တရုတ်နိုင်ငံ
အနောက်တောင်ပိုင်း စီချွမ်ခရိုင် ကျောက်မီးသွေး သတ္ထုတွင်းမှာ ဓာတ်ငွေ့ပေါက်ကွဲခဲ့တဲ့အတွက်
သတ္ထုတွင်းသမား ၁၉ဦး သေဆုံးပြီး ၂၈ဦး ပိတ်မိနေတယ်လို့ ဒေသခံအစိုးရက ပြောပါတယ်။ ဗုဒ္ဒဟူးနေ့
ဒေသစံတော်ချိန် ညနေ ၆ရက်နာရီးလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု
ဖြစ်ပွားခဲ့တဲ့ ပန်ဇီစူအာမြို့ ဇီအော်ချီဝမ် ကျောက်မီးသွေးတွင်းထဲမှာ သတ္ထုတွင်း အလုပ်သမား
၁၅၂ဦးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မနက် ၆နာရီမှာတော့ ၁၀၅ဦးကို ကယ်တင်နိုင်ခဲ့ပြီးတော့
ပန်ဇီဟူအာမြို့က ဆေးရုံးကို ပို့ဆောင်ခဲ့ပေမယ့် သတ္ထုတွင်းသမား ၃ဦးကတော့ ဆေးရုံမှာသေဆုံးခဲ့ပါတယ်။
မြေအောက်မှာပိတ်မိနေတဲ့ အလုပ်သမား ၁၅ဦးသေဆုံးတာကိုတည်း အတည်ပြုနိုင်ပြီဖြစ်ပါတယ်။
ကယ်ဆယ်ရေး အလုပ်သမားတွေလည်း ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်အောင် ကြိုးစားနေပြီး
သတ္ထုတွင်းပိုင်ရှင်ကိုလည်းစုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်ဖို့အတွက်ရဲစခန်းက ခေါ်ဆောင်သွားပါတယ်။
ကျောက်မီးသွေးတွင်းကို ဇန်ကျင် စက်မှုကုန်သွယ်ရေး ကုမ္ပဏီကပိုင်ဆိုင်ပါတယ်။ တရုတ်သတ္ထုတွင်းတွေက
လျော့ရဲတဲ့ စည်းမျည်းတွေကြောင့် ကမ္ဘာပေါ်မှာ လူသေအပျောက်အများဆုံးဖြစ်ပေမယ့် အစိုးရကတော့
အသေအပျောက် စာရင်းတွေကျလာတယ်လို့ ပြောပါတယ်။ အရင်နှစ်ကလည်း သတ္ထုတွင်း အလုပ်သမား ၁၉၇၃ဦး
သေဆုံးခဲ့လို့ ၂၀၁၀ ကလည်း ၂၄၃၃ သေဆုံးခဲ့တယ်လို့ အစိုးရ အလုပ်လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က
ပြောပါတယ်။
REF : DVB









0 comments:
Post a Comment