှဲပြောင်းပေးအပ်တဲ့ ၁၆၃၇ ဧကထဲကနေပြီးတော့မှ သက်ဆိုင်ရာကျေးရွာမှာရှိတဲ့ လယ်သမားများက လျှောက် ထားလာပါတယ်၊ လျှောက်ထားလာမှုကို ကျေးရွာအုပ်စုအဆင့်မှာရှိတဲ့ မြေယာစိစစ်မှုကော်မတီရယ်၊ မြို့နယ်မြေယာစစ်ဆးမှုကော်မတီရယ် အဆင့်ဆင့်က စိစစ်ပြီးတဲ့အချိန်မှာ ရှင်းရှင်းလင်းလင်းနဲ့ ပေးလို့ရတဲ့ လယ်သမားများကို ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ခြင်းလည်းဖြစ်ပါတယ်၊ အဲဒီမှာလျှောက်ထားတဲ့ တောင်သူ များထဲကနေပြီးမှ ၂၉၂ ဦးကို ယာယီမှတ်ပုံတင်လက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က အမှတ် ၃၆၂ ခြေမြန်တပ်ရင်းက လောပိတ ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေး အတွက် လောပိတနဲ့ မထောခူ ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၁၀ ရွာလောက်က လယ်မြေဧက သောင်းဂဏန်း နီးပါးကို သိမ်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို တောင်သူတွေကို ပြန်လည်လုပ်ပိုင်ခွင့်ပေးဖို့ ယာယီလက်မှတ် ထုတ်ပေးတာဟာ လွိုင်ကော်မြို့မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီနေ့ လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့၊ လွိုင်ကော်မြို့နယ် မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနဲ့ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
Credit: RFA

မသုံးတဲ့ အသိမ်းခံ လယ်မြေ တောင်သူများဝင်ရောက် စိုက်ပျိုး

Photo: မသုံးတဲ့ အသိမ်းခံ လယ်မြေ တောင်သူများဝင်ရောက် စိုက်ပျိုး
Wednesday, June 25, 2014

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက္ကူစက်ရုံတည်ဆောက်ဖို့နဲ့ ၀ါစိုက်ခင်းစီမံကိန်းအတွက် သိမ်းထားတဲ့လယ်ယာမြေဧက ၁ ထောင်ကျော်ထဲက ပိုနေတဲ့ဧက ၅၀၀ ကျော်မှာ တောင်သူတွေက ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။ 

ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တက်မျှောကျေးရွာက တောင်သူ ဒေါ်တင်တင်စန်းက အခုလို ပြောပါတယ်။ 

"စက္ကူစက်ရုံ ဝန်ထမ်းအိမ်ယာတွေပေါ့နော် ဆောက်ထားတဲ့ မြေတွေ ကျမတို့မြေတွေပါ၊ အဲ့တော့ လွတ်လပ်တဲ့မြေလေးတွေကို ကျမတို့ လုပ်ကိုင်စားချင်ပါတယ်၊ မလွတ်လပ်လို့ သိမ်းဆည်းထားတဲ့မြေလေးတွေကို ကျမတို့အနေနဲ့ နစ်နာကြေးလေးလေးရအောင်လို့ ကျမတို့ လိုချင်ပါတယ်၊ တောင်းဆိုပါတယ်၊ စက်က္ကူစက်ရုံနဲ့ မလွတ်တဲ့မြေတွေကို သိမ်းဆည်းထားတဲ့မြေတွေကို ကျမအနေနဲ့ လျော်ကြေးလိုချင်ပါတယ်၊ အဲ့လျော်ကြေးဆိုတာလည်း ကာလပေါက်တဲ့တန်ကြေးကို ကျမလိုချင်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကစပြီး စက်မှုဝန်ကြီးဌာနက စက္ကူ စက်ရုံနဲ့ ဝါစိုက်ခင်းစီမံကိန်းအတွက် စဥ့်ကိုင်မြို့နယ် တက်မျှောကျေးရွာက လယ်ယာမြေဧက တစ်ထောင်ကျော်ကို သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

သိမ်းထားတဲ့ လယ်ယာမြေဧက ၁ထောင်ကျော်ထဲက ဧက ၅၀၀လောက်မှာ စက္ကူစက်ရုံနဲ့ ၀န်ထမ်းအိမ်ယာတွေ ဆောက်လုပ်ထားပြီး အသုံးမပြုဘဲ ပိုလျှံနေတဲ့ မြေတွေကို သီးစားချထားတယ်လို့ သိရပါ တယ်။

RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက္ကူစက်ရုံတည်ဆောက်ဖို့နဲ့ ၀ါစိုက်ခင်းစီမံကိန်းအတွက် သိမ်းထားတဲ့လယ်ယာမြေဧက ၁ ထောင်ကျော်ထဲက ပိုနေတဲ့ဧက ၅၀၀ ကျော်မှာ တောင်သူတွေက ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တက်မျှောကျေးရွာက တောင်သူ ဒေါ်တင်တင်စန်းက အခုလို ပြောပါတယ်။

"စက္ကူစက်ရုံ ဝန်ထမ်းအိမ်ယာတွေပေါ့နော် ဆောက်ထားတဲ့ မြေတွေ ကျမတို့မြေတွေပါ၊ အဲ့တော့ လွတ်လပ်တဲ့မြေလေးတွေကို ကျမတို့ လုပ်ကိုင်စားချင်ပါတယ်၊ မလွတ်လပ်လို့ သိမ်းဆည်းထားတဲ့မြေလေးတွေကို ကျမတို့အနေနဲ့ နစ်နာကြေးလေးလေးရအောင်လို့ ကျမတို့ လိုချင်ပါတယ်၊ တောင်းဆိုပါတယ်၊ စက်က္ကူစက်ရုံနဲ့ မလွတ်တဲ့မြေတွေကို သိမ်းဆည်းထားတဲ့မြေတွေကို ကျမအနေနဲ့ လျော်ကြေးလိုချင်ပါတယ်၊ အဲ့လျော်ကြေးဆိုတာလည်း ကာလပေါက်တဲ့တန်ကြေးကို ကျမလိုချင်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကစပြီး စက်မှုဝန်ကြီးဌာနက စက္ကူ စက်ရုံနဲ့ ဝါစိုက်ခင်းစီမံကိန်းအတွက် စဥ့်ကိုင်မြို့နယ် တက်မျှောကျေးရွာက လယ်ယာမြေဧက တစ်ထောင်ကျော်ကို သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

သိမ်းထားတဲ့ လယ်ယာမြေဧက ၁ထောင်ကျော်ထဲက ဧက ၅၀၀လောက်မှာ စက္ကူစက်ရုံနဲ့ ၀န်ထမ်းအိမ်ယာတွေ ဆောက်လုပ်ထားပြီး အသုံးမပြုဘဲ ပိုလျှံနေတဲ့ မြေတွေကို သီးစားချထားတယ်လို့ သိရပါ တယ်။
Credit: RFA

Tuesday, June 24, 2014

မိကျောင်းကန်မြေဆန္ဒပြတောင်းဆိုသူများ ရိက္ခာအတွက် အလှူခံထွက်

 ကျောက်တံတား မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်း ခြံလမ်း၊ (ပန်းခြံဘေး)တွင် မိမိတို့၏ အသိမ်း ဆည်းခံမြေ များ အတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုနေကြ သည့် သပိတ်စခန်းမှ အင်အား၂ဝခန့် သည် ဇွန် ၂၁ရက်နံနက်က ကြည့် မြင် တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ထီးတန်းဈေးကြီးတစ်လျှောက် ရိက္ခာ အတွက် အလှူခံထွက်ခဲ့ကြသည်။
အလှူခံထွက်သူတို့၏ ကိုင် ဆောင်လာသော စာတန်းမှာ''အဓမ္မ မြေအသိမ်းခံမိကျောင်းကန်ပြည်သူ များ၏သပိတ်စခန်းမှ အဘိုး အဘွားများ စားနပ်ရိက္ခာများလိုအပ်နေပါသဖြင့် စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။ မိကျောင်းကန်အပိုင်း (၁/၂/၃)ပြည် သူများ''ဟုဖြစ်သည်။

