Friday, September 02, 2011

ဒုတိယ ကမ္ဘာစစ်လက်ကျန်ဗုံးပေါက်ကွဲ လူ ၇ဦး သေဆုံး


မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေမြို့တွင် ဒုတိယ ကမ္ဘာစစ်လက်ကျန် မြေမြှုပ်ဗုံးတစ်လုံးပေါက်ကွဲရာ လူ ခုနှစ်ဦးသေဆုံးခဲ့သည်။ "သူတို့တွေက ရွာအနီးက ကမ်းခြေမှာပေါ်လာတဲ့ ဗုံးကို ဖယ်ရှားဖို့ ကြိုးစားရင်း မတော်မဆ ပေါက်ကွဲသေဆုံးခဲ့တာပဲ။ သူတို့တွေက ဗုံးကို ဘာမှန်းလဲ သေချာမသိကြဘူး။" ဟု အမည်မဖော်လို သူအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် စစ်တွေဆိပ်ကမ်းမြို့အနီးမှ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပြီး သေဆုံး ခဲ့သူများသည် ယောက်ျားများဖြစ်ကြသည်။ "အဲဒီ့ဗုံးက ဒုတိယကမ္ဘာစစ် လက်ကျန် မြေမြှုပ်မိုင်းဖြစ်မယ်။ အဲဒီ့လိုမျိုး မိုင်းတွေ ဘယ်လောက်တောင် ကျန်ရှိနေအုံး မလဲမသိဘူး။" ဟု နောက်ထပ် အရာရှိတစ်ဦးခဲ့ ပြောကြားသွားခဲ့သည်။



REF - AFP