ယနေ့ကျရောက်သည့်(၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးတွင် ဒီကနေ့ မနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အလုပ်သမားရေးဆောင်ရွက် နေကြသည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (၁၅) ခုတို့က ပူးပေါင်းကာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးတွင် မေဒေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအလုပ်သမတဦးဖြစ်သူ မငယ်ငယ်က ̏ ၁၂၁ ကြိမ်မြောက်ဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးမှာကျင်းပတဲ့ မေးဒေးနေ့အခမ်းအနားကို ပထမဆုံးတက်ရောက်ဖူးတာပါ ပျော်စရာအရမ်းကောင်းသလိုအလုပ်သမားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကိုသိခွင့်ရသလိုအလုပ်သမားအခွင့်အရေးနှင့်ပါတ်သက်ပြီး တိုက်ပွဲဝင်အလုပ်သမားတွေရဲ့ပြောစကားတွေဟာအလွန်အားတက်ဖွယ်ဖြစ်စေပါတယ် ဆုံးရှုံးနေတဲ့ ကျမတို့ အလုပ်သမား အခွင့်အရေးတွေကိုလည်း ပိုမိုသိလာတယ်လေ အလုပ်သမားတွေရဲ့ အခန်းကဏ္ဍအရေးပါပုံတွေကိုသိရှိလာစေတယ် တကယ့် နေ့ထူးနေ့မြက်တခုဖြစ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ကိုတက်ရောက်ခွင့်ရတဲ့ အလုပ်သမားတဦးအနေနှင့်များစွာဂုဏ်ယူမိပါတယ် ̋ ဟု ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တပ်ခရိုင် မဲဆောက်ဒေသ တွင်းမှာ တနေ့ အလုပ်ချိန် (၈)နာရီအတွင်းလုပ်ခကြေးငွေ (၁၆၂) ဘတ်ပေးရန် သတ်မှတ်ပြဌာန်းထားသော်လည်း လက်ရှိအလုပ်သမားတွေ အဆိုပါရပိုင်ခွင့်များ ဆုံးရှုံးနေရသည့် အခြေအနေကို မဲဆောက်ဒေသတွင်း အထည်းချုပ်စက်ရုံ အလုပ်သမားတဦးက “တနေ့ကို အလုပ်ချိန်က မနက် (၈)နာရီကနေ ည (၁၂) နာရီထိ ဆင်းရတယ်။ အော်ဒါကျတယ်ဆိုပြီး တချို့ရက်တွေဆို မိုးတလင်းလုပ်ရတယ်။ လုပ်အားခကကျတော့ ဒါဇင်စားပေးတယ်၊ ထိုင်းအစိုးရသတ်မှတ်တဲ့ တရက်လုပ်အားခနှုန်းနဲ့ မရဘူးတနေ့လုံးလုပ်မှ(၈၀)လောက်ပဲ ရတယ်၊ ကျန်းမာရေးမကောင်းဘူးဆိုလည်း သူတို့အလုပ်ကျတဲ့ရက်ဆိုရင် ခွင့်မရဘူး ဘယ်ဆေးခန်းမှလည်း လိုက်ပို့တာ ကျန်းမာရေးစောင့်ရှောက်တာ မရှိဘူး အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေတုန်းဘဲ”ဟု ပြောသည်။
မေဒေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော်က “ ကျနော်တို့အလုပ်သမားတွေ အလေးထား ရမဲ့နေ့တနေ့ပဲဖြစ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားအခွင့်ရေးတွေအတွက် အလုပ်သမားတွေရဲ့သွေးနဲ့ရင်းကာ တိုက်ပွဲလာတဲ့အပေါ်မှာဒီနေ့ကိုကမ္ဘာတဝန်းက အသိအမှတ် ပြုခဲ့ရတဲ့ အတွက်ဖြစ်ပါတယ်။ ဒီတိုက်ပွဲမဝင်ခင်အချိန်က အလုပ်သမားတွေဟာ အလုပ်ချိန်တွေ အဆမတန်လုပ်ရတယ်။ လုပ်အားခတွေအပြည့်အဝမရဘူး။ နောက်အခြားအလုပ်သမား အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ကြရပါ တယ်။ အလုပ်သမားတွေရဲ့သွေးနဲ့ရင်းပြီးမှ သာ အဲ့ဒီဆုံးရှုံးမှုတွေကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မေဒေးစိတ်ဓါတ် မေဒေးသမိုင်းတွေကို သိစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုသူတို့တွေရဲ့အခွင့်အရေးဆုံးရှုံးမှုတွေဟာ ဟိုလွန်ခဲ့တဲ့၁၈ရာစု က အလုပ်သမားတွေရဲ့ အခြေအနေနဲ့ တူနေလိုပဲဖြစ်ပါတယ်၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် အလုပ်သမား၏ ဆုံးရှုံးနေသည့် အခွင့်အရေးများအတွက် လိုက်လံဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျှက်ရှိပြီး ၂၀၁၀-၁၁ ခုနှစ်အတွင်း ဆဝါဒီကမ်တွင် (၁၀)မှု၊ တရားရုံးတွင် (၄) မှု အောင်မြင်ခဲ့ကြောင်း ” ပြောသည်။
“အမှုတွေက အလုပ်ရှင်တွေက အလုပ်သမားအပေါ်ချိုးဖောက်တဲ့ အမှုတွေဖြစ်လို့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကို တိုင်ကြားဖို့ လိုပါတယ်။ အလုပ်ရှင်တွေက အမှုကြာအောင် အချိန်ဆွဲထားတာတွေတော့ ရှိတယ်” ဟု ဆက်လက်ပြောဆိုလိုက်သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနှင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမှုပေါင်း၁၅၀ကျော်တွင် နစ်နာကြေးငွေ ဘတ်သန်းပေါင်း ၁၅ သန်းကျော် ရရှိခဲ့ပြီး အောင်မြင်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနှင့် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမှုပေါင်း၁၅၀ကျော်တွင် နစ်နာကြေးငွေ ဘတ်သန်းပေါင်း ၁၅ သန်းကျော် ရရှိခဲ့ပြီး အောင်မြင်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။
အလားတူမဲဆောက်မြို့လယ် အစိုးရအထက်တန်းကျောင်းတွင် (၁၂၁) ကြိမ်မြောက် မေဒေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တပ်ခ်ခရိုင်ဝန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအရေး လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းတို့က ကျင်းပခဲ့သည်။









0 comments:
Post a Comment