Friday, July 19, 2013

အလုပ်သမားကာကွယ်ရေးရုံးမှ အလုပ်ရှင်အား နစ်နာကြေး ဘတ် ၁၅ သိန်း ပေးဆောင်ရန် အမိန့်ချမှတ်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ချန်ပီယံစက်ရုံမှ ထိုင်းအစိုးရသတ်မှတ်ထားသော  အလုပ်သမားမျာ၏ ရသင့်ရထိုက်သော တနေ့ ဘတ် ၃၀၀ ရရှိရန် တောင်းဆိုရာတွင် အလုပ်သမား ၆၃ ယောက်အား မတ်လ ၂၀၁၃ ခုနှစ်တွင် အလုပ်ရှင်မှ အလုပ်ဖြုတ်လိုက်သည့်အတွက် အလုပ်သမားရေးရာကူညီဆောင်ရွက်ပေးနေသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ လာရောက်တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဥပဒေရေးရာ အကြံညဏ်များပေးပြီး အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး(ဆ၀ါဒီကန်)သို့ အလုပ်သမားများမှ သွားရောက် တိုင်ကြားခဲ့သည်။  ထိုင်းအစိုးရ၏ အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါဒီကန်) မှ အလုပ်သမားများနှင့် အလုပ်ရှင်တို့အား ခေါ်ယူညှိနှိုင်းဖြေရှင်းပေးခဲ့သည်။၎င်းနောက်
၁၄၊ ၀၇၊ ၂၀၁၃ ခုနှစ်တွင် အလုပ်သမားကာကွယ်ရေးရုံးမှ အလုပ်သမားများ၏ နစ်နာမှုအား ပေးလျော်ရန်အတွက် နစ်နာကြေး ဘတ် ၁၅ သိန်း အလုပ်ရှင်မှ ပေးဆောင်ရမည်ဟု အမိန့်ချမှတ်လိုက်သည်။


1 comments:

Hoo Rahhh

Go Go Yaung Chi Oo, Go Go That's It

Post a Comment