Monday, November 08, 2010

မြဝတီမြို့ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများ နောက်ဆုံးအခြေအနေများ

နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။
(ဧရာဝတီဝက်ဆိုဒ်မှ တဆင့်ကူးယူဖေါ်ပြသည်)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၇ တပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ တပ်သားတဦး ကျသွားကြောင်း သိရ သည်။
(ဧရာဝတီဝက်ဆိုဒ်မှတဆင့် ကူးယူဖေါ်ပြသည်)
နယ်စပ်မှာ အန်တီတိုဘာများကြားရသလဲလို့။ အခု အကုန်လုံး မက်ဆောက်လေယာဉ်ပျံကွင်း ရှေ့က စစ်တပ်ထဲကို ရောက်လာကြပြီ။ အေးနိုင်။ ။ ဘာဖြစ်လို့ ထွက်ပြေးလာသလဲခင်ဗျာ။ ကျနော်တို့ အိမ်ပေါ်၊ အိမ်ဘေး အကုန်လုံး လက်နက်ကြီးကျလို့ ဘယ်လိုလုပ် ဆက်နေလို့ရမလဲ။ အားလုံးပစ်ပြီးတော့ မိသားစုတွေ အကုန်လုံး ထွက်ပြေးလာလိုက်တယ်။
(ဒီဗွီဘီဝက်ဆိုဒ်မှတဆင့် ကူးယူဖေါ်ပြသည်)
တိုက်ပွဲဖြစ်ပွားရာ အပြန်အလှန်ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်ဖြစ်တဲ့ (၄း၀၀) ခန့်အချိန်တွင် မြဝတီမြို့ လူနေရပ်ကွက်များတွင်မီးများစတင်လောင်ကျွမ်းနေကြောင်းထပ်မံသိရသည်။

0 comments:

Post a Comment