Friday, October 19, 2012

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော် ထိုင်းနိုင်ငံမှ ပြန်ပို့ခံရမည့် အစီအစဉ်နှင့်ရင်ဆိုင်နေရ


ယခုနှစ်ကုန်ဒီဇင်ဘာလနောက်ဆုံးထားပြီး ထိုင်းနိုင်ငံရှိတရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းခန့်အနက် ၂ သိန်းခန့်ရှိသော တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား နေရပ်ဒေသသို့ပြန်ပို့ခံရမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ မဟီဒေါ တက္ကသိုလ်မှ ရွှေ့ပြောင်းအရေးကျွမ်းကျင်သူ Andy Hall ကတော့ အဆိုပါ မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေ ၂ သိန်းခန့်ဟာ အမျိုးသားအတည်ပြုစီစစ်ရေးလုပ်ငန်းစဉ်များ မလုပ်ရသေးပဲကျန်ရှိနေသေးတယ်လို့ပြောပါတယ်။ထိုင်းနိုင်ငံအတွင်းသို့ရွှေ့ပြောင်းလာတဲ့မြန်မာအများစုကထိုင်းအစိုးရကိုတရားဝင်အသိအမှတ်အတည်ပြုပေးတာမျိုးမရှိကြဘူး။  ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအာဏာပိုင်တွေကို ထိုင်းအစိုးရက သူတို့ရဲ့သတင်းအချက်အလက်နဲ့ လိပ်စာအပြည့်အစုံကို ပြန်လည်လွှဲပြောင်းပေးမှာကြောက်ရွှံ့နေကြတယ်။ ပြီးတော့ မြန်မာပြည်မှာကျန်ခဲ့တဲ့ မိသားစုဆွေမျိုးတွေကိုလည်း အာဏာပိုင်တွေဘက်က ဒုက္ခပေးမှာစိုးရိမ်ကြလို့ပဲ။
ဒီစိစစ်ရေးလုပ်ငန်းစဉ်တွေဟာ ယခုနှစ်ဒီဇင်ဘာလ ၁၄ ရက်နေ့နောက်ဆုံးဖြစ်ပါတယ်။ မူလက ၂၀၁၁ ခုနှစ်ကတည်းကပါ ဒါပေမဲ့ အများစုက အချိန်မှီလာရောက်မလုပ်ဆောင်ကြတော့ ၂၀၁၂ ဇွန်လ ၁၄ ရက်နေ့အထိရွှေ့ခဲ့ရတယ်။ ပြီးတော့လည်း လာမယ့် ဒီဇင်ဘာ ၁၄ ရက်အထိထပ်မ ရွှေ့ဆိုင်းရပြန်တယ်လို့ သူကပြေပါတယ်။
ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်အားလုံး ထိုင်းအလုပ်သမားဝန်ကြီးဌာနကချမှတ်ခဲ့တဲ့ ဒီစိစစ်ရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်ရမှာပါ။ ပြီးတော့ လုပ်ငန်းစဉ်တွေထဲက ဖောင်တွေဖြည့်တာမှာမအောင်ခဲ့ရင်လည်း သူတို့နိုင်ငံကိုပြန်ရမှာပါလို့ ထိုင်းအလုပ်သမားဝန်ကြီး Padermchai Sasomsap က ဘန်ကောက်ပို့စ် သတင်းစာကိုပြောပါတယ်။
အိမ်နီးချင်းနိုင်ငံကနေထိုင်းနိုင်ငံကိုလာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေ ၁၇ သန်းအနက်၁၃ သန်းမျှသာဖောင်တွေဖြည့်ပြီးသေးပါတယ်။ ထိုင်းနိုင်ငံကိုလာရောက်အလုပ်လုပ်ကိုင်နေတဲ့ သူတွေအထဲမှာ အများအားဖြင့်မြန်မာအလုပ်သမားတွေဖြစ်ကြောင်း။ ပြီးတော့ ဒီနှစ်ဟာ နောက်ဆုံးသတိပေးတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် အပြီးဖောင်ဖြည့်ပေးရမည်ဖြစ်ပြီး ဖောင်မဖြည့်သောသူများအား ပြန်ပို့မည်ဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
ထိုအမျိုးသားစီစစ်ရေးလုပ်ငန်းစဉ်တွေလုပ်ဖို့အတွက် ထိုင်းနိုင်ငံအတွင်းတွင် ဘန်ကောက်၊ စမတ်စခွန်၊ စမတ် ပရခံ၊ စူရက်ဌာနီ၊ ချင်းမိုင်၊ ချင်းရိုင်၊ တက်ခ် နှင့် ရနောင် ဟူ၍ နေရာ (၈) ခွဲထားပါတယ်။ 

0 comments:

Post a Comment