ယင်းတို့မှပြီးခဲ့သော ရက်များ ကလည်း သင်္ဃန်းကျွန်းဈေး၊ ရန်ကင်း ဈေး၊ တာမွေဈေး၊ ၂၆လမ်းဈေး၊ ဘို ကလေးဈေး၊ ရာပြည့်ဈေးများသို့ဝင် ရောက် အလှူခံထွက်ခဲ့ကြသည်ဟု ပါဝင်သူတစ်ဦးကပြောပြသည်။
လိုက်ပါလာသူ အမျိုးသမီးကြီး တစ်ဦးက ''ဈေးကြီးတွေတော့ဘယ် ဝင်လို့ရမလဲ...၊ အခုလိုအကာ အရံမရှိတဲ့ဈေးတွေ လှူမယ့်သူရှိမယ့် ဈေးတွေကို အဓိကထားဝင်ခဲ့ပါတယ်။ ဟန့်တားတာတွေ၊ အနှောင့်အယှက် ပေးတာတွေမရှိခဲ့ပါဘူး။ အခုထိ ကြည့်မြင်တိုင်တစ်ဈေးပဲ ထောက်လှမ်း ရေးတွေ ရဲတွေတစ်ကောက်ကောက် လိုက်တာပဲ ခံရပါတယ်''ဟုဆိုသည်။
နောက်ရက်များတွင်လည်း ယခု ကဲ့သို့ပင် အဆင်ပြေသည့်ဈေးများ သို့ ဝင်ရောက်အလှူသွားမည်ဟုသိ ရသည်။

M T K
Democracy today Daily Newspaper

Tuesday, June 10, 2014

ဘတ်သန်း ထောင်ချီ မူးယစ်ဆေးရောင်းရငွေလွှဲဂိုဏ်း ဖမ်းမိ

ကုမ္ပဏီပိုင်ရှင်အမျိုးသမီးနှင့်အတူ ထိုင်းရဲအရာရှိများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးရောင်းရငွေ ဘတ်သန်းပေါင်းထောင် နဲ့ချီပြီး လွှဲပြောင်းပေးနေတဲ့ ငွေလွှဲဂိုဏ်းကြီးတခုကို ၀င်ရောက်စီးနင်း ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ စုစုပေါင်း အင်အား ၁၀၀ ကျော်ဟာ ဇွန်လ ၈ ရက် မနက် ၉ နာရီအချိန်က မဲဆောက်မြို့ မယ်တော်ရပ်ကွက်မှာရှိတဲ့ အိမ်တအိမ်ကို ၀င်ရောက်စီးနင်းပြီး ဘတ်သန်းပေါင်း ၂၀၀ ကျော်ရှိ ဘဏ်စာအုပ်ပေါင်း ၇၀ နဲ့ အဲဒီအိမ်ရှင် ပိုင်ဆိုင် တဲ့ နေ အိမ်၊ ခြံမြေနဲ့ မော်တော်ကားတွေပါ သိမ်းဆည်းလိုက်ပါတယ်။

ဒါ့အပြင် အိမ်ပိုင်ရှင်လည်းဖြစ်၊ နခွန်းမဏီးကုမ္ပဏီပိုင်ရှင်လည်းဖြစ်တဲ့ ထိုင်းအမျိုးသမီး နန်းမဏီး ခမ်းဖီးရ အသက် ၅၂ နှစ် ကိုလည်း ဖမ်းဆီးထားပြီး အခြား မြန်မာနိုင်ငံသား ၆ ဦးဖြစ်တဲ့ မထီးဒါးစိုး၊ ကိုနေလင်း၊ မင်းကိုနိုင်၊ မမိုးမိုး၊ မရှာဖီ ယာပိ နဲ့ ကျန်ထကျတ်ကဖန်း တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းမူးယစ်ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

နခွန်းမဏီး ကုမ္ပဏီဟာ ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးကို ဘန်းပြပြီး မူးယစ်ဆေး ၀ါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တယ်လို့ ကြိုတင်သတင်းရထားချက်အရ လွန်ခဲ့တဲ့ မတ်လကစပြီး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ကာ သက်သေအထောက်အထားတွေရမှ ခုလိုဝင်ရောက်ဖမ်းဆီးတာလို့ ထိုင်းမူးယစ်တပ်ဖွဲ့က ရဲဗိုလ်ချုပ်ကြီး ဖုန်းဆဖတ် ဖုန်းကျရုန်း က သတင်းထောက်တွေ ကို ပြောပါတယ်။

ရဲတွေ ၀င်ဖမ်းတဲ့ခါ နန်းမဏီး ခမ်းဖီးရက သူ့အနေနဲ့ ဘာမှမသိရပါကြောင်း ငြင်းဆို ထားပြီး ရဲဗိုလ်ချုပ်ကြီးကတော့ သူ့ကို စုံစမ်းစစ်ဆေးရေးအရာရှိတွေဆီမှာ အမှန်အတိုင်း ထွက်ဆိုဖို့ ပြောသွားပါတယ်။

“ဒါဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းကို အားပေး အားမြှောက်ပြုနေတာ၊ သူတို့က မူးယစ်ဆေးဝါးတွေကို ရပ်ထဲရွာထဲမြို့ထဲ လိုက်ရောင်းတယ်၊ ပြီးတော့ အဲဒီကရတဲ့ ပိုက်ဆံနဲ့ ဘဏ်စာအုပ်တွေထဲထည့်တယ်။ ပြီးတော့ ခင်ဗျားဘဏ်စာအုပ်၊ ခင်ဗျားနဲ့ ပတ်သက်တဲ့ လူတွေရဲ့ စာအုပ်တွေထဲ ၀င်လာတယ်၊ အဆင့်ဆင့်လွှဲကြတယ်။ အကြောင်းအရာတွေက ထင်ရှားရင် အပြစ်ကျခံရမှာပေါ့။ ဒီခြံတွေ၊ အိမ်တွေ၊ ကားတွေက မူးယစ်ဆေးနဲ့ မပတ်သက်ရင် ပြစ်ဒဏ်မကျဘူးပေါ့။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးရဲအဖွဲ့ကို အမှန် အတိုင်းဖွင့်ပြောပါ။”

ကနဦးစုံစမ်းချက်တွေအရ အဲဒီငွေလွဲဂိုဏ်းဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မော်လမြိုင်၊ မြ၀တီ စတဲ့မြို့ကြီးတွေမှာလည်း အခြေစိုက်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ငွေတွေ လွှဲပြောင်းနေကြောင်း၊ ဘဏ်စာအုပ် အထောက်အထားတွေအရ နှစ်စဉ်လည်ပတ်ငွေ ဘတ်သန်းပေါင်း ၂၄၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နန်းမဏီးဟာ မြန်မာနိုင်ငံက အဖွဲ့ဝင်တွေ ထိုင်းမှာ လာလှုပ်ရှားလို့ရအောင် နေရာထိုင်ခင်း၊ သွားလာမှုတွေ စီစဉ်ပေးကာ တချို့ကို အလုပ်ပိုင်ရှင်အမည်ခံပြီး အလုပ်သမားကတ်တွေ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒီအမှုနဲ့ ဆက်နွှယ်နေတဲ့ မြန်မာ ၆ ဦးလုံးစလုံး ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရမိဖို့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့ကို အကြောင်းကြားထားကြောင်း၊ တချိန်တည်းမှာပဲ မြန်မာပြည်တွင်းက သူတို့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့ရှိကြောင်း၊ လက်ဝယ်ရထားတဲ့ ဘဏ်စာအုပ် ၇၀ ကနေတဆင့် ငွေအမြောက်အမြား လွှဲထားတဲ့ အခြားဘဏ်စာအုပ်တွေပါ စစ်ဆေးဖော်ထုတ်သွားမယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ကြေညာ ချက်ထုတ်ပြန်ထားပါတယ်။

ဒီတကြိမ် ဖမ်းဆီးမှုဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရလာတဲ့ ငွေလွှဲပြောင်းမှု လမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်တောက်နိုင်ခဲ့တယ်လို့ ရဲဗိုလ်ချုပ်ကြီး ဖုန်းဆဖတ် ဖုန်းကျရုန်းက သတင်းထောက်တွေကို ပြောပါတယ်။
Credit: DVB

လုပ်ငန်းရှင်နှင့် အလုပ်သမား မညှိနှိုင်းရင် အထည်ချုပ်လုပ်ငန်း တိုးတက်ရန်မလွယ်

လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
အလားအလာကောင်းဖြစ် တယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
အထည်ချုပ်လုပ်ငန်းပြန်လည် ဦးမော့ရေးနဲ့ပတ်သက်လို့ ဦးမြင့်စိုးကို ဒီဗွီဘီသတင်းထောက်အေးနိုင် က မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်
Credit: DVB

လျော်ကြေးမယူသည့် တောင်သူ ၁၇ ဦး ရဲတပ်ရင်း ခြံစည်းရိုးခတ်သည်ကို တားမြစ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာ အနီးတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ရဲတပ်ရင်း (၂၈) က ဇွန်လ ၈ ရက် နေ့တွင် ခြံစည်းရိုး ခတ်သည်ကို လျော်ကြေး ယူထားခြင်း မရှိသည့် ထန်းတက် တောင်သူ ၁၇ ဦးက တားမြစ်ခဲ့ကြောင်း အုံတုံပင်ကျေးရွာ ဒေသခံများက ပြောကြားသည်။

