မြ၀တီမြို့အနိမ့်ပိုင်းနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား သောင်ရင်းမြစ်
ရေလည်ကျွန်းပေါ် က မြန်မာ နိုင်ငံ သား ရေဘေး ဒုက္ခသည်တွေ မဲဆောက်
ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင်မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာဘက်ခြမ်း မြဝတီမြို့ရှိ အ နိမ့်ပိုင်းရပ်ကွက်ဖြစ်သော ရပ်ကွက် ၁နှင့်၂၊ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ အနိမ့် ပိုင်း ရပ်ကွက် များနှင့်ရေလယ်ကျွန်းတို့ ရေနစ်မြုပ်သွားခဲ့ပါတယ်။
ဘုန်းတော်ကြီး ကျောင်းမှာ
လာရောက်ခိုလှုံနေကြတာပါ။
ရေဘေးဒုက္ခကြုံတွေ့နေရသော မြန်မာရွှေ့ပြောင်း အလုပ်သမားအား အစားအစာ များ ထောက် ပံနိုင်ရန် အတွက်
ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့ မှ ဦးဆောင်ပြီး မဲဆောက်မြို့မှ စက်ရုံများထံ တွင် ကောက် ခံခဲ့ရာ
ခေါက်ဆွဲခြောက်ထုတ် ၁၉၇၁ ထုတ်၊ ဆန်အိတ် အကြီး ၃ အိတ်၊အသေး ၁အိတ်၊ ဆီ၎ဗူး၊
ငါးသေတ္တာဗူး၄၀၊ အဝတ်အစား ၁အိတ် နှင့် အခြားစားစရာများ ကို ကောက်ခံရရှိခဲ့ ပြီး
ထိုပစ္စည်း များ ကို မြဝတီနှင့်မဲဆောက်မြို့ရှိ ရေဘေးဒုက္ခသည်များကိုထောက်ပံ့ခဲ့
သည်ဟု သိရ ပါသည်။









0 comments:
Post a Comment