Friday, June 27, 2014

လယ်ယာမြေပြန်လည်ရရှိရေးအတွက် လယ်သိမ်းခံ တောင်သူ ၂၀ဝကျော် ထွန်တုံး တိုက်ပွဲဆင်နွှဲ

ကျောက်ဆည်၊ ဇွန် ၂၅- မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့ နယ် တက်မျှောကျေးရွာ မှလယ်ယာမြေ သိမ်းဆည်းခံတောင် သူ ၂၀ဝကျော်က မိမိတို့ထံမှနစ်နာ ကြေးမပေးဘဲ သိမ်းယူသွားသော လယ်ယာမြေများ ပြန်လည် ရရှိရေး နှင့် အချိန်မီထွန်ယက်စိုက်ပျိုးလုပ် ကိုင်နိုင်ရေးအတွက် ဇွန်၂၅ရက် နံ နက် ၉ နာရီက နွား ခုနစ်ရှဉ်းဖြင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း တက်မျှောကျေး ရွာနေ လယ်ယာ မြေသိမ်းဆည်းခံတောင်သူ ဦးကျော် အေးက ပြောသည်။

အဆိုပါ သိမ်းဆည်းခံလယ် ယာမြေများသည် တော်လှန်ရေးအ စိုးရတက်ခါစ ၁၉၆၇-၁၉၆၈ခုနှစ်က ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ တည်ဆောက်ရန် အတွက်ဟုဆိုကာ တက်မျှော၊ ပလိပ်ကား ဆိပ်နှင့် နောက် တော် ပါကျေးရွာ တို့မှ တောင်သူများ ထံမှ နစ်နာကြေးလုံးဝမပေးဘဲ သိမ်း ယူသွားခဲ့ပြီး စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်တွင်K.P.K ကုမ္ပဏီမှ လယ်ယာမြေအချို့ကို လွှဲပြောင်းရ ယူခဲ့ပြီး စက္ကူစက်ရုံတည်ဆောက် ခဲ့သည်။ ၂၀၀ဝပြည့်နှစ်တွင် ဓာတ် ငွေ့ထိန်း စခန်းစက်ရုံ၊ ၂၀၀၂ခုနှစ် တွင် ပျော့ဖတ်စက်ရုံများ တည်ဆောက် ခဲ့ကြောင်း သိရသည်။

''သူတို့ဘက်ကစက်ရုံတွေဆောက် ပြီး ကျန်ရှိနေတဲ့ပလပ်လယ်မြေဧက ၈ဝကျော် ကို တောင်သူတွေပြန်လည် ရရှိပြီး အချိန်မီစိုက် ပျိုးလုပ် ကိုင်နိုင် ရေး အတွက်နဲ့ ဆင်းရဲပင်ပန်းစွာကြုံ ရာအလုပ်တွေကို လုပ်ကိုင်စားသောက် ပြီး ဘဝကိုကြုံ သလိုရပ်တည်နေကြ ရသော လယ်ယာမြေမဲ့ဘဝရောက် သွားရတဲ့ တောင် သူတွေ အတွက် ယခု လို ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ရတာပါ'' ဟု ဦးကျော်အေးက ဆက်လက်ပြော ကြားသည်။

အဆိုပါထွန်တုံးတိုက်ပွဲကို ဇွန် ၂၄ရက်မှ ၂၈ ရက်အထိ လူအင်အား ၂၀၀ ကျော် က နွားခုနစ်ရှဉ်းဖြင့် ထွန်ယက်သွားမည်ဖြစ်ကြောင်း သိ ရသည်။ စဥ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် များနှင့်တာဝန်ရှိအဖွဲ့အစည်းအသီး သီးတို့က လာရောက်စောင့်ကြည့် နေကြသော် လည်း နှောင့်ယှက်ဟန့် တားမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
Credit: Yangon media Group

0 comments:

Post a Comment