ရောင်ခြည်ဦး နိုဝင်ဘာ ၇ ၂၀၁၀
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပပန်းခြံရှေ့တွင် မြန်မာ့စစ်အစိုးက ယနေ့ကျင်းပပြုလုပ်သော ရွေးကောက်ပွဲကို အလုပ်သမားများက ဦးဆောင်ပြီး ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပပန်းခြံရှေ့တွင် မြန်မာ့စစ်အစိုးက ယနေ့ကျင်းပပြုလုပ်သော ရွေးကောက်ပွဲကို အလုပ်သမားများက ဦးဆောင်ပြီး ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမဲစတင်ပေးချိန်မှာ မဲဆောက်မြို့တွင် အလုပ်သမားများက ဦးဆောင်၍ ရွေးကောက်ပွဲကို လက်မခံ အသိအမှတ်မပြုနိုင်သောကြောင့် ဆန္ဒပြကြသည်ဟု သိရှိရသည်။
မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ မှကိုထက်ခေါင်က “စစ်အစိုးရပြုလုပ်တဲ့ ဒီအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဗျာ တိုင်းရင်းသားတန်းတူအခွင့်ရေးတွေ ကိုချိုးဖောက်နေတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းကျနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားတာတွေကို ဆန့်ကျင်တယ် ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်ဗျာ ကျနော်တို့လို ပြည်သူတွေက မိမိဆန္ဒအတိုင်း မဲမပေးဘဲနေပိုင်ခွင့်တွေ တောင်းဆိုတယ်ဗျာ ရွေးကောက်ပွဲရလဒ်ကိုလဲ ယုံကြည်မှုမရှိဘူး မထောက်ခံနိုင်ဘူး ဒါကြောင့် ဒီနေ့ကျနော်တို့ အလုပ်သမားတွေ ဆန္ဒပြတာဘဲဗျာ မြန်မာနိုင်ငံမှာ မဲပေးနေကြတယ် နအဖက သူတို့စိတ်တိုင်းကြရွေးကောက်ပွဲကိုပြုလုပ်နေတာကြောင့် ကန့်ကွက်တဲ့ အနေနဲ့ ဒီရွေးကောက်ပွဲက ထွက်ပေါ်လာမည့် ရလဒ်ကို ဘယ်လိုမှအသိအမှတ်မပြုနိုင်ဘူးဆိုတာကို ပြသတာဖြစ်တယ်။ အခုကန့်ကွက်ဆန္ဒပြတဲ့သူတွေလည်း မဲဆောက်မှာရှိနေတဲ့ရွှေ့ ပြောင်းအလုပ်သမားတွေပါ” ဟုပြောသည်။
ဒီရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့  အနာဂတ်ကို ပုံဖေါ်မည့် အရေးကြီးတဲ့ရွေးကောက်ပွဲဖြစ်တယ်။ အဲဒါထဲမှာ အခုထိုင်းနိုင်ငံထဲမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ သန်းနှင့်ချီပြီးရှိတဲ့ အလုပ်သမားတွေအနေနဲ့ မဲထည့်ခွင့်မရကြဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲဟာ နအဖစစ်အုပ်စုရဲ့  ပြည်သူတွေကို ဆက်လက်ကျွှန်ပြုမည့် ရွေးကောက် ပွဲဖြစ်တယ်။ အဲဒါကို မကျေနပ်ကိုအခုလိုကန့်ကွက်ဆန္ဒပြတာဖြစ်တယ်ဆိုတာကို ၎င်းကဆက်လက်ပြောဆိုလိုက်သည်။
ဒီဆန္ဒပြပွဲဟာ မြန်မာနိုင်ငံမှာ မဲပေးနေတဲ့အချိန်နှင့် တိုက်ဆိုင်မှုရှိနေပေမဲ့ ထိုင်းအာဏာပိုင်များမှ ဟန့်တားနှောက်ယှက်မှုများမရှိ၍ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်ဟုသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် မြန်မာ့အရေးကို စိတ်ဝင်စားသော နိုင်ငံခြားသားတချို့နဲ့ အလုပ်သမားများ စုစုပေါင်း (၆၀)ခန့်ပူးပေါင်းကာ ပိုစတာများကိုင်ဆောင်ပြီး စစ်အုပ်စု၏အတုအယောင် ရွေးကောက်ပွဲအလိုမရှိ နှင့် ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွတ် စသည်တို့ ကိုအော်ဟစ်ပြီး ဆန္ဒပြခဲ့ကြသည်။
0 comments:
Post a Comment