Wednesday, January 18, 2012

မကြာမှီ ကုန်ဆုံးတော့မည့် လက်မှတ်အတွက် အရေးပေါ် သတင်း




ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဇန်န၀ါရီလ ၂၀ ရက် နှင့်  ဖေဖော်ဝါရီလ ၂၈ ရက်နေ့များတွင် ကုန်းဆုံးမည့်  အလုပ်သမားလက်မှတ် သက်တမ်းကို ထိုင်းအစိုးရအနေဖြင့် ၂၀၁၂ ခုနှစ်အတွက် သက်တမ်းတိုးပေးတော့မည် မဟုတ်ပါ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၀ နှင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကုန်ဆုံးမည့် အလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး နှင့် ယာယီနိုင်ငံကူးလက်မှတ်  မလုပ်ရသေး ဘူးဆိုရင် ချွင်းချက်မရှိ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းခံရမည်။ အလုပ်ရှင် အနေဖြင့်လည်း ဥပဒေအရ အရေးယူခြင်းခံရမည်။


        ၂၀၀၉ ခုနှစ်မှစ၍ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အလုပ်သမား များ၏ အလုပ်ရှင်များသည် အလုပ်သမား၏ ပြည်ဝင်ခွင့် ( ဗီဇာ ) သက်တမ်း ကုန်ဆုံး မည့်ကို စိစစ်ပေးရန် နှင့် ဗီဇာသက်တမ်းမတိုးမှီ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းကို အရင်တိုးရမည်။ အကယ်၍ ဗီဇာသက်တမ်းကုန်ဆုံးရက်ကျော်လွန်သွားပါက တရက် ၅၀၀ ဘတ် နှုန်းဖြင့် ဒဏ်ငွေပေးဆောင်ရမည်။ ဗီဇာသက်တမ်းတိုးခြင်းကို သက်တမ်း မကုန်မှီ ရက် ၃၀ အတွင်း စတင်တိုး၍ရသည်။


ဗီဇာသက်တမ်း ၂ နှစ် ကုန်ဆုံးမည့် အလုပ်သမားများသည်


1.   မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ် နောက်ထပ် ၃ နှစ် သက်တမ်းတိုးခြင်း အတွက် ၄၅၀ ဘတ်


2.   ဆေးရုံကြီးတွင် ၁ နှစ်အတွက် ကျန်းမာရေး စစ်ဆေးခြင်း ၆၀၀ ဘတ် နှင့် ကျန်းမာရေး အာမခံအတွက် ၁၃၀၀ ဘတ်  (လူမှုဖူလုံရေးလက်မှတ်လုပ်ထား သူများ ကျန်းမာရေး စစ်ဆေးခြင်း နှင့် အာမခံ လုပ်စရာမလို )


3.   အလုပ်လုပ်ကိုင်ခြင်း လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာ အလုပ်သမားရှာ ဖွေရေးရုံးတွင် လျှောက်ထားခ ၁၀၀ ဘတ်


4.   ဗီဇာ ၂ နှစ် သက်တမ်းတိုးခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ၁၉၀၀ ဘတ်


5.   သက်ဆိုင်ရာ နယ်မြေအလုပ်သမားရုံးတွင် ၁ နှစ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် အတွက် ၁၈၀၀ ဘတ်


ဇန်န၀ါရီလ ၂၀ ရက် နှင့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများသည် သက်တမ်းမကုန်ဆုံးမှီ နိုင်ငံသားစိစစ် ရေး လုပ်ဆောင်ပြီးမှသာလျှင် ၄ နှစ် အလုပ်လုပ်ကိုင်ခွင့်ရှိမည် ( ၂ နှစ် တခါ သက် တမ်းတိုးရမည် )


နိုင်ငံသာစိစစ်ရေး လုပ်ဆောင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ


1.   နေထိုင်ခွင်လက်မှတ် မိတ္တူ ( ထောရော ၃၈/၁ ) (သို့) အလုပ်သမားကဒ် မိတ္တူ  (သို့) ယခင်နှစ်က သက်တမ်းတိုးထားသည့် ဖြတ်ပိုင်း မိတ္တူ ၁ စုံ


2.   အလုပ်ရှင်၏ အလုပ်သမားဦးရေ ခွဲတမ်း ( ကိုတာ ) တစုံ


3.   နိုင်ငံသားစိစစ်ရေး စာရွက်မိတ္တူကို မိမိတို့လျှောက်ထားသည့် သက်ဆိုင်ရာ နယ် စပ်သို့ ပို့ဆောင်ရန်