“ထန်းပင်လျော်ကြေး ယူမထားတဲ့ ထန်းတက်တောင်သူ ၁၇ ဦး ရှိတယ်။ ကျွန်တော်တို့က ထန်းတက်တဲ့ အလုပ်ပဲ လုပ်ကိုင်တတ်တော့ ဒီအလုပ်မှ မလုပ်ရရင် တခြားအလုပ်လည်း လုပ်စရာ မရှိဘူး။ လျော်ကြေးကို မလိုချင်တဲ့အတွက် ခြံစည်းရိုးခတ်တာကို လာတားတာပါ” ဟု အုံတုံပင်ကျေးရွာ ထန်းတက်တောင်သူ တစ်ဦးက ပြောဆိုသည်။

ဒေသခံများကို ညှိနှိုင်းရန် အကြိမ်ကြိမ် ခေါ်သော်လည်း ၎င်းတို့က လာရောက် ညှိနှိုင်းခြင်းမရှိဘဲ တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ချိန်များတွင် လာရောက် တားမြစ်မှုများ ရှိကြောင်း၊ ဒေသခံများ လာရောက်တားပါက လုပ်ငန်းမလုပ်ဘဲ ရပ်ဆိုင်းထားရကြောင်း၊ ရဲတပ်ရင်း (၂၈) တည်ဆောက်မှုသည် လန ၃၉ ကျထားပြီး ဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းမြေနေရာကို အောင်ဇေယျ မြို့ကွက်သစ် ဖော်ဆောင်ရန်အတွက် ၂၀၁၁ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဧကပေါင်း ၄၂၉ ဒသမ ၅၂ ဧကကို မြို့ကွက်သစ် ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် ယင်းမြို့ကွက်သစ် ဧရိယာအတွင်း ၈၆ ဒသမ ၇၀ ဧက အသုံးပြုမည် ဖြစ်ကြောင်း စစ်ကိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၏ မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ မြေများကို၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ နှင့်အညီ စိစစ်ဆောင်ရွက်ပြီး မြို့တိုးချဲ့မြေအဖြစ် အသုံးပြုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့သဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဖြေကြားခဲ့သည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံတောင်သူ ၅၀ ဦးခန့်ထံမှ မြေယာများ သိမ်းဆည်းခဲ့သော်လည်း မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက မြေတစ်ဧက သိမ်းဆည်းခံရ သူတိုင်းကို ပေ ၈၀ xပေ ၆၀ ကျယ်ဝန်းသည့် မြေကွက်နှစ်ကွက် ပြန်လည်ရရှိမည်ဟု တာဝန်ရှိသူများဖြင့် သဘောတူထားကြောင်း၊ လက်ရှိတွင် ၃၇ ဦးသာ သဘောတူပြီး ကျန် ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ယင်းမြေယာ ကိစ္စရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူအချို့ ထိပ်တိုက်တွေ့ဆုံမှု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဒေသခံ တောင်သူအချို့က လုပ်ကိုင် စားသောက်စရာ မရှိတော့ဟုဆိုကာ လမ်းပေါ်ထွက်၍ တောင်းရမ်းမှုများလည်း အုံတုံပင်ဒေသတွင် ဖြစ်ပွားခဲ့ဖူးသည်။
Credit: The Voice Weekly

Friday, June 06, 2014

ကလောမြို့နယ် ခနောက်စိမ်း သတ္တုကျိုချက်စက်ရုံ အနံ့များကြောင့် ဒေသခံတို့ ကျန်းမာရေး အန္တရာယ်ကြုံတွေ့နေရဟုဆို


 ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း ကျေးရွာ အုပ်စု၊ ဘော်ဆိုင်း ကျေးရွာ အနီးရှိ ခနောက်စိမ်း သတ္တုကျိုချက် လုပ်ကိုင်လျက်ရှိသည့် အင်းလေး သံလွင်ကုမ္ပဏီ လုပ်ငန်းခွင်မှ ထွက်ရှိ လာသည့် မီးခိုးငွေ့ နှင့် အနံ့ဆိုးများကြောင့် ဒေသခံ ပြည်သူများ ကျန်းမာရေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု ကံဦးရပ်ကွက်နေ ဒေသခံ ဒေါ်သင်းသင်းက မဇ္ဈိမကို ပြောသည်။

"မိုးရေကြိုသောက်ရင် သန့်မယ် ထင်ထားတာ၊ အခု ရေသန့်တိုင်း ကိရိယာနဲ့ တိုင်းတဲ့အခါကျတော့ ကြိုချက်ထားတာတောင် အနီရောင် အမှတ်ပြနေတယ်၊ ရေတွေလည်း ခဲဆိပ်ဖြစ်နေပြီ" ဟု ဒေသခံ ဒေါ်သင်းသင်း ကဆိုသည်။

အဆိုပါ ခနောက်စိမ်း သတ္တုတူးဖော်နေသည့် ကုမ္ပဏီသည် ဘော်ဆိုင်းကျေးရွာအုပ်စု အဝင် ၁ မိုင်ခွဲခန့်အကွာတွင် လုပ်ကိုင်နေခြင်းဖြစ်ပြီး မီးခိုးများနှင့် အနံအသက်များသည် ဘော်ဆိုင်းကျေးရွာအုပ်စုသို့ တိုက်ရိုက်ဝင်ရောက် လျက်ရှိသည်ဟု ဘော်ဆိုင်းကျေးရွာအုပ်စု ဒေသခံ ကျေးရွာသူ၊ ရွာသားများက ဆိုသည်။

" အခု ဒီကုမ္ပဏီက ခဏနားနေတယ်၊ နားတယ်ဆိုတာလည်း ပစ္စည်းပျက်လို့နားတဲ့ ပုံစံပဲဖြစ်တယ်၊ ခံစားနေရတဲ့ အနံ့က တအားဆိုးတာ ရှူပြီးရင် အားမရှိသလို ခံစားရတော့ ကြာလာရင် အဆုတ်ကို ထိခိုက်မှာ စိုးရိမ်နေတယ်" ဟု ဒေသခံ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်မြင့်က ဆိုသည်။

Eco Dev မှ ဒါရိုက်တာ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူ "သူတို့ချက်တဲ့ ဓာတုပစ္စည်းတွေ ဖြစ်တဲ့ အာဆင်းနစ်၊ ခရိုမီယမ် အသုံးပြုတဲ့ ဆေးပေါ်မူတည်ပြီး ပြဒါး၊ ခဲ စတာတွေ ထွက်လာနိုင်ပါတယ်၊ ခနောက်စိမ်းပေါ်မူတည်တဲ့ ဓာတ်ငွေ့တွေ ထွက်လာနိုင်ပါတယ်"ဟု ပြောသည်။

၎င်းကဆက်လက်၍ ယင်း ခဲ၊ပြဒါးများ ထွက်ရှိပါက ကျန်းမာရေး ထိခိုက်နိုင်ကာ ကိုယ်တွင်း ကလီစာရောဂါ၊ အစာအိမ်လမ်းကြောင်း၊ အူရောဂါများ ဖြစ်ပေါ်လာနိုင်ပြီး ဦးနှောက်နှင့် ပတ်သက်သည့်ရောဂါများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် သဘာဝပတ်ဝန်းကျင် အနေဖြင့်လည်း အပင်များ၊ ရေများ၊ သတ္တဝါများ အဆိပ်သင့်စေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်သည် ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ယင်းခနောက်စိမ်း ကျိုချက်နေခြင်းကြောင့် ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုး မီးခိုး၊ အငွေ့အနံ့အသက် ဆိုးကျိုးများ၊ သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးဒဏ်များကို ဒေသခံများက မခံစားနိုင်တော့သဖြင့် စက်ရုံအား အမြန်ဆုံး ဖယ်ရှားပေးရန်အတွက် ဘော်ဆိုင်း ကျေးရွာ ၆ ရပ်ကွက်မှ ဒေသခံ ကျေးရွာပြည်သူ ၁ဝဝ ဦးခန့်က လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောရေးရာဝန်ကြီး၊ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး၊ အမှတ်(၁) သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း ဘော်ဆိုင်းရုံး (တာဝန်ခံ)၊ EITI ဖော်ဆောင်ရေး အဖွဲ့တို့ထံ  မေလ တတိယပတ်က စာတင်ထားသည်ဟု ဘော်ဆိုင်းဒေသခံ ဒေသခံ ဒေါ်သင်းသင်းက    
 ပြောသည်။

