
ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက်
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ကမကထပြုပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့Trainning Team အဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အရည်အ သွေးမြှင့်တင်ရေးသင်တန်း
ကို မတ်လ (၆)ရက်နေ့က ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့ရုံးမှာပြုလုပ်ခဲ့ ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ မဲဆောက်ဒေသတွင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေး
အလုပ်သမားသမဂ္ဂပညာပေးရေးနဲ့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်း တွေကို
ပြုလုပ်ပေးလျက်ရှိနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ “မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြား
အသိပညာဖြန့်ဝေတဲ့ သင်တန်းတွေပေးရာမှာ အဆင်ပြေချောမွေ့ပြီး
ထိရောက်မှုရှိစေဖို့ရည်ရွယ်ပြီး ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရဲ့
လုပ်ငန်းဌာနတခုဖြစ်တဲ့ Trainning Team အဖွဲ့ဝင်တွေနဲ့
မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြားက စေတနာ့ဝန်ထမ်းတွေအတွက် အရည်အသွေး မြှင့်တင်ရေး
သင်တန်းကို ပြင်ပက သင်တန်းနည်းပြဆရာ တစ်ဦးကို ဖိတ်ကြားပြီး
ပြုလုပ်ခဲ့တာဖြစ်တယ်လို့” သင်တန်း
ဖြစ်မြောက်ရေး ဦးဆောင်သူတွေက ပြောပါတယ်။
မဲဆောက်ဒေသတွင်းမှာ သင်တန်းတွေနဲ့ ပတ်သက်ပြီး
နည်းပြဆရာအဆင့် အတွေ့အကြုံရင့်ကျက်သူတစ်ဦးကို ဖိတ်ကြားပြီး
အရည်အသွေးမြှင့်တင်ရေးသင်တန်းပြုလုပ်ကာ သင်တန်းသား (၁၅)ဦးတက်ရောက်ခဲ့ပါတယ်။
ဒီ သင်တန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု
လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အသီးသီးမှာ သက်ဆိုင်ရာလုပ်ငန်းခွင့်အလိုက်
အန္တရာယ်ကျရောက်စေ နိုင်တဲ့ လုပ်ငန်းခွင်အခြေအနေတွေ၊ အဲဒီလို အန္တရာယ်ကျရောက်စေနိုင်
ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဓါတုပစ္စည်းတွေကနေ ထိခိုက်စေနိုင်တာတွေကို
ဖြေရှင်းဖို့လုပ်ဆောင်ချက်တွေအပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ
ခံစားခွင့်နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေကို သိရှိနားလည်စေပြီး တက်ရောက်တဲ့
သင်တန်းသားတွေကိုယ်တိုင် လက်တွေ့ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ မဲဆောက်ဒေသတွင်းက
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အသိပညာပေးရေးလုပ်ငန်းစဉ်တွေမှာ
စကားဝိုင်းတွေအပါအ၀င် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး
အလုပ်သမားသမဂ္ဂပညာပေးရေးနဲ့ လိင်နဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်းတွေအပြင်
လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းတွေကို
ပြုလုပ်ပေးလျက်ရှိပါတယ်။
0 comments:
Post a Comment