Thursday, November 29, 2012

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (၆) ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ကျင်းပ

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးစီး၍ စုပေါင်းမဟာဘုံကထိန် အား ပြည်တော်အေးစေတီကျောင်း (နောင်ဘွား) တွင် ၂၈.၁၁.၂၀၁၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်သို့ စက်ရုံများမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့်အတူ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဖွင့်လှစ်ထားသော စံပယ်ဖြူနေ့ကလေးထိန်းကျောင်းမှ ကျောင်းသား မိဘနှင့် ဆရာများ အတူပါဝင်ခဲ့ကြသည် ဟုသိရှိရသည်။
၎င်းစုပေါင်းမဟာဘုံကထိန် ကျင်းပရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကနေဒါနိုင်ငံသား Steven ( မြန်မာအခေါ် ) ကိုစိုးစံ ဆိုသူအား မေးမြန်းခဲ့ရာတွင် ၄င်းမှ “ မြန်မာ့ရိုးရာ အိုးစည် ဒိုးပတ်တွေနဲ့ ဆိုတော့ ပျော်ဖို့ကောင်းတယ်၊ ကျနော်တို့ အလှူခံထွက်တဲ့အခါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေလည်း အတူပါဝင်ကြတယ်။ ထိုင်းနိုင်ငံမှာ အခုလို မြန်မာ့ယဉ်ကျေးမှုကို ပြုလုပ်တဲ့အခါ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတူတူပါဝင်မယ်ဆိုရင် အလုပ်သမားအချင်းချင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲဒီလို စည်းလုံးမယ်ဆိုရင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်ရပိုင် ခွင့်တွေ တောင်းဆိုတဲ့အခါ ပိုလွယ်ကူမယ် “ ဟုပြောကြားခဲ့ပြီး ဆက်လက်၍ ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့မှ ဥပေဒေရေးရာတာဝန်ခံ ကိုထွေးနိုင်မှ “ အဓိကကတော့ အလုပ်သမားတွေ စုစုစည်းစည်းလေး ဖြစ်စေချင်တာရယ်၊ နောက်ပြီး ရိုးရာယဉ်ကျေးမှု ကုသိုလ်ပွဲ ဖြစ်တဲ့အတွက်လည်း စုပေါင်းလုပ်ကြတာလည်း ဖြစ်တယ် “ ဟုပြောကြားခဲ့သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အဆိုပါစုပေါင်းမဟာဘုံကထိန်အား ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် (၆) ကြိမ်မြောက်ရှိပြီဖြစ်သည်။
 
 
PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucket

0 comments:

Post a Comment