Thursday, April 19, 2012

ထိုင်းနိုင်ငံမှ ပြန်ပို့သော မြန်မာရွေ့ပြောင်းအလုပ်သမား ၂ ဦး အပူလွန်ပြီးသေဆုံး


ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး နယ်စပ်ပြန်ပို့ခံရတဲ့ သူတွေထဲက မြန်မာအလုပ်သမား ၂ ဦးဟာ ကားထဲမှာ အပူရှိန်လွန်ပြီး သေဆုံးသွားတယ်လို့ မဲဆောက်ရဲစခန်းက တာဝန်ကျရဲမှူးကြီး ပြောဆိုချက်များကို ကိုးကားကာ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဧပြီလ ၁၇ ရက်နေ့ တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ကနေ မောင်းနှင်လာသော ဆယ်ဘီးကားတစ်စီးသည် တာခ့်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ ရပ်နားတုန်း အခြားအလုပ်သမားတွေ အကုန်ဆင်းသွားကြပါတယ်။ မဆင်းဘဲကျန်နေတဲ့ ၂ ယောက်ကိုကြည့်လိုက်တော့ သေဆုံးပြီလို့ယူဆ ရတဲ့အတွက် တာဝန်ကျရဲမှူးကြီး ယရိခ်ျချုမ့်ဆီ အကြောင်းကြားခဲ့တယ်လို့ ယာဉ်မောင်းသူကပြောပါတယ်။ ရဲမှူးနဲ့အတူ မဲဆောက်ဆေးရုံက ဆရာဝန်နဲ့ တာ့ဆိုင်ရပ်ကွက်က ကယ်ဆယ်ရေးအဖွဲ့များရောက်လာကာ စစ်ဆေးကြည့်ရာတွင် မကြာသေးခင်ကမှ သေဆုံးသွားကြောင်းသိရသည်။ ကားပေါ်တွင်အချိန်ကြာမြင့်စွာ ကျပ်ကျပ်တည်းတည်း စီးခဲ့ရပြီးရာသီဥတုပူပြင်းသောဒဏ်ကို မခံနိုင်သောကြောင့် ရှောခ့်ဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်ကပြောကြောင်း နှင့် သေဆုံးသူ ၂ ဦးမှာ (မောင်စိုး အသက် ၂၅နှစ်) နှင့် (မမိလာအသက် ၃၆ နှစ်) ဖြစ်ပြီး သက်ဆိုင်သူများလာရောက်ဆက်သွယ်ရန် အလောင်းကို မဲဆောင်ဆေးရုံကြီးတွင်ထားရှိကြောင်း ကို မန်နေဂျာအွန်လိုင်း သတင်းတွင်ဖော်ပြထားပါသည်။

REF : DVB

0 comments:

Post a Comment