Tuesday, November 27, 2012

အလုပ်သမားများအရေး ထိုင်းမြန်မာအရာရှိကြီးများဆွေးနွေး

ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားအရေးနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနဲ့အဖွဲ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ဘန်ကောက်မှ မနေ့က ဆွေးနွေး ခဲ့ပါတယ်။
မနေ့တုန်းက ဆွေးနွေးခဲ့တာနဲ့ပတ်သက်လို့ ဒုဝန်ကြီးဦးမြင့်သိန်းက သတင်းစာရှင်းလင်းပွဲ လည်း ပြုလုပ် ခဲ့ပါတယ်။
အလုပ်သမားအရေးဆွေးနွေးတဲ့အထဲမှာ အဓိကအချက်ကတော့ လာမယ့်လ ၁၄ ရက်နေ့ဆိုရင် ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ လက်မှတ်သက်တမ်းကုန်မယ်၊ အဲဒီအခါ နောက်ထပ်သက် တမ်းမတိုးေ ပးဘူး၊ ထိုင်းထဲမှာလက်မှတ်မရှိပဲ အလုပ်လုပ်နေသူတွေကိုလည်း ထိုင်းနိုင်ငံအနေနဲ့အလုပ်သမား လက်မှတ်အသစ် မထုတ်ပေးတော့တဲ့အပြင်မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ်နဲ့လာအလုပ်လုပ်တာကိုပဲ ခွင့်ပြုမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။
ဒါကြောင့် ဘန်ကောက်ချင်းမိုင်အပါအဝင် မြို့ကြီး ၅ မြို့မှာ ဖွင့်ထားတဲ့ မြန်မာအ လုပ်သမား လက်မှတ်ထုတ်ပေးရုံးတွေကိုပိတ်ဖို့ ထိုင်းကပြောပြီး ဒါကို မြန်မာဝန်ကြီးဌာနအနေနဲ့ သဘောတူချက် မပေးသေးဘူး ဆက်လက်ညှိနှိုင်းနေတုန်းပဲလို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း ကပြောပါတယ်။
တရားဝင်နိုင်ငံကူး လက်မှတ်ကိုင်ပြီး လေယာဉ်နဲ့လာမယ့် အလုပ်သမားတွေကိုလည်းထိုင်းနိုင်ငံက ဗွီဇာကြေး ဘတ် ၅၀၀ ပဲယူပြီး အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန က ဆွေးနွေးပွဲမှာ အသိပေးခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကလည်း သဘောတူချက်တွေအတိုင်းစတင်လုပ်ဆောင်သွားမယ့်အပြင် တရားဝင် အလုပ်သမားတွေမြန်မာနိုင်ငံကနေ ပို့ဖို့ကတော့ ပုဂလိက အေဂျင်စီ ၅၀ က မှတ်ပုံတင်ထားပြီးပြီမို့ သူတို့က တဆင့် လုပ်ဆောင်သွားမယ်လို့ ဒုဝန်ကြီး ဦးမြင့်သိန်းကပြောပါတယ်။
အလုပ်သမားတွေနဲ့မှီခိုသားသမီး၊ မိဘတွေကိုလည်း မြန်မာနိုင်ငံသား  အသိအမှတ်ပြုတဲ့ထောက်ခံ စာနဲ့ နေထိုင်နိုင်ရေး အတွက် ယာယီနေထိုင်ခွင့်ပြုဖို့နဲ့ဒီကလေးတွေ ပညာသင်ရေးမှာ မြန်မာသင်ရိုးညွှန်း တမ်းနဲ့ ကျောင်းဆရာတွေပို့လာဖို့ကိုလည်း ထိုင်းနိုင်ငံကိုတင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှ အဖမ်းခံရတဲ့ အလုပ်သမားတွေကို နယ်စပ်ကိုပို့တဲ့အခါ မြန်မာနိုင်ငံသား ဟုတ်မဟုတ် ကို မြန်မာတာဝန်ရှိသူတွေက စီစစ်ခွင့်ပြုဖို့နဲ့တရားဝင်လွှဲပြောင်းဖို့ကိုလည်းထိုင်းကို တိုက် တွန်းထား ပါတယ်။
နောက်ပြီးတော့ အကျဉ်းထောင်တွေမှာ အဖမ်းခံထားရတဲ့မြန်မာနိုင်ငံသားခန့်မှန်းခြေ ၁ သောင်းလောက် ကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ကိုလည်း အလုပ်သမားဝန်ကြီးဌာနကထိုင်းကိုေ တာင်းဆိုတာကို ထိုင်းဘက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ကတိပေးတဲ့အကြောင်းကိုလည်း ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသွားပါတယ်။
Credit to BBC

0 comments:

Post a Comment