Sunday, February 17, 2013

မီးဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ရောင်ခြည်ဦးအဖွဲ့မှ အကူအညီပေး

၁၇ ရက် ဖေဖော်ဝါရီ ၂၀၁၃။ ရောင်ခြည်ဦး

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ခွဲခန့်တွင် မဲဆောက်မြို့ ပြည်သူ့ဆေးရုံကြီးအနီး မယ်တောင် TK လေးစက်ရုံအနီးတွင်ရှိသည့် အလုပ်သမားနေအိမ်တန်းလျားတွင် မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပါသည်။

မီးလောင်ကျွမ်းခဲ့တဲ့ အလုပ်သမားတန်းလျားမှာ အိုဟောင်းနေသည့် အလုပ်သမားတန်းလျား ဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ပွားမှတဆင့် လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ စတင်လောင်ကျွမ်းမှုဖြစ်သော အခန်းတွင် နေထိုင်သည့် အလုပ်သမားများ အလုပ်ဆင်းနေချိန်တွင် လောင်ကျွမ်းခဲ့ခြင်းပြီး လောင်ကျွမ်းခဲ့သော အလုပ်သမားတန်လျား ၁၇ ခန်းရှိကြောင်း သိရှိရသည်။ ထို့အပြင် မီးလောင်ကျွမ်းခဲ့သည့် ပတ်ဝန်းကျင်ရှိအိမ်ခန်းအချို့လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်

ထိုမီးလောင်ကျွမ်းမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစု ၂၀၀ ကျော်နီးပါး နေထိုင်မှုနှင့် အစားအသောက် အခက်အခဲများ ကြုံတွေ့နေရသည်။
ထိုမီးဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမား၂၀၀ ကျော်အနက် မီးဘေးသင့် အလုပ်သမား ၉၇ ဦးကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ လိုအပ်သည့်အကူအညီများပေးထားပြီး ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ခိုလှုံရာနေအိမ်တွင် ယာယီနေထိုင်ခွင့် ပေးထားကြောင်း သိရှိရသည်။

February 17, 2013

0 comments:

Post a Comment