ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့Training Tem က ဦးဆောင်ပြီး
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး
အခြေခံအလုပ်သမားသမဂ္ဂပညာပေး၊ လိင်နဲ့လိင်ကွဲပြားမှု အခြေပြု သင်တန်းတရပ်ကို
ရောင်ခြည်ဦးအလုပ်သမားရိပ်သာမှာ ဇွန်လ (၉)ရက်နေ့ကစတင်ပြီး (၃)ရက်ကြာ
ပြုလုပ်ခဲ့ပါတယ်။

ဒီသင်တန်းကို မဲဆောက်ဒေသတွင်း အထည်ချုပ်စက်ရုံအလုပ်သမားတွေ၊ တောင်ယာလုပ်သားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ စုစုပေါင်း (၁၂)ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မဲဆောက်ဒေသတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်
သင်တန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ် သက်လို့ သင်တန်းဖြစ်မြောက်ရေး
စီစဉ်ရာမှာပါဝင်သူက “ ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ် သမား တွေအနေနဲ့
သိသင့်သိထိုက်တဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ၊ အခြေခံအလုပ်သမား
သမဂ္ဂအကြောင်းတွေနဲ့ လိင်ကွဲပြားတဲ့အပေါ်မှာ အခြေခံပြီး
ခွဲခြားဆက်ဆံတာမျိုးတွေကိုရှောင်ကျဉ်ပြီး တကယ်ဘဲ အလုပ်သမားထုအတွင်းမှာ
အခြေခံကျတဲ့ အခွင့်အရေးတွေ မသိလို့ဆိုတာမျိုးနဲ့ အဖိနှိပ်ခံ
အချိုးနှိမ်ခံရတဲ့ အခြေအနေကနေ ကျော်လွှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီ
(၃)ရက်ကြာ သင်တန်းကိုပြု လုပ်ရတာဖြစ်ပါတယ်” လို့ပြောပါတယ်။

သင်တန်းပထမရက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သင်တန်းဆရာ ကိုမျိုးကိုက ဦးဆောင်ဆွေးနွေးသင်တန်းပို့ချခဲ့တာဖြစ်ပါတယ်။

သင်တန်းဒုတိယနေ့မနက်ပိုင်းမှာတော့ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်းကို ဆရာမ မသူဇာကြိုင်က ဦးဆောင်ဆွေးနွေးသင်တန်းပို့ချခဲ့ပြီး ဒုတိယနေ့ နေ့လယ်ပိုင်းမှာတော့ သင်တန်းဆရာကိုဟိန်းက အလုပ်သမား အခွင့်အရေးနဲ့ ထိုင်းအလုပ်သမား ဥပဒေဆိုင်ရာ အကြောင်းအရာတွေကို ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သင်တန်း တတိယနေ့မှာတော့ အခြေခံအလုပ်သမားသမဂ္ဂပညာပေး အစီအစဉ်ကို သင်တန်းဆရာ ကိုမျိုးက ဦးဆောင်ဆွေးနွေး သင်တန်းပို့ချခဲ့တာဖြစ်ပါတယ်။
သင်တန်းနဲ့ပတ်သက်လို့ သင်တန်းတက်ရောက်ခဲ့သူတဦးက “ ကျနော်တို့ မသိသေးတဲ့ လူ့အခွင့်အရေးမှာဆိုရင် အသက်ရှင်နေထိုင်ခွင့်၊ သင့်တင့်တဲ့လုပ်ခလစာခံစားခွင့် ဆိုတာတွေသိလားရတယ် အလုပ်သမားအခွင့် အရေးတွေနဲ့ ထိုင်းဥပဒေအရ အလုပ်သမားလက်မှတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လုပ်အားခ တန်းတူ အခွင့်အရေးရှိတယ်ဆိုတာတွေကို နားလည်လာတဲ့အတွက် ကျနော်တို့အတွက် အကျိုးရှိတဲ့ ဗဟုသုတတွေကို ရရှိစေတဲ့ သင်တန်းပါ” ပြောပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ အလာတူသင်တန်းတွေကိုလစဉ် မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် ပြုလုပ်ပေးနေသလို ဥပဒေရေးရာအထောက်အကူပြု ကူညီပေးတဲ့ဌာန၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်သွေးငယ်တွေအတွက် နေ့ကလေးထိန်း ကျောင်းဖွင့်လှစ်ပေးထားသလို ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေ၊ ခေတ္တခိုလှုံရာနေအိမ်၊ အလုပ်သမားတွေကို အသိပညာပေးတဲ့ ဂျာနယ် စတာတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

0 comments:
Post a Comment