Thursday, November 29, 2012

နိုင်ငံသားစိစစ်ရေးမလုပ်ရသေးသောအလုပ်သမားများ ဒီဇင်ဘာလတွင် နေရပ်သို့ပြန်ပို့ခံရနိုင်

ထိုင်းနိုင်ငံမှထုတ်ပြန်ထားသော အမျိုးသားစိစစ်ရေးများပြုလုပ်ရန်ကျန်ရှိနေသေးသည့် တရားဝင်နှင့် တရားမဝင်ရွေ့ပြောင်းမြန်မာအလုပ်သမားများ ခန့်မှန်းခြေမှာ ၁ သန်းခန့်ရှိနေပြီး သတ်မှတ်ထားသည့် လာမည့်ဒီဇင်ဘာ ၁၄ ရက်နေ့ထက်ကျော်လွန်ပါက နေရပ်သို့ပြန်အပို့ခံရနိုင်သည်ဟုသိရှိရပါသည်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွင်းတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီး အဆိုပါ ၁ သန်းခန့်ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလုံး ဒီဇင်ဘာ ၁၄ ရက်နေ့တွင်နောက်ဆုံးလုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ထိုနေ့မှာပင် စိစစ်ရေးများလုပ်ဆောင်ပေးသည့်ရုံးများ အားလုံးကိုလည်းပိတ်မည်ဖြစ်ကြောင်းသိရပါသည်။
မြန်မာအလုပ်သမားရေးဝန်ကြီးဌာနဘက်ကလည်း ကျန်ရှိနေသော အလုပ်သမား ၁သန်းအတွက် သတ်မှတ်ထားသည့်ရက်ထက်တိုးမြှင့်ပေးဖို့တောင်းဆိုခဲ့ပါသည်။
ယခုတစ်ပါတ်အတွင်း ထိုင်းနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံအလုပ်သမားရေးဝန်ကြီးက မြန်မာရွှေ့ပြောင်းအလုပ်သမားအာလုံး နိုင်ငံသားစိစစ်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် နောက်ထပ် ၆ လ ထပ်တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရကိုမေးခွန်းထုတ်ခဲ့ပါသည်။
သို့သော် ဌာနဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး Prawit Khiangpol က  ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အရ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယခုအကြိမ်သည် နောက်ဆုံးဖြစ်ပြီး နောက်ထပ် တိုးမြှင့်ပေးဖို့အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
အထက်ပါအကြောင်းအရာဆွေးနွေးချက်များသည် ၂၆.၁၁.၂၀၁၂  တနင်္လာနေ့တွင် အလုပ်သမားရေးနှင့် သက်ဆိုင်သောနှစ်နိုင်ငံအစိုးရအဖွဲ့များ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုင်းနိုင်ငံအစိုးရအနေနဲ့ မြန်မာအလုပ်သမားရေးဝန်ကြီးအဖွဲ့မှ ရွှေ့ပြောင်း အလုပ်သမားများအတွက် သတ်မှတ်ထားသည့်ရက်အားရွှေ့ဆိုင်းပေးရန် တောင်းဆိုချက်ကို သဘောတူ လက်ခံမည်မဟုတ်ကြောင်း Mr Prawit ကပြောပါသည်။
ဒီတစ်ကြိမ်နဲ့ဆို အစိုးရအဖွဲ့က ရွှေ့ဆိုင်းပေးတာ ၂ ကြိမ်ရှိပြီဟု သူကဆိုပါသည်။
အဆိုပါလုပ်ငန်းစဉ်များဟာ အရင်နှစ်ကတည်းက ရက်ကုန်ဆုံးနေပါပြီး။ သို့သော် ထိုင်းနိုင်ငံအစိုးရမှ ယခုနှစ် ဂျွန်လ ၁၄ ရက်နေ့ကိုနောက်ဆုံးရက်အဖြစ် ပြောင်းလည်းတိုးမြှင့်ပေးခဲ့ပါသည်။ ထိုမှတစ်ဖန် ရှေ့လ ဒီဇင်ဘာ ၁၄ ရက်နေ့သို့ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့ပါသည်။
ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီး Anusorn Kraiwatnussorn က လုပ်ငန်းစဉ်များပြီးမြောက်သွားပြီး ရွှေ့ပြောင်းအလုပ်သမားများ အားလုံးတရားဝင်ဖြစ်သွားပါက လာမည့်နှစ် ဇန်နဝါရီလမှစ၍ ထိုင်းအလုပ်သမားများနည်းတူ တစ်နေ့လုပ်အားခ ဘတ် ၃၀၀ ရရှိလိမ့်မည်ဟုသူက ပြောပါသည်။
မည်သည့်ရွှေ့ပြောင်းအလုပ်သမားများမဆိုထိုင်းနိုင်ငံမှာအလုပ်လုပ်မယ်ဆိုရင် ထိုင်းနိုင်ငံအစိုးရက ချမှတ် ထားတဲ့ လုပ်ငန်းစဉ်မူဝါဒအတိုင်း လုပ်ဆောင်ပေးရမှာပဲ။ အကယ်၍ ယခုချမှတ်ထား တဲ့စိစစ်ရေး လုပ်ငန်းများကို မလုပ်ဆောင်နိုင်ပါ ကိုယ့်နိုင်ငံကိုယ့်အရပ်သို့ ပြန်အပို့ခံရမည်ဟု သူကပြောပါသည်။
ထိုင်းနိုင်ငံမှာလာရောက်ရောက်အလုပ်လုပ်ချင်ရင်တော့ MoU လက်မှတ်ဖြင့်လာ ရောက်လုပ်ကိုင်ရမည်ဟု လည်း ပြောပါသည်။
ယခုလက်ရှိ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွက်လာရောက်လျှောက်ထားသူ ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ စုစုပေါင်း 886,507 ဦးသာ ရှိသေးကြောင်းသိရှိရပါသည်။
 

0 comments:

Post a Comment