Thursday, January 26, 2017

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြု လုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သ မားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့ ဆူကိုထိုင်းမှာ ဒီဇင်ဘာလ  ၃ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါ တယ်။

    ဒီသင်တန်းကို ရွှေ့ပြောင်းမြန်မာအ လုပ်သမား (၁၅) ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမ (၈) ဦး ပါဝင်တယ်လို့ သိ ရပါတယ်။ အများစုဟာ စိုက်ပျိုးရေးလုပ်ငန်း မှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေဖြစ်ပါ တယ်။

    သင်တန်းပြုလုပ်ပေးရတာနဲ့ ပတ်သက် လို့ "ဖုတ်ဖရမြို့နယ်မှာက တောင်ယာအလုပ် သမားတွေများတယ်လေ၊ အရင်ကဆို လူ့ အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး တွေကို ပေးနေတာက စက်ရုံလုပ်သားတွေ များတယ်၊ အခု စိုက်ပျိုးရေးလုပ်ငန်းခွင် တွေမှာ ရှိတဲ့သူတွေကိုလည်း ကိုယ့်အခွင့်အ ရေးကို ကိုယ်တိုင်သိပြီး၊ ကာကွယ်တတ်လာ စေဖို့ ရည်ရွယ်ပြီး ဒီမှာ လာလုပ်ရတာဖြစ် ပါတယ်"လို့ သင်တန်းဖြစ်မြောက်ရေး ဦး ဆောင်သူတွေက ပြောပါတယ်။

    သင်တန်း ပထမရက်မှာ လူ့အခွင့်အ ရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အခွင့် အရေးအပိုဒ်၃ဝစလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာ ဖြစ်ပါ တယ်။

    သင်တန်း ဒုတိယရက် မနက်ပိုင်းမှာ တော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းကိုကို က ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
    သင်တန်း သင်တန်းဒုတိယရက် နေ့ လည်ပိုင်းမှာတော့ လိင်နဲ့လိင်ကွဲပြားမှု အ ခြေပြု အသိပညာရပ်တွေကို သင်တန်းဆရာ မ ဒေါ်သူဇာကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအ တွက် ခေတ္တခိုလှုံရာနေအိမ်များ ထားရှိပေး ခြင်း၊ ဥပဒေရေးရာ အထောက်ကူပြုလုပ် ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဂျာနယ်များ ဖြန့်ဝေပေးခြင်း၊ နေ့ကလေးထိန်းကျောင်းများ ထားရှိပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရ ပါတယ်။

0 comments:

Post a Comment