Tuesday, February 14, 2017

ဒုတိယအကြိမ်မြောက် ရိုးရာထမနဲထိုးပွဲ ပြည်ထောင်စုနေ့တွင် ပြုလုပ်

Image may contain: 6 people, people sitting
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်ကာ ဒေသတွင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ စုပေါင်းပြီးဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာ ထမနှဲထိုးပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တောင်တိုက်ကျေးရွာ ဖာထောင်းရပ်ကွက် စံပယ်ဖြူနေ့ကလေးထိန်း ကျောင်းတွင် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရိုးရာ ထမနဲထိုးပွဲကို တောရကျောင်းမှ သံဃာတော် (၃)ပါးပင့်ဆောင်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကာ ထမနဲထိုး ခဲ့ကြတာဖြစ်ပါတယ်။ 
 Image may contain: one or more people, people sitting, table, living room and indoor
ဒေသတွင်းရှိ တောင်ယာအလုပ်သမားများ၊ ဆောက်လုပ်ရေး အလုပ်သမားများ၊ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံတို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ဒေသခံထိုင်းနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရိုးရာထမနဲထိုးပွဲကို ထိုင်းလူမျိုးတွေအပါအ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁၀၀)နီးပါး လာရောက်ခဲ့ပါတယ်။
 Image may contain: 1 person, standing, fire and outdoor
“မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ပြည်ထောင်စုနေ့ကို အမှတ်ရစေဖို့နဲ့ ကိုယ့်ရိုးရာ ထမနဲထိုးပွဲမှာ အလုပ်သမားတွေအချင်းချင်း စုစုစည်းစည်းနဲ့ ပူးပေါင်းပါဝင်လာကာ နောင်မျိုးဆက်တွေအနေနဲ့လည်း ကိုယ့်နိုင်ငံက အရေးကြီးတဲ့ နေ့ထူးနေ့မြတ်နဲ့ ကိုယ့်ရိုးရာဓလေ့တွေကို မမေ့ပြောက်သွားအောင် ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရိုးရာထမနဲထိုးပွဲကို ပူးတွဲလုပ်ဆောင်ပေးရခြင်းဖြစ်ပါတယ်” လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က စည်းရုံးရေးတာဝန်ခံ ဦးကိုဟိန်းကပြောပါတယ်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ရိုးရာထမနဲထိုးပွဲကို ရောင်ခြည်းဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ စုပေါင်းထည့်ဝင်တဲ့ အလှူငွေနဲ့ ထမနဲ (၅)အိုးစာ အတွက် ကောက်ညှင်း ပြည် (၂၀) ထိုးခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ထမနဲကို ဖာထောင်းရပ်ကွက်တွင်းနေထိုင်သည့် မည်သူ့ကိုမဆို လူမျိုးဘာသာ မခွဲခြားပဲ လိုက်လံပို့ဆောင်ပေးလှူခဲ့ပါတယ်။

0 comments:

Post a Comment