လှိုင်သာယာစက်မှုဇုံ(၁) ဦးမှိုလမ်း အ မှတ် (၅၂/က)ံေူ မြေု အထည်ချုပ်စက် ရုံ မီးပူတိုက်ဌာနတွင် အလုပ်လုပ်သော အ လုပ်သမား မောင်ဝေဖြိုးအောင်ကို လုပ်ငန်း ရှင်မှ ပုဒ်မ ၆၆ဃ ဖြင့် တိုင်ကြားခံရကာ (၂၂.၁၁.၂ဝ၁၆) ညနေပိုင်းမှာ လှိုင်သာ ယာမြို့မ ရဲစခန်းတာဝန်ရှိသူတွေက စက်ရုံ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ တယ်လို့ စုံစမ်းသိရှိပါတယ်။
ပုဒ်မ ၆၆ဃနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မောင် ဝေဖြိုးအောင်ဟာံေူ မြေု စက်ရုံတာဝန်ရှိ သူတွေအနေနဲ့ လုပ်သက် (၃) လမပြည့်သေး တဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သတင်းကို ဆိုရှယ်မီဒီယာ ဖြစ်တဲ့်ခေနဘသသုပေါ်မှာ သက်ဆိုင်ရာကို အကူအညီတောင်းခံတဲ့ ဗီဒီယိုသ ဖိုင် တင်ခဲ့ပါ တယ်။ အဲလို ဗီဒီယိုဖိုင် တင်တာကို လုပ်ငန်း ရှင်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစောကိုက တရား လိုပြုကာ နိုဝင်ဘာ (၁၉) ရက်နေ့မှာ လိုင် သာယာမြို့မရဲစခန်းကို တိုင်းကြားခဲ့တာ ဖြစ် ပါတယ်။ အဲလိုတိုင်ကြားပြီး နိုဝင်ဘာ (၂ဝ) ရက်နေ့မှာ မောင်ဝေဖြိုးအောင် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်လို့ အ လုပ်သမားအရေးကူညီလုပ်ကိုင်နေသူတဦးက "လှိုင်သာယာမြို့မရဲစခန်းက တာဝန်ရှိသူတွေ အနေနဲ့ မောင်ဝေဖြိုးအောင်ကို အကြောင်း ကြားတာမျိုး ခေါ်ယူစစ်မေးတာမျိုးမလုပ်ဘဲ မောင်ဝေဖြိုး အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်း ခွင်တဲ ဝင်ပြီး ခုလို ဖမ်းဆီးတာဟာ အခြားအ လုပ်သမားတွေကိုပါ ခြိမ်းခြောက်ရာကျတယ် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ကလည်း အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ ရပိုင် ခွင့်တွေအပေါ် ချိုးဖောက်နေတာကို ညှိနှိုင်း ဖြေရှင်းတယ်ဆိုတဲ့စကားရပ်အသုံးပြုပြီး ထိ ထိရောက်မကိုင်တွင်နိုင်တာဟာလည်း လုပ် ငန်းရှင်ဘက်ကို အကာအကွယ်ပေးနေ သလား ထင်စရာဖြစ်တယ်လို့" ပြောပါတယ်။
အလုပ်သမားအရေး ကူညီလုပ် ဆောင်ပေးနေသူတွေရဲ့ အကူအညီနဲ့ မောင် ဝေဖြိုးအောင် လှိုင်သာယာမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရာကနေ အာမခံရရှိအောင် နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ကူညီဆောင် ရွက်ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင်ဘက်က စွဲဆို ထားတဲ့ ပုဒ်မ ၆၆ဃ အမှုကို အပြင်ကနေ တရားရင်ဆိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
0 comments:
Post a Comment