Wednesday, June 25, 2014

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ CDCE ကျောင်းသူ/သားများ လာရောက်လေ့လာ


ဇွန်လ ၂၄ ရက် ၂၀၁၄ ခုနှစ်

မြန်မာနိုင်ငံရှိ CDCE ကျောင်းမှ ကျောင်းသူ/သားများသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာများး ကူညီလုပ်ဆောင်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ ဇွန်လ ၂၄ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် လာရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

 
အဆိုပါကျောင်းသူ/သားများသည် မဲဆောက်အခြေစိုက်လူထုအခြေပြုအဖွဲ့အစည်းများ၊ INGOs အဖွဲ့အစည်းများထံသို သွားရောက်လည်ပတ်ကာ လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းနောက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တာဝန်ခံ ကိုမျိုးဇော်က ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းအလုပ်သမားများကို ကူညီလုပ်ဆောင်ပေးနေသော လုပ်ငန်းစဉ်အကြောင်းကို ရှင်းပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 
 မြန်မာနိုင်ငံ CDCE ကျောင်းမှ ကျောင်းသူ/သားနှင့် ကျောင်းဆရာ/မ ၃၂ ယောက်တို့ လာရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။
YCOWA

0 comments:

Post a Comment