စက်ရုံအား ဖယ်ရှားပေးရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြတောင်းဆိုထားသော်လည်း အကြောင်းတစ်စုံတစ်ရာထူးခြားမှု မရှိလာပါက ကျေးရွာသူ၊ သားများအနေဖြင့် တရားဝင်ခွင့်ပြုချက် တောင်းခံကာ ဆန္ဒဖော်ထုတ်သွားမည်ဟု ဘော်ဆိုင်းဒေသခံ ဒေါ်သင်းသင်းကဆိုသည်။

၂ဝ၁၄ နှစ်ဦးပိုင်းမှ စတင်ကာ ခနောက်စိမ်း သတ္တုများကို ကျိုချက်နေခြင်းဖြစ်ပြီး  အခြားဒေသမှ ထွက်ရှိလာသည့် ခနောက်စိမ်းများကို သယ်ယူလာပြီး နေ့ညမပြတ် ကျိုချက်နေသည်ဟု ဘော်ဆိုင်းကျေးရွာအုပ်စု ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သတ်ပြီး ဘော်ဆိုင်းဒေသမှ အင်းလေးသံလွင်ကုမ္ပဏီအပါအဝင် ခနောက်စိမ်းကျိုသည့် ကုမ္ပဏီများကို မဇ္ဈိမက အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင်း သတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၆ခုခန့်ရှိသည်။

Credit: Mizzima

အချက် (၆) ချက်ကို ဆန္ဒဖေါ်ထုတ်မည့် ဂွမြို့သားတို့ အစီအစဉ် ရဲတပ်ဖွဲ့က ခွင့်မပြု


 ဆုံးရှုံးနေသော အခွင့်အရေးများ အတွက် ဆန္ဒဖေါ်ထုတ်ကြမည့် ရခိုင်ပြည်နယ် ဂွမြို့ ဒေသခံများ၏ အစီအစဉ်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုသဖြင့် ယခုအခါ ယင်းအစီအစဉ်အား ယာယီရပ်နားထားလိုက်ရသည်ဟု အငြိမ်းစား ဗဟိုတရားရုံး  ရှေ့နေ တစ်ဦးဖြစ်သူ ဦးတင်ညိုက ပြောသည်။

“ ကျွန်တော်တို့က ဇွန်လ ၇ ရက်နေ့မှာ ဂွမြို့မှာ ဆန္ဒဖေါ်ထုတ်မယ်ဆိုပြီး ခွင့်ပြုချက်တင်ပါတယ်။ ဒါကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုဘူး။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေက ဆွေးနွေးပြီး ခွင့်မပြုလို့ဆိုတဲ့ အတွက် ပယ်ချခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။

ဂွမြို့နယ် ဒေသခံများအနေဖြင့် သူတို့ ဒေသအတွက် လိုအပ်ချက်များကို နိုင်ငံတော် အကြီးအကဲများ သိရှိအောင် ဆန္ဒဖေါ်ထုတ် တင်ပြရန် စီစဉ်ခြင်းသာ ဖြစ်ပြီး နိုင်ငံတော် အစိုးရအား ဆန့်ကျင်ရန် ပြုလုပ်ခြင်း မဟုတ်၍ မြို့နယ် ရဲတပ်ဖွဲ့ရုံး၏ ငြင်းပယ်မူ အပေါ် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦး လမ်းတံတားတွေ ပွင့်လင်း မြင်သာမူရှိရေး၊ ဂွမြို့အနီး ချောင်းကူးတံတား ဆည်ဆောက်ရေး၊ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ဂွမြို့တွင် ရရှိရေး၊ စီးပွားရေး လုပ်ငန်းရှင်များအား ကျေးရွာများမှ၂ မိုင်အတွင်း မြေလွတ် မြေရိုင်းများ ဖေါ်ထုတ်ခွင့် မပြုရေး၊  သိမ်းထားတဲ့  ဆင်းရဲသား လူတန်းစားတွေပိုင်ဆိုင်တဲ့ ဂွမြို့က ဦးရွှေလယ်ကုန်း မြေနေရာ ပြန်ပေးရေးနဲ့ လယ်သမားတွေ လယ်ယာမြေကို ပေါင်နှံခွင့်ရရှိရေးတို့ အတွက် ဆန္ဒဖေါ်ထုတ်ခွင့် တင်တာ ဖြစ်ပါတယ်” ဟု  ဆိုသည်။

အဆောက်အဦးများနှင့် လမ်းတံတားများ ဆောက်လုပ်ရာတွင် ပွင့်လင်းမြင်သာမူ ရှိရန် တောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး ဦးတင်ညိုက ယခုလို ရှင်းပြပြောဆိုသည်။

“ အဓိကတော့ ပြည်သူ့ ဘဏ္ဍာ ဆုံးရှုံးမူ နည်းပါးရေး အတွက်ပေါ့ဗျာ။ အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှန်သမျှ ပြည်သူတွေကို အသိပေးဖို့ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် ကျောင်းဆောင် တစ်ဆောင် ဆောက်မယ်ဆိုရင် ဘတ်ဂျက်ငွေ ဘယ်လောက်ခွင့်ပြုတယ်။ သံချောင်း ဘယ်နှစ်ချောင်း သုံးမယ်။ ဘိလပ်မြေ ဘယ်နှစ်အိတ်သုံးမယ်စတာတွေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှေ့မှာ ကပ်ထားဖို့ပေါ့ဗျာ။ အခု ဖြစ်နေတာက ပြည်သူတွေက ဘာမှ သိခွင့်မရဘူး။ အဲဒီတော့ ပြည်သူတွေကြားမှာ သံသယတွေ ဖြစ်လာပြီး ၀ိုင်းဝန်း ကူညီမူတွေ နည်းပါးလာတာပေါ့။ ဒါကြောင့် ပြည်သူဘဏ္ဍာငွေတွေ ယိုဖိတ်မူ နည်းပါးအောင် ပွင်းလင်းမြင်သာမူ ရှိဖို့ တောင်းဆိုဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းပြင် ဂွမြို့အနီးရှိ ချောင်းကို တံတားထိုးခြင်းဖြင့် သာပေါင်းမြို့နယ်နှင့် ဆက်သွယ်နိုင်ပြီး ဂွမြို့နယ်တွင် စီးပွားရေး အခွင့်အလန်းများ တိုးတက်လာမည် ဖြစ်သဖြင့် ဂွအနီးရှိ ချောင်းကို တံတားထိုးရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

လျှပ်စစ် ဓါတ်အားနှင့် ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ်အား မဟာဓါတ်အားလိုင်းမှ မီတာခ တယူနစ် ၅၀ ကျပ်နှင့် ပေးမည့် အစီအစဉ်တွင် ဂွမြို့နယ်အား ချန်လှပ်ထား၍ ဂွမြို့နယ်ကိုပါ ထည့်သွင်းရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယင်းပြင် စီးပွားရေး လုပ်ငန်းရှင်များအား ကျေးရွာများ အနီးတွင် မြေလွှတ်မြေရိုင်း ဖေါ်ထုတ်ခွင့်ပြုသဖြင့် ဒေသခံ ပြည်သူများမှာ လုပ်ကိုင် စားသောက်စရာ မြေများရှားပါး လာကြောင်း သူက ပြောဆိုသည်။

၎င်းပြင် ဂွမြို့တွင် ဆင်းရဲသား လူတန်းစားများနေထိုင်ခဲ့သော တစ် ဧကကျော်ရှိသည့်  ဦးရွှေလယ်ကုန်းအား ပန်းခြံဆောက်မည်ဟုဆိုကာ လွန်ခဲ့သော (၁၀) နှစ်ခန့်က သိမ်းသွားပြီး ပန်းခြံမဆောက်ဘဲ စီးပွားရေး လုပ်ငန်းရှင်များအား မြို့နယ် အကြီးအကဲများမှ ဌားစားနေသဖြင့် ၎င်းမြေအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် တောင်းဆိုရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ဂွ သင်္ဘောဆိပ် အထက်အနားမှာပါ။  ကွင်းအမှတ် (၃၀၅) – ကျနော် ပြေစာထဲမှာ ရှိပါတယ်။ အရင် ကျနော်တို့ ဆင်းရဲသား အိမ် ၂၁ ဆောင်ရှိပါတယ်။ ဒါကို ပန်းခြံဆောက်မယ်ဆိုပြီး မောင်းထုတ် ပစ်ခဲ့ပါတယ်။ ပန်းခြံလည်း တနှစ်ကြာရင် ပျက်စီးသွားပါတယ်။ အခု အဲဒီနေရာမှာ နောက်တခြား စီးပွားရေး လုပ်ငန်းရှင်တွေ ကို ပြန်သွင်းထားပါတယ်။ ကျွန်တော်တို့မှာ မြေပြေစာတွေရှိပါတယ်။ ပြန်ပေးဖို့တောင်းတော့ အိမ် ၄၀ လောက်ရှိနေပြီ မပေးနိုင်တော့ဘူးလို့ ပြောပါတယ်။ လုပ်တာက စည်ပင်၊ ထွေအုပ်နဲ့ မြေစာရင်းတို့ ဖြစ်ပါတယ်” ဟု ဦးရွှေလယ်ကုန်းမှ မောင်းထုတ်ခံခဲ့ရသူ   ဦးတင်အောင်က နိရဉ္စရာကို ပြောသည်။

