ဒေသခံအရာရှိတစ်ဦး၏ပြောဆိုချက်အရတနင်္ဂနွေနေ့တွင်တူရကီနိုင်ငံ အင်စတန်ဘူမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှ အလုပ်သမားများနေထိုင်သော တဲကို မီးလောင်ကျွမ်းခဲ့သောကြောင့် လူ၁၄ဦး သေဆုံးခဲ့သည်ဟု သိရပါသည်။ အင်စတန်ဘူမြို့ရှိ အီဆန်ယုဒေသ မှ မြို့ဝန်ဖြစ်သော Necmi Kadioglu က အလုပ်သမားတွေက ကုန်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့ ယာယီတဲကြီးထဲမှာနေ နေကြတာဗျ။ ကျွန်တော်တို့ သံသယဖြစ်နေရတာက အဲ့ဒီလောင်တဲ့မီးက လျှပ်စစ်အပူပေးစက်က စဖြစ်တာဗျ လို့ Kadiogl ကပြောဆိုခဲ့ပါတယ်။ ဒါတွေအပြင် အင်စတန်ဘူမြို့က အေးတဲ့ ရာသီဥတုအကြောင်းကိုလည်း မှတ်ချက်ပေးသွားပါသေတယ်။ တူရကီနိုင်ငံက နာမည်ကြီး တီဗီအစီအစဉ်တစ်ခုကတော့ ထိုမီးလောင်မှုက လျှက်စစ်ပတ်လမ်းလေးကနေထွက်တဲ့ မီးပွားတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ မီးသတ်သမားတွေကလည်း မီးလောင်လို့ ပျက်စီးသွားတဲ့ တဲအောက်က လူတွေရဲ့ခန္ဓာကိုယ်တွေကို ဆွဲထုတ်ရင်း နှင်းမှုန်လေးတွေအောက်မှာ အလုပ်လုပ်နေကြပါတယ်။
0 comments:
Post a Comment