ပြီးခဲ့တဲနှစ်က မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသည် ဦးရေသည် မြောက်ကိုရီးယားနိုင်ငံမှ လွဲ၍ အရှေ့အာရှရှိ အခြားနိုင်ငံများထက် နည်းပါးခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပြီးပါက ထိုကဲ့သို့ လှပ၍ ယဉ်းကျေးပြူငှာသော နိုင်ငံသို့ လာရောက်မည့် ကမ္ဘာလှည့်ခရီးသည်ဦးရေ တိုးပွားလာနိုင်သည်။ နိုင်ငံခြား ဂျာနယ်၊ မဂ္ဂဇင်းများ၌ ၂၀၁၂ ခုနှစ်တွင် သွားရောက် လည်ပတ်သင့်သော နေရာတစ်ခုအဖြစ် ဖော်ပြခြင်းခံနေရသော မြန်မာနိုင်ငံ အနေဖြင့် လိုအပ်သည့် အဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား လုပ်ဆောင်ပေးနိုင်ပါက နောင်လာမည့် ၃နှစ်တာ ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာနိုင်ဖွယ်ရာရှိသည်။ ရန်ကုန် ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ လက်ထောက် ဒါရိုက်တာ ဦးအုန်းမြင့်မှ '၂၀၁၂ခုနှစ်အတွင်းမှာ ရန်ကုန်နိုင်ငံတကာ လေဆိပ်ကနေတဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၅သိန်းလောက် ရှိမယ်လို့ ခန့်မှန်းတယ်။ ၂၀၁၅လောက်ဆိုရင်တော့ ၁သန်းကျော်လောက်မယ်လို့ ထင်တယ်။' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၅သန်းကျော် လာရောက်လည်ပတ်လေ့ရှိသည့် အိမ်နီးချင်း ထိုင်းနိုင်ငံအား ဥပမာအဖြစ်သတ်မှတ်လျက် လိုက်လံ အကောင်အထည်ဖော်လျှက်ရှိသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသည် အရွယ်အစားအရ ကွာခြားမှုမရှိသလို လူဦးရေအရလည်း ကွာခြားမှုသိပ်မရှိပေ။ ထို့အပြင် ဗုဒ္ဓဘာသာသည်လည်း ထိုနိုင်ငံနှစ်ခုလုံးအတွက် အဓိကဘာသာတရားအဖြစ် တည်ရှိနေပြီး တောင်တန်းဒေသများတွင် အမျိုးမျိုးကွဲပြားသော တိုင်းရင်းသားလူမျိုးစုများ တည်ရှိနေခြင်းလည်း အတူတူပင်ဖြစ်သည်။ အလားတူပင် နှစ်နိုင်ငံစလုံးတွင် ရှေးဟောင်းဒေသများ၊ လှပသော တောင်တန်းများနှင့် အုန်းပင်များစီတန်းနေသော ကန်းခြေများရှိကြသည်။ ထိုနေရာများသည် ကမ္ဘာလှည့်ခရီးသည်များ အလွန်ပင် စိတ်ဝင်စားသော နေရာများဖြစ်ကြပေသည်။ သို့သော် မြန်မာနိုင်ငံရှိကမ်းခြေအများစုတွင် အပန်းဖြေစခန်းများမရှိသည့်အချိန်တွင် ထိုင်းနိုင်ငံရှိ ကမ်းခြေများတွင် ကမ္ဘာလှည့်ခရီးသည်များဖြင့် ပြည့်နှပ်လျက်ရှိနေသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုးပမ်းနေသောကြောင့် နိုင်ငံတကာ NGO များနှင့် ခရီးသွားအေဂျင်စီများမှ မြန်မာအစိုးရအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုများ မပြုလုပ်မိရန် တိုက်တွန်းလျှက်ရှိသည်။ နိုင်ငံတကာအေဂျင်စီများမှ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအား ထိန်းချုပ်မှုမရှိပါက ပြည့်တန်ဆာမှုများနှင့် ကမ္ဘာလှည့်လိင်အပျော်အပါးလိုက်စားသူများ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တာဝန်ရှိသူများမှ ယဉ်ကျေးမှုဆိုင်ရာလေ့လာသော ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကထားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
REF: IRRAWADDY.org
REF: IRRAWADDY.org
0 comments:
Post a Comment