၂၀၀၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကြ ဥက္ကဌနေရာကို မြန်မာနိုင်ငံမှ လွှဲပြောင်းယူရးနဲ့ ပတ်သတ်လို့ အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါ မြန်မာနိုင်ငံကို
အောက်တိုဘာလ အတွင်းသွားရောက်ဖို့ရှိပါတယ်။
အာဆီယံ ဥက္ကဌနေရာယူဖို့ မြန်မာအစိုးရက စိတ်အားထက်သန်နေတာကြောင့် ဒီမိုကရေစီကရေစီ အသွင်ကူးပြောင်းရေးဆောင်ရွက်မှုတွေ ပိုလုပ်လာအောင် မက်လုံးတစ်ခုအဖြစ် ဆွဲဆောင်နိုင်ဖွယ် ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ၂၀၁၄ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ နေရာကို မြန်မာနိုင်ငံ လွှဲပြောင်းရယူဖို့ကို မကြာခင်လပိုင်းကပဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘောတူခဲ့ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အတည်ပြုဖို့ရှိပါတယ်။
သို့သော်လည်း အာဆီယံအတွင်း၌ မြန်မာ့အရေးကိစ္စအပေါ် အမြင်သဘောထားတွေ မတူကြဘူးလို့ မြန်မာရေးဆိုင်ရာ အာဆီယံ အမတ်များအဖွဲ့ရဲ့ အကြီးတန်း အကြံပေး မစ္စတာ ခရိုင်ဆတ် ချူနာဝန်က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေမတွေ့ရတာကြောင်း
အကယ်၍ ဒီမိုကရေစီကို တကယ်လုပ်ဆောင်နေလျှင် နိုင်ငံရေးအကျဉ်းသား ၂ထောင်ကျော်ကို လွှတ်ပေးပြီး ပြည်သူတွေကို အခြေခံ လွတ်လပ်ခွင့်တွေ ပေးသင့်ကြောင်း ဆက်လက်၍ ပြောကြားခဲ့ပါသည်။
ထို့အပြင် အာဆီယံ ပဋိညာဉ် စာတမ်းပါ အချက်ဖြစ်တဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံအနေနဲ့ မျက်ကွယ်မပြုသင့်ကြောင်းကိုလည်း သတိပေး ပြောကြားခဲ့သည်။
REF: BBC









0 comments:
Post a Comment