မောင်းထုတ်ခံရစဉ်က လျှော်ကြေးလည်း မရသည့်အပြင် မြေနေရာလည်း အစားမရသဖြင့် အနီးအနားရှိ တခြားနေရာများတွင် တဲထိုးနေထိုင်နေကြရသည်ဟု ဦးတင်အောင်က ဆက်ဆိုသည်။

ယခုကဲ့သို့ ဂွမြို့သားများ၏ မကျေနပ်ချက်များအား မြို့နယ် အဆင့် အာဏာပိုင်များက တာဝန်ယူ ဖြေရှင်း ပေးခြင်း မရှိသဖြင့် ဆန္ဒဖေါ်ထုတ်ခွင့် ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ပြီး တင်ပြ လျှောက်ထားချက်ကို ဂွမြို့နယ် ရဲစခန်းမှ ပယ်ချသော်လည်း ပြည်နယ်ထိ တက်ရောက် အယူခံဝင်သွားမည်ဟု ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့နယ် ရဲစခန်းသို့ ဖုံးဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရာ “ ခင်ဗျားပြောတာ ဘာမှ မကြားရဘူး။ မကြားရဘူး ” ဟု ဆိုကာ ဖုံးချသွားသဖြင့် ဆန္ဒဖေါ်ထုတ်ခွင့် ငြင်းပယ်ရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်း မေးမြန်းနိုင်ခြင်း မရှိပါ။
Credit: Narinjara

Thursday, June 05, 2014

လယ်မြေသိမ်းမှု ကန့်ကွက်သူ ၂၀ ထားဝယ်ရဲတပ် ဖမ်းဆီးတရားစွဲ

`တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းခံရတဲ့ လယ်မြေတွေမှာ မြို့  နယ်အုပ်ချုပ်ရေးအဖွဲ့က မြေကွက်ဖော်နေတာနဲ့ ပတ် သက်ပြီး လယ်သမားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အကြား အခြေအနေတွေ တင်းမာခဲ့ပြီး ဒီနေ့ လယ်သမား ၂၀ ကျော်ကို ထားဝယ်မြို့နယ် ရဲစခန်းက ၀တ္တရားနှောင့် ယှက်မှုအပါအ၀င် ပုဒ်မ သုံးခုနဲ့ တရားစွဲ ဖမ်းဆီးထား တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က မြို့သစ်တိုးချဲ့ဖို့အတွက် ထားဝယ်မြို့ ကင်းမြောကင်းလမ်းဘေးက လယ်ဧက ၅၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရက သိမ်းဆည်းခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီလယ်မြေတွေအတွက် လျော်ကြေး အနေနဲ့ ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်စီဖော် ပြီးပေးတာကို လက်မခံဘဲ တောင်သူတွေက အဲ့ဒီလယ်မြေတွေပေါ်မှာ တဲထိုးပြီး စောင့်ဆိုင်းရာမှာ ဒီနေ့ ဖမ်းခံရတာဖြစ်တယ်လို့ လယ်သမားအရေးဆောင် ရွက်သူ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ကိုသန်းဝင်းက ပြောပါတယ်။
"မြို့ကွက်လုပ်မယ်ဆိုပြီးတော့ စိုက်ဖို့လာတာပေါ့နော်၊ ကျနော်တို့ လယ်သမားတွေက အစိုက်မခံဘူး၊ တိုင်တွေ စွဲနုတ်ပစ်လိုက်တယ်၊ လယ်သမားတွေက ငါတို့က လျော်ကြေးလည်း မယူသေးဘူး၊ ငါတို့နဲ့ သဘောတူညီချက် လည်း မရသေးဘူးပေါ့၊ တွင်းတူးမယ်ဆိုရင် ငါတို့ကိုပါတူးလိုက်ဆိုပြီး အဲ့တွင်းထဲဝင်အိပ်နေတာ၊ အဲလိုမှ သူတို့က လှည့်ပြန်သွားပြီးတော့ ဒီနေ့မှာ ပုဒ်မ ၃ ခုတပ်ပြီး အယောက် ၂ဝ ကို တရားစွဲမယ်ဆိုပြီး အမှုဆင်နေတာ"
အသိမ်းခံရတဲ့ လယ်မြေတွေဟာ လယ်သမားတွေ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ လယ်မြေတွေဖြစ်ပြီး လျော်ကြေး မယူတဲ့ လယ်သမား ၅၀ လောက်နဲ့ မြေကွက်ဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ကတည်းက တင်းမာမှုတွေဖြစ်ခဲ့တာပါ။
သိမ်းဆည်းထားတဲ့ ဧက ၅၀၀ ကျော်ထဲက ဧက ၂၀၀ ကျော်မှာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးဝန်ကြီးအိမ်ရာနဲ့ ၀န်ထမ်းအိမ်ရာတွေ၊ ဆေးရုံတစ်ရုံ ကို ဆောက်လုပ်နေတာလို့ သိရပါတယ်။
REF: RFA

Monday, May 26, 2014

ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာဖွဲ့စည်းစုရုံးခွင့် အာဆီယံနိုင်ငံများ လက်မခံ

ယခုနှစ်အတွင်း အပြီးရေးဆွဲရန် ရည်မှန်းထားသည့် အာဆီယံအလုပ်
သမားများ ကာကွယ်မြှင့်တင်ရေး ဥပဒေ မူကြမ်းအပေါ် သဘောမတူသည့်
အချက်များစွာရှိနေသဖြင့် အပြီးမသတ်နိုင် သေးကြောင်း သိရသည်။
အာဆီယံရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်သော အဆိုပါ ဥပဒေမူကြမ်းတွင် ရွှေ့ပြောင်း အလုပ်သမားများ လွတ်လပ်စွာ စည်းဝေးခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်ကို အာဆီယံနိုင်ငံများက လက်မခံကြသောကြောင့် သဘောတူရန်ခက်ခဲနေခြင်း ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနညွှန်ချုပ် ဦးမျိုးအောင်က ပြော သည်။
''ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံတွေက သူတို့နိုင်ငံရဲ့
ဥပဒေနဲ့ မကိုက်ညီဘူးဆိုတာမျိုးတွေ ပြောကြတယ်'' ဟု ဦးမျိုးအောင်က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာ ကွယ်စောင့်
ရှောက်ြ ခင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း အကောင် အထည်ဖော်ရေး၊ ကော်မတီ အစည်း အဝေးတွင် အဆိုပါ နည်းဥပဒေ ကို ဆွေးနွေးနေပြီး နည်းဥပဒေပြဋ္ဌာန်းပြီးပါ က အာဆီယံနိုင်ငံများ အတွင်း ရွှေ့ ပြောင်းအလုပ်လုပ်ကိုင်သော အလုပ် သမားများသည် တန်းတူအခွင့်အရေး ရပိုင်ခွင့်များ၊ ခံစားခွင့်များ ရရှိနိုင် မည်ဟု
၎င်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ် စွာ စုဝေးခွင့်နှင့် ပတ်သက်၍
''ပြည်ပ မှာ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့် နိုင်ငံသားအချင်းချင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့တွေ တရားဝင်ရှိဖို့ လိုအပ်တယ်။ အဲဒါမှ တစ်ယောက် ယောက် ဖိနှိပ်ခံရရင် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်မှာပေါ့'' ဟု မှတ်ချက်ပြုသည်။

အာဆီယံ အလုပ်သမားများ ကာကွယ်မြှင့်တင်ရေးဥပဒေမူကြမ်းကို ၂ဝ၁၄ အပြီး ရေးဆွဲရန် သတ်မှတ်ထား သော်လည်း ပြီးစီးရန် များစွာလိုသေး ကြောင်း၊ အဆိုပါ နည်းဥပဒေပါ အချို့ အချက်များကို အချက်အလိုက် ပြောင်း လဲ ပြင်ဆင်ခြင်းမျိုး မဟုတ်ဘဲ စာသား များကိုသာ နိုင်ငံအလိုက် လက် ခံနိုင် အောင် ပြင်ဆင်ခြင်းမျိုး ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

