Tuesday, December 18, 2012

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ကျင်းပပြုလုပ်

၂၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အခမ်းအနား အား ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးစီး၍ ၁၆.၁၂. ၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ သည်ဟုသိရှိရသည်။
အခမ်းအနားတွင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ခေတ္တ ယာယီတာဝန်ခံမှ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကို ပြောကြားသွားးခဲ့ပြီး အပြည်ပြည်ဆိုင် ရာ ရွှေ့ပြောင်းနေ ထိုင်သူ များေ န့ ဖြစ်ပေါ်လာပုံနှင့် ထိုင်းနိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများအား အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြောကြားခဲ့ကြသည်။ ထို့အပြင် အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥာဏ်စမ်း ပဟေဠိ အစီအစဉ်များနှင့် ဆုချီးမြှင်းခြင်းအစီအစဉ်တို့အား ကျင်းပပြုလုပ်ခဲ့ကြသည် ဟုသိရှိရသည်။
ဆက်လက်၍ အမှုနိုင်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးမှ ၄င်း၏ အတွေ့အကြုံဖြစ်သော တစ်နေ့လုပ်အားခ ၂၂၆ ဘတ် ရရှိရေးတောင်းဆိုခဲ့စဉ် တွေ့ကြုံရသည့် အခြေအနေများအား အခမ်းအနားသို့ တက်ရောက်လာသောသူများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအခမ်းအနားသို့ လာရောက်ပါ ၀င်သော  ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား မေးမြန်းခဲ့ရာတွင် ၄င်းမှအခုလို လာရောက်ပါဝင် ခွင့်ရတဲ့အတွက် ပျော်တယ် ဒီနေ့ အလုပ်သမားတွေအပြင် ကျောင်းသားတွေရော ကလေးတွေရော လူကြီးတွေရော အကုန်ပေါ့နော် နောက်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥာဏ်စမ်း ပဟေဠိ တွေလည်းလုပ်ပေးတဲ့အတွက် ကောင်းတယ်ဟု ဖြေကြားသွားခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေ့ထိုင်သူများနေ့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်
ကျရောက်မည် ဖြစ်သော်လည်း ရွှေ့ပြောင်းအလုပ်သမားများ အတူတကွ ပါဝင်နိုင်ရန်အတွက် ၁၆.၁၂.၂၀၁၂ ရက်နေ့တွင် ပြောင်းရွှေ့ကျင်းပရခြင်းဖြစ်ပြီး ၂၂ ကြိ မ်မြောက် နိုင်ငံ တကာ ရွှေ့ပြောင်းနေ ထိုင်သူများနေ့အခမ်းအနားသို့ MRPWG FED အစရှိသော မဲဆောက် အခြေစိုက် အဖွဲ့အစည်းများနှင့် အတူ တောင်ယာအလုပ်သမားများ၊ ရွှေ့ပြောင်းကျောင်းသားများ စက်ရုံအသီးသီး မှ ရွှေ့ပြောင်းအလုပ် သမားများ ပါဝင်ခဲ့ကြသည်။

PhotobucketPhotobucket PhotobucketPhotobucket PhotobucketPhotobucketPhotobucket

0 comments:

Post a Comment