Monday, October 04, 2010

ရွှေ့ပြောင်းအလုပ်သမားများအား လက်မှတ်အသစ် ပြုလုပ်ပေးမည်

ရောင်ခြည်ဦး၊ ၄ ရက် အောက်တိုဘာ  ၂၀၁၀
ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမား လက်မှတ် အသစ် ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်အပေါ် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး လုပ်ဆောင်နေသော နိုင်ငံတကာ အလုပ်သမား စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။

ထို့နောက် ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။...........

တန်းတူအခွင့်ရေးပေးရေးအတွက်များကို ထိုင်းအလုပ်သမားဝန်ကြီးဖြစ်သူက ကမ္ဘာ့အလုပ်သမားနေ့က ယခုလိုပြောကြားခဲ့သည်။လွတ်လပ်စွာ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်နှင့် ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေး တောင်းဆိုခွင့်တို့အား ထိုင်းအစိုးရမှ သဘောတူလက်မှတ် ရေးထိုးသွားရန် တိုက်တွန်းပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ချီတက်ပွဲ အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါအခွင့်အရေးများကို ထိုင်းအစိုးရအား ယခုအလုပ်သမားသမဂ္ဂ အသီးသီးမှ တောင်းဆိုတင်ပြသော အချက်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက် အမှတ် (၈၇၊ ၉၈) တို့နှင့်အညီ ထိုင်းအစိုးရက သဘောတူလက်မှတ် ရေးထိုးသွားရန် တိုက်တွန်းပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ပိုင်သုန်က ပြောကြားလိုက်ခြင်းဖြစ်သည်။ ကြေညာချက်မပေါ်ထွက်ခင် ခွန်ခန်မြို့ Decha palish shing.net.factory စက်ရုံအလုပ်သမားများ၏ ပါတ်စပို့စ်ကိစ္စကြောင့် ပြဿနာဖြစ်ရာမှ ဆန္ဒပြမှုဖြစ်ခဲ့ပြီး အလုပ်ရှင်မှ့ အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောမှုပြုလုပ်ပေးခဲ့သည်။ မဲဆောက်မြို့ စက်ရုံအသီးသီးရှိ မြန်မာ့ရွှေ့ပြောင်းအလုပ်အလုပ်သမားများကို စီမံချက်ထုတ်၍ ဖမ်းဆီးမှုကြောင့် အလုပ်သမားများ ထိတ်လန့်ကြောက်ရွှံ့မှုများရှိခဲ့သည်ဟု အလုပ်သမားရေးရာဆောင်ရွက်နေသည့် ရောင်ခြည်ဦးအဖွဲ့မှ တာဝန်ခံဖြစ်သူက ပြောဆိုလိုက်သည်။ ယခုကြေညာချက်အပေါ် ရောင်ခြည်ဦးအဖွဲ့ကိုယ်စား ကြိုဆိုလိုက်ကြောင်းပြောဆိုလိုက်သည်။ လက်မှတ်အသစ်ပြုလုပ်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။ နိုင်ငံသားစိစစ်မှုပြုရေးလျှောက်လွှာ တင်သွင်းပြီးသော မြန်မာအလုပ်သမား အရေအတွက်မှာ ဧပြီ (၂၇) ရက်နေ့အထိ (၈၂၂,၀၉၃) ဦး ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ထုတ်ပြန်ပြောဆိုသည်။ အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား (၂) သန်းခန့်ရှိသည့်အနက် ယခုလောလောဆယ်တွင် မြန်မာယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူပေါင်းမှာ (၇၁,၃၉၀) ဦးသာ ရှိသေးသည်။

0 comments:

Post a Comment