Thursday, May 31, 2012

မဲဆောက်မြို့ M APPAREL စက်ရုံမှ ဆန္ဒပြအလုပ်သမားများအား အလုပ်ရှင်မှအစာရေစာ ဖြတ်တောက်

အခြေခံလစာတိုးမြှင့်ရေးနှင့် အခြား အလုပ်သမား အခွင့်အရေးများ ရရှိရေးအတွက် တောင်းဆိုနေသောM APPAREL စက်ရုံမှ အလုပ်သမား (၃၀၀) ကျော် အား  အလုပ်ရှင်မှ ၂၉.၅.၂၀၁၂ ရက်နေ့မှ စတင်ပြီှး ပုံမှန် ပေးနေကြ ထမင်းနှင့် လျှပ်စစ်မီးကို ဖြတ် တောက်လိုက်ကြောင်း သိရှိရသည်။

မိမိ အခွင့်အရေးတွက် တောင်းဆိုနေကြသော အဆိုပါ အလုပ်သမားများအား “ရောင်ခြည်ဦး အလုပ်သမား များအဖွဲ့ မှ ဦးစီးပြီး၊ FED နှင့် အခြားတစ်သီးပုဂ္ဂလ အလှူရှင်များ “ မှ ဆန်၊ ဆီ၊ ဆား၊ မီးသွေး တို့နှင့်အတူ အခြားလိုအပ်သော အရာများကို ကူညီထောက်ပံ ပေးနေကြောင်း သိရှိရသည်။
အဆိုပါ အလုပ်သမားများ၏ အမှုအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် MAP Foundation တို့မှ ပူးတွဲလုပ်ဆောင်နေကြောင်း သိရှိရသည်။

0 comments:

Post a Comment