Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းနောက်ဆက်တွဲကြားသိရသောစကားများ




အမေစုမိန့်ခွန်းပြောနေတယ်တဲ့ မြန်မြန်လာကြဟေ့

အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို “ကျနော့်ရဲ့ သူရဲကောင်း” လို့ သုံးနှုန်းသွားပါတယ်။ ဗြိတိန် ဝန်ကြီးချုပ်က “လွတ်သင့်တာ ကြာပြီ” လို့ ပြောဆိုပြီး အာဆီယံ အထွေထွေ အတွင်းရေးမှူးကတော့ “စိတ်သက်သာရာ ရပါပြီ” လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် ထောင်နှင့် ချီသော လူအုပ်ကြီး ပိုမိုများပြားလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် က နေအိမ်မှ ထပ်မံထွက်လာပြီး လက်ပြ နှုတ်ဆက်ကြောင်း၊ လူထုက “အမေစု”ဟု နှုတ်ဆက်အော်ဟစ်ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခြေလျင် ချီတက်နေသည့် လူအုပ်ကြီးမှာ များပြားလွန်းကြောင်း၊ ယခုအချိန်အထိ လူစုကွဲခြင်း မရှိသေးကြောင်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထိပ်ရှိ ပုလဲကွန်ဒိုမီယံမှ တက္ကသိုလ်ရိပ်သာ လမ်းပ်ါအထိ လူအပြည့်ရှိကြောင်း သိရသည်။ “နိုဝင်ဘာ ၇ ရက်နေ့က လူထုဆန္ဒဖော်ထုတ်တာ မဟုတ်ဘူး၊ ဒီနေ့မှ လူထုက ဆန္ဒကိုဖော်ထုတ်တာ” ဟု လူငယ်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က လူထုကို အိမ်ရှေ့တွင် ပထမဆုံး နှုတ်ဆက်စကား အနည်းငယ်ပြောကြောင်း၊ နိုင်ငံတော် သီချင်း ကမ္ဘာမကျေကို လူထုက သံပြိုင်သီဆိုကြောင်း၊ လူထုကို မနက်ဖြန် ၁၂ နာရီတွင် အဖွဲ့ချုပ်ရုံးသို့ လာရောက် ရန် ပြောဆိုကြောင်း သတင်းရသည်။“နိုင်ငံရေးသင်ခန်းစာ တခုလို သဘောထားပါ၊ မတွေ့ရတာ ကြာပြီဆိုတော့ ပြောစရာတွေက အများကြီးပဲ၊ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ်”ဟု ပြောကြောင်း သိရသည်။(ဧရာဝတီသတင်းဌာနမှ ကူးယူပါသည်။)

0 comments:

Post a Comment