Thursday, January 26, 2017

လူအခွင့်အရေး၊အလုပ်သမားအခွင့်အရေး လိင်နဲ့လိင်ကွဲပြားမှု အခြေပြုသင်တန်း ပြု လုပ်


    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ က ဦးဆောင်ပြီး လူ့အခွင့်အရေး အလုပ်သ မားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေ ပြုသင်တန်းတရပ်ကို ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့ ကီလိုမီတာ ၄၈ မှာ ဒီဇင်ဘာလ  ၁ဝ ရက်နေ့ကစတင်ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ ပါတယ်။

    ဒီသင်တန်းကို စိုက်ပျိုးရေးလုပ်ငန်းခွင် ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန် မာအလုပ်သမား (၁၆) ဦးတက်ရောက်ခဲ့ တာဖြစ်ပြီး မြန်မာအလုပ်သမ (၈) ဦးပါဝင် တယ်လို့ သိရပါတယ်။

    သင်တန်းတက်ရောက်သူ စိုက်ပျိုးရေး အလုပ်သမတဦးက "အခွင့်အရေးလို့ ပြောရင် ကျမတို့ဆီမှာ ဘာရှိမှန်း မသိခဲ့ဘူး၊ အခု ဒီ သင်တန်းကို တက်ရောက်ပြီးတော့မှ လူ့ခွင့် အရေးဆိုတာ ဘာလဲ၊ အလုပ်သမားအခွင့်အ ရေးဆိုတာ ဘာလဲ၊ လိင်ကွဲပြားမှုအပေါ်မူ တည်ပြီး ကျမတို့အမျိုးသမီးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို သိလာရတယ်၊ ကျမတို့ရဲ့ ဆုံး ရှုံးနစ်နာမှုတွေကို ထပ်ပြီးတော့ မဆုံးရှုံးရ အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာတွေ ကိုပါ စဉ်းစားမိလာတယ်"  လို့ ပြောပါတယ်။

    သင်တန်း ပထမရက်မှာ လူ့အခွင့်အ ရေးနဲ့ပတ်သက်တဲ့ မွေရာပါလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ကြညာစာတမ်းပါ လူ့အ ခွင့်အရေးအပိုဒ်၃ဝစလုံးကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင် ပို့ချပေးခဲ့တာဖြစ် ပါတယ်။

    သင်တန်း ဒုတိယရက် မနက်ပိုင်းမှာ တော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ဆိုင်ရာတွေကို သင်တန်းဆရာ ကိုဟိန်းကိုကို က ဦးဆောင် ရှင်းလင်း ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
    သင်တန်းဒုတိယရက် နေ့လည်ပိုင်း မှာတော့ လိင်နဲ့လိင်ကွဲပြားမှုအခြေပြု အသိ ပညာရပ်တွေကို သင်တန်းဆရာမ ဒေါ်သူဇာ ကြိုင်က ဦးဆောင်ပို့ချ ဆွေးနွေးခဲ့တာ ဖြစ် ပါတယ်။

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ အခက်အခဲများ၊ ပြဿနာရပ်များကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် ၁၉၉၉ ခုနှစ် ကတည်းက စတင်တည်ထောင်ထားတာဟာ ယခုဆို ၁၇ နှစ် ရှိလာပြီဖြစ်တယ်လို့ သိရပါ တယ်။

0 comments:

Post a Comment