ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေစုပေါင်းပြီး ဒဿမအကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်တော်ကို မဲဆောက်မြို့ မယ်ကုကျေးရွာ ကျွန်းတောရပ်မှာရှိတဲ့ မေတ္တာသုခဘုန်းကြီး ကျောင်းမှာ နိုဝင်ဘာလ ၁၃ရက်နေ့က ကျင်း ပပြုလုပ်ခဲ့ပါတယ်။
စုပေါင်းမဟာဘုံကထိန်တော်ကို မဲ ဆောက်ဒေသတွင်း မယ်တောင်ပိုင် နော်ကီ ဖား၊ ဖထစ်၊ မယ်တောင်ဖက်၊ မယ်ပ၊ ကမ်းန ဖူးနဲ့ မဲဆောက်ဈေး စတဲ့နေရာတွေက စက် ရုံအလုပ်ရုံတွေ တောင်ယာလုပ်သားတွေရဲ့ ချွေးနည်းစာ သဒ္ဒါတရားအလှူငွေတွေနဲ့ ပါ ဝင်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ဝန်ထမ်းတွေ၊ အဝေး ရောက်အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေ တွေနဲ့ ငွေပဒေသာပင်သီပြီး လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေအနေနဲ့ ရိုးရာဓလေ့ အစဉ် အလာကောင်းတွေကို မမေ့မလျော့ရအောင် ရည်ရွယ်ပြီး အခုလို စုပေါင်းမဟာဘုံက ထိန်တော်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရောင် ခြည်ဦးအလုပ်သမားများအဖွဲ့ တာဝန်ရှိ သူတွေကပြောပါတယ်။
ငွေသားအလှူငွေ ၂၁၇၅၅ ဘတ်ကို မွန်းတည့် (၁၂) နာရီအချိန်မှာ ရေစက်သွန်း ချ လှူဒါန်းခဲ့တာဖြစ်ပြီး စုပေါင်းမဟာဘုံက ထိန်တော်ကျင်းပပြုလုပ်ရာကို လာရောက်တဲ့ ဧည့်သည်တော်တွေအတွက် အကျွေးအမွေး အစီအစဉ်ကို စနွတ်အထည်ချုပ်စက်ရုံ (အ ရပ်အခါ် သုံးရာရုံ)က ရွှေ့ပြောင်းအလုပ်သ မားတွေက ကမကထပြု ချက်ပြုတ်ကျွေးမွေး ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။
0 comments:
Post a Comment