မြန်မာနဲ့နီးစပ်တဲ့ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်၊ ဖုတ်ဖရ၊ ထာ့ဆောင်ယန်း၊
မယ့်လမတ်နဲ့ အုန်းဖျံ စတဲ့ မြို့နယ် ၅ ခုမှာ ထိုင်းအာဏာပိုင်တွေ
နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်နေတယ်လို့ မန်နေဂျာအွန်လင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ နယ်စပ်ဒေသကနေ မူးယစ်ဆေးဝါးတွေ
ဝင်လာသလို၊ ဆိုင်ကယ်နဲ့
ကား မှောင်ခိုတင်သွင်းခြင်း၊ ဆန်နဲ့ အခြားကုန်ပစ္စည်းတွေကို အခွန်အခမသွင်းဘဲ ဥပဒေမဲ့ တင်သွင်းခြင်း၊ လူကုန်ကူးမှုနဲ့ အခြားဒုစရိုက်လုပ်ငန်းတွေ
ဖမ်းဆီး အရေးယူဖို့ အတွက် အခုလို အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လမ်းမကြီးနဲ့
လမ်းသွယ်တွေမှာ တင်းကျပ်စွာ
စစ်ဆေးရတာလို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ၄ တာဝန်ရှိ ဗိုလ်မှူးကြီး ဥက္ကရာဇ် နုတ်ခမ်းဟိုင်က
ထိုင်းသတင်းဌာနကို ပြောပါတယ်။ ဒီနေ့
စတင်တဲ့ ဒီနယ်လှည့်စစ်ဆေးရေး၊
နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၄ က တပ်ဖွဲ့ဝင်တွေအပါအ၀င် သစ်တောဆိုင်ရာ
ရဲ၊ နယ်မြေခံရဲ၊ ကျေးရွာပြည်သူ့စစ်နဲ့မြို့န ယ် အုပ် ချုပ်ရေး ပိုင်းက
တာဝန်ရှိသူတွေပါ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
REF : DVB









0 comments:
Post a Comment