ကျောက်တံတား မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်း ခြံလမ်း၊ (ပန်းခြံဘေး)တွင် မိမိတို့၏ အသိမ်း ဆည်းခံမြေ များ အတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုနေကြ သည့် သပိတ်စခန်းမှ အင်အား၂ဝခန့် သည် ဇွန် ၂၁ရက်နံနက်က ကြည့် မြင် တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ထီးတန်းဈေးကြီးတစ်လျှောက် ရိက္ခာ အတွက် အလှူခံထွက်ခဲ့ကြသည်။
အလှူခံထွက်သူတို့၏ ကိုင် ဆောင်လာသော စာတန်းမှာ''အဓမ္မ မြေအသိမ်းခံမိကျောင်းကန်ပြည်သူ များ၏သပိတ်စခန်းမှ အဘိုး အဘွားများ စားနပ်ရိက္ခာများလိုအပ်နေပါသဖြင့် စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။ မိကျောင်းကန်အပိုင်း (၁/၂/၃)ပြည် သူများ''ဟုဖြစ်သည်။
ယင်းတို့မှပြီးခဲ့သော ရက်များ ကလည်း သင်္ဃန်းကျွန်းဈေး၊ ရန်ကင်း ဈေး၊ တာမွေဈေး၊ ၂၆လမ်းဈေး၊ ဘို ကလေးဈေး၊ ရာပြည့်ဈေးများသို့ဝင် ရောက် အလှူခံထွက်ခဲ့ကြသည်ဟု ပါဝင်သူတစ်ဦးကပြောပြသည်။
လိုက်ပါလာသူ အမျိုးသမီးကြီး တစ်ဦးက ''ဈေးကြီးတွေတော့ဘယ် ဝင်လို့ရမလဲ...၊ အခုလိုအကာ အရံမရှိတဲ့ဈေးတွေ လှူမယ့်သူရှိမယ့် ဈေးတွေကို အဓိကထားဝင်ခဲ့ပါတယ်။ ဟန့်တားတာတွေ၊ အနှောင့်အယှက် ပေးတာတွေမရှိခဲ့ပါဘူး။ အခုထိ ကြည့်မြင်တိုင်တစ်ဈေးပဲ ထောက်လှမ်း ရေးတွေ ရဲတွေတစ်ကောက်ကောက် လိုက်တာပဲ ခံရပါတယ်''ဟုဆိုသည်။
နောက်ရက်များတွင်လည်း ယခု ကဲ့သို့ပင် အဆင်ပြေသည့်ဈေးများ သို့ ဝင်ရောက်အလှူသွားမည်ဟုသိ ရသည်။
M T K
Democracy today Daily Newspaper

0 comments:
Post a Comment