ထိုင်းနိုင်ငံ၊
မဲဆောက်မြို့ ၊ ဘန့်ဆောင်ခွဲအရပ်မှာ ရှိတဲ့ M APPAREL CO.LTD အထည်ချုပ်စက်ရုံမှ အလုပ် သမားတွေ
ဒီကနေ့ ၁၅.၅.၂၀၁၂ ရက်နေ့မှာ ၄င်းတို့ရဲ့ လုပ်ခလစာ ရရှိရေးအတွက် ဆန္ဒပြနေ ကြတယ် လို့ သိရပါတယ်။
အဆိုပါ အလုပ်သမားများဟာ ၄င်းတို့၏ လုပ်ခလစာ ရရှိရေးအပြင်၊ အခြေခံလုပ်ခလစာတိုးမြှင့်
ရရှိရေး၊ လုပ်ခလစာကို ပုံမှန်ရှင်းလင်းပေးရေး၊ အလုပ်သမားများ နေထိုင်သော တန်းလျားများကို
ပြင်ဆင်ပေးရေး၊ ရေနှင့်မီး အပြည့်အ၀ သုံးခွင့် ရရှိရေး တို့အပြင် အလုပ်သမားများ အားလုံး
တန်းတူအခွင့်အရေး ရရှိရေးတို့အတွက် တောင်းဆိုကြတာ ဖြစ်ပါတယ်။
အခုလို
အခွင့်အရေးတွေကို တောင်းဆိုနေကြတဲ့ အလုပ်သမားများထဲက ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ကိုဟိန်းမင်းက
“ ကျနော် ဒီစက်ရုံမှအလုပ်လုပ်တာ တစ်နှစ်ခွဲ ရှိပါပြီ၊ အခုလက်ရှိ ကျနော်တို့ တစ်နေ့ကို
၁၀၀ ဘတ် ရပါတယ် ၊ အလုပ်စ၀င်တုန်းကဆို တစ်နေ့ ၇၅ ဘတ်ပဲ ရပါတယ်၊ အရင်ကတော့ လစာကို လကုန်ပြီး
၁၀ ရက်နေ့မှာ ထုတ်ပေးတယ် နောက်ပိုင်းကျတော့ ရက်တွေ ခဏခဏ ရွှေ့တယ်၊ ကျနော်တို့က အဲဒီလစာကို
မှီပြီး စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနေရတာ၊ ဒီအတိုင်းပဲ ဆက်ပြီး ဖိနှိပ်ခံနေမယ်ဆိုရင်
ကျနော်တို့ဘ၀တွေက ဒီအတိုင်းပဲ ဖြစ်မှာ၊ အားလုံးညီညီညွတ်ညွတ်နဲ့ အခုလို အလုပ်သမားရေးရာလုပ်နေတဲ့
ရောင်ခြည်ဦးလို အဖွဲ့မျိုးတွေနဲ့တိုင်ပင်ပြီး အားလုံးလက်တွဲလုပ်မယ်ဆိုရင် အဆင်ပြေမှာပါ”
လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ၊
မဲဆောက်မြို့ အတွင်းရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ယခုကဲ့သို့ ဖိနှိပ်မှုများ အများအပြား ရှိနေဆဲဖြစ်သည်။
၂၀၁၂
ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး တာ့ခ်ခရိုင်အတွင်း တစ်နေ့လုပ်အားခကို ၂၂၆ ဘတ် အဖြစ် တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ပြီ
ဖြစ်သည်။
0 comments:
Post a Comment