စိုင်းလမင်း
Credit: Popular Myanmar News Journal

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစား ငွေကြေးလုပ်ငန်းများ အောက်ခြေအထိ ပြန့်နှံ့စေခြင်းဖြင့် အကျိုးများနိုင်ဟု သိရ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်း၏ ၀င်ငွေမှာ ၁၀ ဒေါ်လာအောက် လျော့နည်းနေပြီး အသေးစားငွေကြေးလုပ်ငန်းများ အောက်ခြေအဆင့်အထိ ပြန့်နှံ့အောင် လုပ်ခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုကို အကျိုးများစေမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့သော Making Access Possible (MAP) စစ်တမ်းအရ သိရသည်။

၎င်းတို့စစ်တမ်း၏ တွေ့ရှိချက်အရ အစိုးရ၊ ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ အလှူရှင်များကို အဆိုပါနယ်ပယ်တွင် အာရုံစိုက်စေမည်ဖြစ်ပြီး ပုံစံတကျ ဖွဲ့စည်းထားသည့် ငွေကြေးဝန်ဆောင်မှုကို ရရှိခြင်းဖြင့် နိုင်ငံ့လူဦးရေ အများစုမှာ အကျိုးကျေးဇူးများ ခံစားရစေမည်ဟု ဆိုသည်။

အဆိုပါစစ်တမ်းကို နိုင်ငံအနှံ့ ကိုယ်စားပြုနိုင်သည့် နိုင်ငံသားပေါင်း ၅၁၀၀ နှင့် အခြားအဖွဲ့အစည်းများ၊ ကိုယ်တိုင်သွားရောက် ကြည့်ရှုလေ့လာမှုများ၊ အင်တာဗျူးများပြုလုပ်ပြီး ယမန်နှစ်အတွင်း ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်တမ်းက လက်ရှိငွေကြေး ၀န်ဆောင်မှုများ၏ အနေအထားမှာ သုံးစွဲလိုသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှု မရှိဟု ဆိုသည်။

စစ်တမ်းအတွက် ဖြေကြားခဲ့သူများ၏ ၁၀ ရာခိုင်နှုန်းမှာ ရွှေ၊ မွေးမြူရေး၊ သို့မဟုတ် ငွေသားအတိုင်း စုဆောင်းထားသူများ ဖြစ်ကြပြီး ကျန်သုံးပုံနှစ်ပုံမှာ ငွေကြေးလုံးဝ စုဆောင်းထားခြင်း မရှိဟု ဆိုသည်။

ပုံစံတကျ ဖွဲ့စည်းလည်ပတ်စေရန် ပြုလုပ်ထားသော ငွေကြေးစနစ်တစ်ခုရှိလျှင် နိုင်ငံသားများ၏ စုဆောင်းငွေများကို စုစည်းနိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအပေါ် သက်ရောက်မှုရှိစေမည်ဟု စစ်တမ်းက အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန်မှာ ငွေသားပေါ်တွင် များစွာအမှီအခို ပြုနေသည့် ဈေးကွက်ကြောင့် စရိတ်ကြီးမြင့်နေရပြီး ဘဏ်လုပ်ငန်းများတွင် စာရွက်စာတမ်းများစွာ လိုအပ်နေခြင်းနှင့် ငွေချေးယူနိုင်ရန် အတားအဆီးများစွာ ရှိနေခြင်း၊ စည်းမျဉ်းများ အထူးများပြားနေခြင်းတို့ကြောင့် ဈေးကွက်များဖြစ်ပေါ်လာရန် ဆွဲချသကဲ့သို့ ဖြစ်နေကြောင်း ထောက်ပြထားသည်။ အဆိုပါ အချက်များကြောင့် ပုံစံတကျ မဟုတ်သော ငွေချေးယူမှုများစွာ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့်က အလွန်ကို နိမ့်ပါးနေပါတယ်။ ဒါက နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ငွေရင်းတွေ ရရှိစေဖို့ကို ဆိုင်းကြိုးဆွဲထားသလို ဖြစ်နေစေပါတယ်။ ပုံစံတကျ ဖွဲ့စည်းထားတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာဖို့ ထိရောက်တဲ့ ကြိုးပမ်းအားထုတ်မှုကြီး လိုအပ်နေပါတယ်” ဟု UNCDF မှ Inclusive Finance ဒါရိုက်တာ မစ္စတာဟင်နရီဒွမ်မဲလ်က ပြောကြားသည်။

၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းက နိုင်ငံကို မည်သည့်အပိုင်းတွင် အာရုံထားကာ ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမည်ကို ညွှန်ပြထားသည်ဟု ဆိုသည်။
Credit: Eleven Media Group

Friday, May 09, 2014

မတ္တရာမြို့နယ် တပ်သိမ်းမြေအား ဒေသခံများ ပြန်လည်သိမ်းပိုက်၊ လယ်မြေပေါ်လုပ်ကိုင်လျှက်ရှိသော ငါးမွေးမြူရေးကန်အား ဖောက်ချ၍ စပါးပျိုးကြဲ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈၊ ၁၄၉ တို့အပေါ်ရှိ လယ်မြေဧက ၄၀၀ ကျော်အား ၁၉၉၁ ခုနှစ်တွင် ခမရ ၁၁၆နှင့် ၁၁၉တပ်တို့မှ တပ်ရိက္ခာဖူလုံရေးအတွက်ဟုပြောဆိုကာ နစ်နာကြေးမပေးဘဲ မြေယာအစားပြန်လည်ပေးလျှော်ခြင်းမရှိဘဲ သိမ်းယူခဲ့သောကြောင့် ဒေသခံတောင်သူတစ်ရာကျော်တို့သည် ငါမွေးမြူထားသောကန်အား ဖေါက်ချပြီး မျိုးစပါးများ ပျိုးကြဲ၍ လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် ဦးဆောင်သူ ၆ ဦးအား တရားစွဲမှုများပြုလုပ်ထားကြောင်း သိရသည်။ ယင်းအပြင် ငါးမွေးမြူရေးကန်အား ရဲအင်အား ၁၀၀ ကျော်ဖြင့်လုံခြုံရေးယူထားကြောင်း ဒေသခံတောင်သူများက ပြောသည်။

ဒေသခံတောင်သူများသည် ငါးမွေးမြူရေးကန်အား မေလ ၁ ရက်နေ့တွင် ကန်အားဖေါက်ချခဲ့ပြီး လယ်သိမ်းတိုက်ပွဲဝင်နေရာ ၇ ရက်ရှိသွားပြီဖြစ်ကြောင်း၊ ထိုသို့ရေများဖေါက်ချပြီး ရေမရှိသောနေရာများအား မိုးကြိုစပါးအဖြစ် ယနေ့တင်း ၆၀ ပျိုးကြဲထားနိုင်ပြီဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
"လယ်မြေသိမ်းတုန်းကလည်း ဘာမမပေးခဲ့ဘူး။လယ်မြေကိုလည်း ကန်တူးပြီး ငါးတွေမွေးခဲ့တော့ ဒီလိုမိုးရာသီရောက်ပြီဆိုရင်ရေလျှံတယ်။ ရွာတွေထဲလည်းဝင်တယ်။ တခြားလယ်လည်းပျက်စီးတယ်။ ဒါတွေကိုလည်းဖြေရှင်းပြီး ဘာမှလုပ်ပေးတာမရှိဘူး။

ရွာသားတွေအနေနဲ့ဖြစ်သလို နေထိုင်လုပ်ကိုင်နေရတယ်။ ဒါကြောင့် အခုလိုကန်ဖေါက်ပြီး လယ်မြေကိုပြန်သိမ်းယူတာပါ။ ရအောင်ဆက်လုပ်သွားမယ်။ ဘယ်လောက်တားတား ဂရုမစိုက်ဘူး။"ဟု လယ်သိမ်းခံတောင်သူ ဦးထွန်းဝင်း က ပြောသည်။
လက်ရှိတွင် ရဲများက အဆိုပါနေရာအား လုံခြုံရေးယူထားကာ ကန့်သတ်နယ်မြေလုပ်ကာ ဒေသခံများအားဝင်ရောက်ခွင့်ပိတ်ပင်ပြီး ထိန်းချုပ်ထားကြောင်းသိရသည်။

အဆိုပါသိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိစေရန် ၂၀၁၂ ခုနှစ်ကတည်းက သက်ဆိုင်အဆင့်ဆင့်သို့ တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့တိုင်း အကြောင်းတစ်စုံရာပြန်ကြားခြင်းမရှိသောကြောင့် ယခုကဲ့သို့ လယ်သိမ်းတိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လယ်ယာမြေများအား စစ်တပ်မှရိက္ခာမလုံလောက်၍ သိမ်းသည်ဟုဆိုသော်လည်း သိမ်းဆည်းပြီးသည်နှင့် လုပ်ငန်းရှင်တစ်ဦးအား ဌားရမ်းလုပ်ကိုင်ခွင့်ပေးလိုက်ရာ အဆိုပါလုပ်ငန်းရှင်မှ ဧက ၄၀၀ ကျော်အား ကန်တူး၍ ငါးမွေးမြူခဲ့ကြောင်း သိရသည်။

