ထိုင်း-မြန်မာနယ်စပ် တွင် ယခုရက်သတ္တပတ်အတွင်း မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်းရင်းမြစ် ရေလျှံပြီး ထိုင်းဘက်ခြမ်း မဲဆောက်မြို့နှင့် မြန်မာပြည်ဘက်ခြမ်း မြ၀တီမြို့တို့တွင် ရေကြီးမှုများဖြစ်ပွားနေကြောင်း သိရပါသည်။ ထိုရေကြီးမှုကြောင့် ထိုင်းမြန်မာနယ်စပ် ဖြစ်သော မဲဆောက်မြို့နှင့် မြဝတီမြို့ တွင် နေထိုင်နေကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ နေအိမ်အချို့ကို ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ မိမိတို့ နေအိမ်များကို စွန့်ခွာကာ ရေလွှမ်းမိုးမှုလွတ်ရာ နေရာများသို့ရွှေ့ပြောင်းနေထိုင်နေကြရကြောင်းသိရှိရသည်။
















0 comments:
Post a Comment