Tuesday, July 24, 2012

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး အလုပ်ရုံဆွေးနွေးပွဲ

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများ အရေးနှင့် ပါတ်သက်၍ အလုပ်ရုံဆွေးနွးပွဲတခုကို ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ ရန်ကင်း မြို့နယ်ရှိ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ကျွမ်းကျင်မူ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၊ စီမံခန်ခွဲရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ဒု-ဝန်ကြီး ဦးမြင့်သိန်း အပါအဝင်  အလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ရဲမှူးကြီးဝင်းနိုင်ထွန်း(သတင်းတပ်ဖွဲ့)၊ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဋ္ဌာန၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးဆိုင်ရာ ကွန်ယက်မှ ဦးစိန်ဋ္ဌေး၊ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် မှ နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ Mr. Andy Hall, IOM မှ Program Manager, Mr. Maciej Peizkowski, UNIAP Myanmar, World Vision Myanmar မှ တာဝန်ရှိသူများနှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး  အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

REF    : မဇ္ဈိမ

0 comments:

Post a Comment