ထိုသို့ ငါးမွေးမြူရေးလုပ်ကိုင်သောကြောင့် ဒေသခံများမှာ လယ်ယာမြေများဆုံးရှုံးသွားသည့်အပြင် မိုးရာသီရောက်တိုင်း ကန်ရေလျှံပြီး ရွာများအတွင်းသို့ ဝင်ရောက်သောကြောင့် ရေဘေးဒုက္ခများလည်းခံစားရကြောင်းသိရသည်။
ထို့ကြောင့်ဒေသခံတောင်သူများသည် လယ်ယာမြေပြန်လည်ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဒေသခံများကဆိုသည်။ အဆိုပါနေရာအား ရဲတစ်ရာကျော်လုံခြုံရေးယူထားသည်နှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ယူထားသူ ရဲမှူးတစ်ဦးအားမေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

အောင်ခိုင်မြဲ
Credit: News Watch

ပေါင်းတည်ထောင်အရှေ့ ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သမားအချို့ ရုန်းရင်းဆန်ခတ်ဖြစ်၊သတင်းထောက်တစ်ဦးနှင်အမျိုးသမီးတစ်ဦး ဆေးရုံတင်ပို့ထားရ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သိမ်းဆည်းခံ လယ်သမားများသည့် ဧပြီလ(၁၂)ရက်နေ့တွင် ကြိမ်စာတိုက်ပွဲကို လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်အိမ်ရှေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သဲကုန်းမြို့အထင်ကရ နတ်ကွန်းဖြစ်သည့် ရွှေကြို့ပင်နတ်ကွန်းရှေ့တို့တွင် ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ကျိန်စာတိုက်ပွဲတွင်ဦးဆောင်သူများဖြစ်ကြသည့် ကိုသန့်ဇင်ထက်၊ ကိုပေါက်စ၊ ဒေါ်ညို၊ ဒေါ်မုန်းနှင့် ကိုကျော်သူတို့(၅)ဦးအား လက်ထောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးမှတရားလိုပြုလုပ်၍ သဲကုန်းရဲစခန်းတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည်။

“ကျွန်တော်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ စခန်းမှူးဦးမျိုးမြတ်စံက တရားလိုလုပ်ပြီးစွဲတာပါ။ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အိမ်ရှေ့မှာ ကျိန်စာတိုက်ပွဲ ပြုလုပ်ရတာက လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကိုယ်တိုင်က လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းစစ်ဆေးရေး ကော်မရှင်မှာပါပြီး ကျွန်တော်တို့တွေရဲ့လယ်ယာမြေတွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုထားပါသော်လည်း အခုအချိန်အထိ အကြောင်းပြန်ကြားခြင်း တစုံတရာမရှိတဲ့အတွက် သူ့အိမ်ရှေ့မှာ လုပ်ရတာပါ။ကျွန်တော်တို့ ကျိန်စာတိုက်ပွဲလုပ်ရတာက လယ်သမားတွေရဲ့ လယ်ယာမြေတွေကို မတရားသိမ်းဆည်ူးခံထားရတဲ့အတွက် ကျွန်တော်တို့လယ်သမားတွေက မခံမရပ်နှိုင်လိုရယ် သူတို့လယ်ယာမြေတွေပြန်ရဘို့ရယှ်ိ့ လုပ်ရတာပါ။ရှေ့ဆက်ပြီး အခုကျွန်တော်ကိုစွဲဆိုထားတဲ့ အမှုကိုလည်း ရင်ဆိုင်သွားမှာပါ။ ကျွန်တော်က အဲဒီ(၆-၅-၂၀၁၄)ရက်နေ့မှာ အခုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အပြင် အယင်က စွဲဆိုထားတဲ့ ပုဒ်မ(၁၈)အတွက်လည်း ရုံးချိန်းနေ့ပါ။အဲဒီသဲကုန်းတရားရုံးမှာပါပဲ။

ပြီးတောကျွန်တော်တို့လယ်သမားတွေရဲ့လယ်ယာမြေတွေ မရမချင်း ဘယ်လိုပဲ ရင်ဆိုင်တွေ့ကြုံ ရပါစေ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။”ဟု လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုသန့်ဇင်ထက်မှပြောသည်။
အဆိုပါအမှုကို ၆-၄-၂၀၁၄ ရက်နေု့တွင် သဲကုန်းမြို့နယ်တရားရုံးတွင်စစ်ဆေးရာ ကိုသန့်ဇင်ထက်နှင့်ကိုကျော်သူတို့မှာ ရုံးချိန်းပျက်ကွက်ပြီး ရုံးချိန်းသို့တက်ရောက်သော ဒေါ်မုန်း၊ ဒေါ်ညိုနှင့် ကိုပေါက်စတို့(၃)ဦးအနက် ဒေါ်ညိုနှင့်ဒေါ်မုန်းမှာအာမခံရသော်လည်း ကိုပေါက်စမှာ အာမခံမရပဲ ယင်းနေ့ညနေပိုင်းတွင်ပင် ပေါင်းတည်ထောင်သို့ပို့ဆောင်ခံရ ကြောင်း၊ ကိုပေါက်စကိုထောင်သို့ပို့ဆောင်ရန်ခေါ်သွားစဉ် ကိုပေါက်စ၏ဇနီးမှာ မေ့မျောသွားသဖြင့် သဲကုန်းဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်းနှင့် ပေါင်းတည်ထောင်သို့ လိုက်ပါပို့ဆောင်သောလယ်သမားများနှင့် ရဲများ ရုံးရင်းဆန်ခတ်ဖြစ်ကာ လယ်သမားဒေါ်ညို၊ လယ်သမားဒေါ်ဝင်းနှင့် အလွတ်သတင်းသမား ကိုမာနော် တို့(၃)ဦးမှာ ပေါင်းတည်ဆေးရုံသို့ တင်ထားရကြောင်း သတင်းရရှိပါသည်။

ကိုလေး(ပြည်)
Credit: News Watch

Wednesday, May 07, 2014

သမဝါယမ အသင်းပိုင်မြေတွင် ကွန်ဒိုဆောက်လုပ်မှု အမျိုးသားလွှတ်တော် အမတ် ဆန္ဒပြမည်

ရန်ကုန်မြို့တော်ရှိ သမဝါယမ အသင်းပိုင် မြေနေရာတစ်ခုတွင် ပုဂ္ဂလိက ကွန်ဒိုမီနီယံ တည်ဆောက်နေခြင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန့်မြင့်အောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၄) ရပ်ကွက် မိုးကောင်းလမ်းရှိ သမဝါယမ အသင်းပိုင် မြေနေရာတွင် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ပြင်ဆင်နေသောကြောင့် မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သမဝါယမ အသင်းတို့ကို ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပုဂ္ဂလိက ပိုင်တဲ့ မြေမဟုတ်တဲ့အတွက် ဘယ်လို လွှဲပြောင်း ရောင်းချသလဲ။ အောက်ခြေ ဝန်ထမ်းတွေ လာဘ်ပေး လာဘ်ယူတာလား ဆိုတာကို သိချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါကိစ္စကို စုံစမ်း စစ်ဆေးရန်အတွက် ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဆောက်လုပ်လျက် ရှိသော အဆောက်အအုံရှေ့တွင် ဗီနိုင်းများ ချိတ်ကာ ညနေ ၃ နာရီမှ ၆ နာရီအထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး ခွင့်ပြုမိန့်ကို မေလ ၃ ရက်နေ့တွင် ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ထားကြောင်း ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း အဆိုပါ ရဲစခန်းမှ တယ်လီဖုန်း ဖြေဆိုသူတစ်ဦးက ပြောသည်။

အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် တောင်ဥက္ကလာပ ၉ ရပ်ကွက်ရှိ အားကစားကွင်းနှင့် ပန်းခြံမြေနေရာကို ကြံ့ခိုင်ရေးပါတီ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများ ချိတ်ပြီး မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
Credit: The Voice Weekly

ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ FMI ကုမ္ပဏီသို့ လုပ်ခွင့်ပေးရန် စီစဉ်၊ အကျိုးအမြတ်အား နိုင်ငံတော်က ရာခိုင်နှုန်း ၃၀ သာရပြီး FMI က ရာခိုင်နှုန်း ၇၀ အထိ ရယူမည်

ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ Mr.Serge Pun ၏ FMI (First Myanmar Investment Co.,Ltd) ကုမ္ပဏီသို့ တည်ဆောက်ခွင့်ပေးရန် စီစဉ်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
စီမံကိန်းကြီးနှစ်ခုမှာ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူပိုင်မြေ ၂၇ ဧကပေါ်တွင် တည်ဆောက်မည့် ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းနှင့် အမှတ်(၁)လမ်းမကြီးအနီး ပြည်သူပိုင်မြေ ၃၉ ဧကပေါ်တွင် တည်ဆောက်မည့် ပျဉ်းမပင် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။
ပုလဲဥယျဉ်အိမ်ရာစီမံကိန်းကို တည်ဆောက်ရာတွင် FMI က အကျိုးအမြတ်အဖြစ် ရာခိုင်နှုန်း ၇၀ အထိ ရယူမည်ဖြစ်ပြီး နိုင်ငံတော်က ရာခိုင်နှုန်း ၃၀ သာ ရရှိမည်ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။

ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းမှ နိုင်ငံတော်ကရမည့် ရာခိုင်နှုန်း ၃၀ ကိုရောင်းချ ပြီး ရရှိလာသောငွေများဖြင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရာတွင်လည်း FMI သို့သာ ငှားရမ်းဆောက်လုပ်ခွင့်ပြုသွားရန် စီစဉ်နေကြခြင်းဖြစ်သည်။
ပုလဲဥယျာဉ် အိမ်ရာစီမံကိန်း၌ အိမ်ခန်းပေါင်း ၂၇၀၀ ကျော်အထိ တည်ဆောက်မည်ဖြစ်ပြီး ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၃၀၀၀ ၀န်းကျင်အထိ တည်ဆောက်ရန် အစီအစဉ်ရေးဆွဲထားသည်ဟု သိရသည်။
FMI မှ ရာခိုင်နှုန်း ၇၀ အထိ အကျိုးအမြတ်ယူတည်ဆောက်မည့် ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၂၇၀၀ကျော် ပါဝင်သည်ဆိုသော်လည်း ၀င်ငွေနည်းပြည်သူများအတွက် တန်ဖိုးသင့်အိမ်ခန်းကို ၁၁၀၀ ၀န်းကျင်သာ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ၀င်ငွေအလယ်အလတ်ရှိသူများ ၀ယ်ယူနိုင်မည့် အိမ်ခန်းပေါင်းကိုမူ ၁၆၀၀ နီးပါးအထိ တည်ဆောက်ဖြစ်ရာ ၀င်ငွေနည်း ပြည်သူများအတွက်ထက် ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ ပို၍ရွေးချယ်ခွင့်ရှိမည့် စီမံကိန်းဖြစ်သည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တင်ဒါမခေါ်ဘဲ FMI သို့ပေးရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအထိပင် FMI သို့ဆောက်လုပ်ခွင့်ပေးရန် တင်ပြသည့်အဆင့်သို့ ရောက်ရှိနေပြီဟု စုံစမ်းမှုများအရ သိရသည်။

ပုလဲဥယျာဉ် အိမ်ရာစီမံကိန်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းများမှာ ပြည်သူပိုင်မြေပေါ်တွင် ၀င်ငွေနည်းပြည်သူများအတွက် အိမ်ရာများ အဓိကတည်ဆောက်ရမည့် စီမံကိန်းများဖြစ်သည်။
သို့သော် ယခုအခါ ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းဆိုလျှင် လက်ရှိအစီအစဉ်အရဆိုပါက ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ အဓိကတည်ဆောက်မည့် စီမံကိန်းဖြစ်သည်ဟု စီမံကိန်းနှင့်ပတ်သက်၍ သိရှိထားသူအချို့က သုံးသပ်သည်။
အများနှင့်သက်ဆိုင်သော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ၀န်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပြုရမည်ဖြစ်ရာ ယခုနောက်ပိုင်းနှစ်များတွင် ၀န်ကြီးဌာနအများစုသည် တင်ဒါခေါ်ယူပြီးမှ လုပ်ကိုင်ခွင့်ပေးလာကြသည်။

နိုင်ငံတော်သမ္မတရုံးကလည်း တင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
သို့သော် အများနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများ တည်ဆောက်မှုအများစုကိုမူ တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်သည့်ကုမ္ပဏီများသို့သာ လုပ်ခွင့်ပေးသည့်စနစ် ကျင့်သုံးနေဆဲဟု လုပ်ကိုင်ခွင့်ချထားပေးမှုများအရ သိရသည်။
စက်မှု(၁)လမ်းမပေါ်၊ ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်မည့်စီမံကိန်းကိုလည်း ရွှေသံလွင်ကုမ္ပဏီသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခဲ့ပြီး ယင်းစီမံကိန်းမှာ ရွှေသံလွင်ကုမ္ပဏီမှ ယခင်က မကိုက်၍မလုပ်ဘဲ နိုင်ငံတော်သို့ပြန်အပ်ခဲ့သော စီမံကိန်းဖြစ်ပြီး ယခုမြေဈေးများ မြင့်တက်ကာ အကျိုးအမြတ်များနိုင်သည့် အခြေအနေရောက်မှ လုပ်ခွင့်ရရန် တောင်းခံခြင်းဖြစ်သည်။

ရွှေသံလွင်ကုမ္ပဏီက လုပ်ကိုင်ခွင့်တောင်းသည့် စီမံကိန်းမှာလည်း အများပြည်သူအတွက် အိမ်ရာဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ယခု FMI သို့လုပ်ခွင့်ပေးရန် စီစဉ်နေသည့် အိမ်ရာများမှာလည်း ပြည်သူအတွက် ဆောက်လုပ်မည့် စီမံကိန်းများ ဖြစ်သည်။

အများနှင့်သက်ဆိုင်သော စီမံကိန်းများဖြစ်သော်လည်း တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်ရာကုမ္ပဏီသို့ ပေးရန်စီစဉ်မှု၊ လုပ်ကိုင်ခွင့်ရရန် ကုမ္ပဏီများမှ တောင်းခံမှုများသည့် တင်ဒါခေါ်ယူရမည်ဆိုသော စည်းမျဉ်းနှင့် ဆန့်ကျင်လျက်ရှိသည်။
ယှဉ်ပြိုင်လုပ်ကိုင်ရခြင်း မဟုတ်သည့်အတွက် အများပြည်သူအတွက်ဟုဆိုသော်လည်း ပြည်သူအတွက် အမှန်တကယ် သက်သာခွင့်မရဘဲ ကုမ္ပဏီ၏အကျိုးအမြတ်အပေါ် အခြေခံသည့်စနစ်အောက်တွင် နစ်နာရနိုင်သည်။

အများပြည်သူနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများမှာ နိုင်ငံခြားကုမ္ပဏီများသို့ပါ တင်ဒါခေါ်ယူဆောက်လုပ်သင့်ကြောင်း၊ သို့မှသာ အမှန်တကယ် တန်ဖိုးသင့်၊ တန်ဖိုးသက်သာပြီး အရည်အသွေးမီသော အဆောက်အအုံများကို အများပြည်သူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်ဒါခေါ်ယူရမည့်စည်းမျဉ်းကို ဖောက်ဖျက်၍ပေးခဲ့ပါက ပေးခဲ့သူများကသာ တာဝန်ခံကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ကြသည်။

အကျိုးအမြတ်ပိုင်းကြည့်လျှင်လည်း ရန်ကုန်တွင် လက်ရှိတည်ဆောက်ရန်စီစဉ်နေကြသည့် အဆောက်အအုံစီမံကိန်းများအားလုံးသည် နိုင်ငံတော်မှမြေပေးပြီး လုပ်ငန်းရှင်မှ အားလုံးအကုန်အကျခံ တည်ဆောက်သည့် စီမံကိန်းများဖြစ်ပြီး နိုင်ငံတော် ၅၀ လုပ်ငန်းရှင် ၅၀ အချိုး၊ နိုင်ငံတော် ၄၉ လုပ်ငန်းရှင် ၅၁ အချိုးများဖြင့်သာ အကျိုးအမြတ်ခွဲဝေ တည်ဆောက်ကြခြင်း ဖြစ်သည်။
ယခု ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းသည်လည်း နိုင်ငံတော်မှ မြေစိုက်ထုတ်ပေးရပြီး လုပ်ငန်းရှင်အကုန်အကျခံဆောက်သည့် စီမံကိန်းဖြစ်ရာ ၃၀း၇၀ ဆိုသည်မှာ အခြားစီမံကိန်းများဖြင့်ယှဉ်လျှင် နိုင်ငံတော်ရသည့်နှုန်း များစွာနည်းပါးလျက်ရှိသည်။
Credit: Eleven Media Group