4.   ၂ လက်မ အရွယ် ဓါတ်ပုံ ၁၀ ပုံ ( ဦးထုပ်မဆောင်းရ ၊ မျက်နှာ တည့်တည့် )


5.   အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စုစာရင်း မိတ္တူ ၁ စုံ


6.   စစ်ဆေးပြီးကြောင်း အမှတ်တံဆိပ်ရိုက်နှိပ်ရန် ၀န်ဆောင်ခ ၅၀၀ ဘတ်


ယာယီနိုင်ငံကူးလက်မှတ်ရရှိပြီးသည့်နေမှစ၍ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို ရက် ၃၀ အတွင်း အလုပ်သမားရှာဖွေရေးရုံးတွင် လျှောက်ထားရမည်ဖြစ်သည်အပြင် ဗီဇာ၂ နှစ် သက်တမ်းရှိပြီးသားဖြစ်ရမည်။ အကယ်၍ သက်မှတ်ထားသည့်ရက်အတွင်းတွင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခြင် မရှိခဲ့လျှင် လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ် ဗီဇာကို ဖျက်သိမ်းခြင်းခံရမည်။








အသိပေးချက်


အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားခြင်းအတွက် အလုပ်သမားများကိုယ်တိုင် လာရောက် ဆက်သွယ်လျှောက်ထားရမည်။


ကျန်းမာရေး စစ်ဆေးရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအ တိုင်းဖြစ်သည်။


1.   နေထိုင်ခွင့်လက်မှတ် နှင့် ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ ၃ စုံ


2.   အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စုစာရင်း မိတ္တူ ၃ စုံ


3.   အလုပ်သမားသည်  ၁၅ နှစ်အောက်မှီခိုသူ ကလေးရှိပါက ထိုကလေး၏ မွေး စာရင်း နှင့် နေထိုင်ခွင့် ( ထောရော ၃၈ / ၁ ) ၃ စုံ


အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရန်အတွက် အလုပ်ရှင် နှင့် အလုပ်သမားတို့၏ လိုအပ် သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


1.   ထောတော ပုံစံ ၁၅


2.   ၂ လက်မ အရွယ် ဓါတ်ပုံ


3.   နေထိုင်ခွင့် မိတ္တူ


4.   ယခင်နှစ်က အလုပ်လုပ်ကိုင်ခွင့် အတွက် လျှောက်ထားခြင်း ဖြတ်ပိုင်း


5.   ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ ၁ စုံ


6.   ကျန်းမာရေး ဆေးစစ်ပြီးကြောင်း စာရွက်


7.   အလုပ်ရှင်၏ အလုပ်သမား လူဦးရေ ခွဲတမ်း ( ကိုတာ )


8.   အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ နှင့် အိမ်ထောင်စုစာရင်း မိတ္တူ


9.   လုပ်ငန်းရှင်၏ လုပ်ငန်း တည်နေရာ မြေပုံ


10.                ရွှေ့ပြောင်းအလုပ်သမားများ ပေးဆောင်ရမည့် ၀န်ဆောင်ခများ


(က) အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ၁ နှစ်သက်တမ်းအတွက် ၉၀၀ ဘတ် နှင့် စာရွက် စာတမ်းခ ၁၀၀ ဘတ် ( ၁၀၀၀ ဘတ် )


(ခ) အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ၂ နှစ်သက်တမ်းအတွက် ၁၈၀၀ ဘတ် နှင့် စာရွက် စာတမ်းခ ၁၀၀ ဘတ် ( ၁၉၀၀ ဘတ် )


(ဂ) ပျောက်ဆုံးသွားတဲ့ အလုပ်သမားကဒ်အတွက် ၂၀၀ ဘတ် နှင့် စာရွက်စာတမ်းခ ၁၀၀ ဘတ်


(ဃ) လုပ်ငန်းအမျိုးအစား ပြောင်းမည်ဆိုပါက ပြောင်းရွှေ့မည်ဆိုပါက ၉၀၀ ဘတ် နှင့် စာရွက်စာတမ်းခ ၁၀၀ ဘတ်


(င) အလုပ်ရှင်ပြောင်းမည်ဆိုပါက ပြောင်းရွှေ့ခအတွက် ၉၀၀ ဘတ် နှင့် စာရွက်စာ တမ်းခ ၁၀၀ ဘတ်


(ဆ)လုပ်ငန်း နယ်မြေ ပြောင်းရွှေ့ခြင်း နှင့် နယ်မြေတိုးချဲ့ပါက ၉၀၀ ဘတ် နှင့် စာရွက် စာတမ်းခ ၁၀၀ ဘတ်



0 comments:

Post a Comment