Thursday, March 07, 2013

ဟောင်ကောင်က အထည်ချုပ်အပါအဝင် လုပ်ငန်းရှင်တွေလာဆွေးနွေး

မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်က လုပ်ငန်းရှင် တရာကျော်တွေ့ခဲ့ကြပါတယ်။
ဟောင်ကောင်ဘက်က လျှပ်စစ် အစိတ်အပိုင်း၊ လက်ဝတ်လက်စား၊ နာရီ၊ အထည်ချုပ်၊ ဘဏ္ဍရေးဝန်ဆောင်မှုနဲ့ အိမ်ဆောက်တဲ့ လုပ်ငန်းက လုပ်ငန်းရှင်တွေပါဝင်တယ်လို့ သိရပါတယ်။
အထူးစိတ်ဝင်စားတာကတော့ သွင်းကုန်ပါမစ်မလိုတော့တဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ မေးမြန်းကြတာများတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်းကတွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်မြင့်ကပြောပါတယ်။
သွင်းကုန် လိုင်စင်လျှောက်စရာမလိုတော့တဲ့အတွက် သူတို့စိတ်ဝင်စားကြတာဖြစ်တယ်လို့သူကရှင်းပြခဲ့ပါတယ်။ဟောင်ကောင်က အရှေ့တိုင်းသားတွေဖြစ်တဲ့အတွက် ဟောင်ကောင်လုပ်ငန်းရှင်တွေနဲ့ စကားပြောရတာ ရင်းနှီးနွေးထွေးမှုရှိတယ်လို့လည်းဆိုပါတယ်။ သူတို့ဖက်က ပလတ်စတစ် အသင်း၊ စက်ချုပ်အသင်း နဲ့ အခြားလုပ်ငန်းရှင်အများအပြားလည်းပါဝင်တယ်လို့သိရပါတယ်။ လုပ်ငန်းမျိုးစုံ လုပ်ငန်းရှင်တွေနဲ့ တွေ့ရတဲ့အတွက် ဆွေးနွေးမှုက ထိရောက်တယ်လို့ ဦးခင်အောင်မြင့်ကဆိုပါတယ်။

credit to BBC

0 comments:

Post a Comment