ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအ
တွက် တတိယကြိမ်မြောက်အဖြစ် အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် အခွင့်အရေးသင်တန်းများကို ပြုလုပ်ခဲ့သည် ဟုသိရှိရသည်။
အသက်မွေးဝမ်းကျောင်းသင်တန်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် စက်ချုပ်သင်တန်းနှင့်
အခွင့်အရေး သင်တန်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအဖို့ လူ့အခွင့်အရေးဆိုင်ရာများ၊ အလုပ်သမား အခွင့်အရေးဆိုင်ရာများနှင့် လိင်ခွဲခြားမှုဆိုင်ရာ အချက်အလက်များကို ပို့ချသင်ကြား ပေးခဲ့သည်ဟု သိရှိရသည်။
အဆိုပါသင်တန်းတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာများကို သင်တန်းပို့ချပေးသူ ကိုထွေးနိုင်မှ " အလုပ်ခွင်ထဲမှာ ဖိနှိပ်မခံရအောင်၊ သူတို့ရဲ့ အခွင့်အရေးတွေက ဘာတွေရှိတယ်၊ ဥပဒေတွေက ဘာတွေ
အကာအကွယ်ပေးထားတယ်ဆိုတာ သိအောင်၊ သူတို့ရဲ့ အသိတွေကို မြှင့်တင်ပေးတာဖြစ်ပါတယ် " ဟု ပြောကြားခဲ့သည်။

0 comments:
Post a Comment