Sunday, October 30, 2011

ဒေါ်အောင်ဆန်းစုကြည် ပါလီမန် အမတ်အဖြစ်ဝင်ရောက် အရွေးခံနိုင်

မြန်မာနိုင်ငံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်နောက် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ပါလီမန် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် အမိမြေကို ပြန်လာ ကတည်းက ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ ပိတ်ဆို့ဖယ်ရှားခဲ့ပြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။ နှစ်၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ်ကျင်းပသော နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး မတ်လတွင် စစ်အစိုးရမှ အယောင်ဆောင် အရပ်သားအစိုးရသို့ အာဏာ လွှဲအပ်ပြီး ပြုပြင်ပြောင်းလဲမှု အချို့ပြုလုပ်ပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ဆက်လက်လည်ပတ်လုပ်ဆောင်နေသော်လည်း လွန်ခဲ့သော ရွေးကောက်ပွဲတွင် ပါဝင်ရန် ငြင်းဆန်မှုကြောင့် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။

0 comments:

Post a Comment